လာမယ့်အပြောင်းအရွှေ့မှာ မန်ယူရောင်းထုတ်မယ့် ကစားသမားစာရင်း

photo-gettyimages

photo-gettyimages

သူ့အသင်းကို အလုံးစုံပြောင်းလဲမယ့် တစ်စိတ်တစ်ပိုင်းအဖြစ် မန်ယူနည်းပြဆိုးလ်ရှားဟာ လာမယ့်အပြောင်းအရွှေ့မှာ ကစားသမား ၅ ယောက်ကို ရောင်းချဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ ဆိုးလ်ရှားဟာ အပြောင်းအရွှေ့ရာသီပြန်ဖွင့်တာနဲ့ ဖီးလ်ဂျုံးစ်၊လင်ဂတ်၊ပါရဲရား၊စမောလင်းနဲ့ဆန်းချက်ဇ်တို့ကို ၅ ယောက်ကို ရောင်းချဖို့လုပ်နေတာလို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့တာပါ။

photo-REX

အဲဒီထဲမှာ ဖီးလ်ဂျုံးစ်ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ကစားရသေးသူပါ။ သူဟာ လက်ရှိမန်ယူရဲ့သက်တမ်းအရှည်ဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပေမယ့် ခြေစွမ်းနဲ့ကြံ့ခိုင်မှုအရပါ မကြာခဏရုန်းကန်နေရပါတယ်။ ဒီလိုပဲ လင်ဂတ်ကလည်း ပါဝင်ခွင့်ရတဲ့ပွဲတိုင်းမှာ ခြေစွမ်းအရ ဝေဖန်ခံခဲ့ရပြီး ဒီ့အတွက်လည်း အခုရာသီပြိုင်ပွဲအရပ်ရပ် ၂ ဂိုးသာသွင်းနိုင်ခဲ့သူပါ။

photo-gettyimages

ပါရဲရားကတော့ ဒီရာသီမန်ယူအတွက် ၃၇ ပွဲကစားပေးထားပါတယ်။ ဒါပေမဲ့ လင်ဂတ်လိုပဲ သူ့ခြေစွမ်းဟာ မကြာခဏဆိုသလို ပရိသတ်တွေအတွက် ကျေနပ်အားရဖွယ်မဖြစ်ခဲ့ပါဘူး။ စမောလင်းကတော့ အငှားသွားကစားတဲ့ရိုးမားမှာ ခြေစွမ်းပြနေတာပါ။ ဒါကြောင့် အဲဒီဗဟိုနောက်ခံလူဟာ ရိုးမားကို အပြီးသတ်ပြောင်းသွားနိုင်ပါတယ်။ ဆန်းချက်ဇ်ကတော့ အင်တာနဲ့အငှားသက်တမ်းကုန်တာနဲ့ မန်ယူကို ပြန်လာဖို့ ရှိပါတယ်။ လူပိုလိုဖြစ်နေတဲ့ဆန်းချက်ဇ်ကို မန်ယူက ရောင်းချလိုနေပေမယ့် တစ်ပတ်ပေါင် ၄ သိန်းဆိုတဲ့ သူ့ရဲ့လုပ်ခလစာက ခေါ်ယူမယ့်အသင်းတိုင်းအတွက် အတားအဆီးဖြစ်လာမှာပါ။

[Zawgyi]

လာမယ့္အေျပာင္းအေရႊ႕မွာ မန္ယူေရာင္းထုတ္မယ့္ ကစားသမားစာရင္း

သူ႔အသင္းကို အလုံးစုံေျပာင္းလဲမယ့္ တစ္စိတ္တစ္ပိုင္းအျဖစ္ မန္ယူနည္းျပဆိုးလ္ရွားဟာ လာမယ့္အေျပာင္းအေရႊ႕မွာ ကစားသမား ၅ ေယာက္ကို ေရာင္းခ်ဖို႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။ ဆုိးလ္ရွားဟာ အေျပာင္းအေရႊ႕ရာသီျပန္ဖြင့္တာနဲ႔ ဖီးလ္ဂ်ဳံးစ္၊လင္ဂတ္၊ပါရဲရား၊စေမာလင္းနဲ႔ဆန္းခ်က္ဇ္တုိ႔ကို ၅ ေယာက္ကို ေရာင္းခ်ဖို႔လုပ္ေနတာလုိ႔ မန္ခ်က္စတာညေနခင္းသတင္းစာက ေဖာ္ျပခဲ့တာပါ။

အဲဒီထဲမွာ ဖီးလ္ဂ်ဳံးစ္ဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ၂ ပြဲသာ ကစားရေသးသူပါ။ သူဟာ လက္ရွိမန္ယူရဲ႕သက္တမ္းအရွည္ဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ေပမယ့္ ေျခစြမ္းနဲ႔ႀကံ႕ခိုင္မႈအရပါ မၾကာခဏရုန္းကန္ေနရပါတယ္။ ဒီလုိပဲ လင္ဂတ္ကလည္း ပါ၀င္ခြင့္ရတဲ့ပြဲတိုင္းမွာ ေျခစြမ္းအရ ေ၀ဖန္ခံခဲ့ရၿပီး ဒီ့အတြက္လည္း အခုရာသီၿပိဳင္ပြဲအရပ္ရပ္ ၂ ဂိုးသာသြင္းႏိုင္ခဲ့သူပါ။

ပါရဲရားကေတာ့ ဒီရာသီမန္ယူအတြက္ ၃၇ ပြဲကစားေပးထားပါတယ္။ ဒါေပမဲ့ လင္ဂတ္လုိပဲ သူ႔ေျခစြမ္းဟာ မၾကာခဏဆုိသလို ပရိသတ္ေတြအတြက္ ေက်နပ္အားရဖြယ္မျဖစ္ခဲ့ပါဘူး။ စေမာလင္းကေတာ့ အငွားသြားကစားတဲ့ရိုးမားမွာ ေျခစြမ္းျပေနတာပါ။ ဒါေၾကာင့္ အဲဒီဗဟိုေနာက္ခံလူဟာ ရုိးမားကို အၿပီးသတ္ေျပာင္းသြားႏိုင္ပါတယ္။ ဆန္းခ်က္ဇ္ကေတာ့ အင္တာနဲ႔အငွားသက္တမ္းကုန္တာနဲ႔ မန္ယူကို ျပန္လာဖုိ႔ ရွိပါတယ္။ လူပိုလုိျဖစ္ေနတဲ့ဆန္းခ်က္ဇ္ကို မန္ယူက ေရာင္းခ်လိုေနေပမယ့္ တစ္ပတ္ေပါင္ ၄ သိန္းဆုိတဲ့ သူ႔ရဲ႕လုပ္ခလစာက ေခၚယူမယ့္အသင္းတိုင္းအတြက္ အတားအဆီးျဖစ္လာမွာပါ။