လာမယ့်အပတ်ကစားမယ့် ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပွဲတွေလည်း ရွှေ့ဆိုင်းသွားပြီ

photo-EPA

photo-reuters

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခြေအနေတွေ ဖရိုဖရဲဖြစ်နေဆဲမို့ လာမယ့်အပတ်ကစားမယ့် ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပွဲတွေအားလုံးကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင့် ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပါတယ်။ လာမယ့်အင်္ဂါနေ့ကစားမယ့် မန်စီးတီး-ရီးရဲလ်၊ ဂျူဗင်တပ်-လိုင်ယွန်ပွဲတွေဟာ အစကတည်းက ရွှေ့ဆိုင်းထားတဲ့ပွဲစဉ်တွေ ဖြစ်ပါတယ်။ အခုတော့ လာမယ့်ဗုဒ္ဓဟူးနေ့ကစားမယ့် ဘာစီလိုနာ-နာပိုလီ၊ ဘိုင်ယန်မြူးနစ်-ချဲလ်ဆီးပွဲတွေဟာလည်း ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။

photo-gettyimages

ဒီလိုပဲ လာမယ့်အပတ်ကြာသပတေးနေ့ကစားမယ့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေဟာလည်း အစီအစဉ်အတိုင်း ကစားနိုင်ဖို့ မရှိတော့ပါဘူး။ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့အခြေအနေဟာ ပိုဆိုးလာတဲ့အတွက် အခုလိုဆုံးဖြတ်ရတာဖြစ်ကြောင်း ယူအီးအက်ဖ်အေက ကြေညာခဲ့ပါတယ်။

photo-gettyimages

ဒါကြောင့် မတ်လ ၂၀ ရက်နေ့ကျင်းပမယ့် ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်ကွာတားဖိုင်နယ်မဲခွဲပွဲတွေဟာလည်း နောက်ဆုတ်သွားခဲ့ပါပြီ။ ယူအီးအက်ဖ်အေဟာ လူငယ်အဆင့်ပွဲစဉ်တွေအထိကိုပါ ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြိုင်ပွဲဝင်အသင်းအချို့က ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာပါ။ ၁၆ သင်းအဆင့်ကစားနေတဲ့ ဂျူဗင်တပ်အသင်းမှာဆိုရင် တိုက်စစ်မှုးဒိုင်ဘာလာနဲ့ နောက်ခံလူရူဂါနီတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။

[Zawgyi]

လာမယ့္အပတ္ကစားမယ့္ ခ်န္ပီယံလိဂ္နဲ႔ယူရိုပါလိဂ္ပြဲေတြလည္း ေရႊ႕ဆိုင္းသြားၿပီ

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အေျခအေနေတြ ဖရိုဖရဲျဖစ္ေနဆဲမို႔ လာမယ့္အပတ္ကစားမယ့္ ခ်န္ပီယံလိဂ္နဲ႔ယူရုိပါလိဂ္ပြဲေတြအားလုံးကို ေရႊ႕ဆိုင္းလုိက္ၿပီျဖစ္ေၾကာင့္ ယူအီးအက္ဖ္ေအက အတည္ျပဳလုိက္ပါတယ္။ လာမယ့္အဂၤါေန႔ကစားမယ့္ မန္စီးတီး-ရီးရဲလ္၊ ဂ်ဴဗင္တပ္-လိုင္ယြန္ပြဲေတြဟာ အစကတည္းက ေရႊ႕ဆုိင္းထားတဲ့ပြဲစဥ္ေတြ ျဖစ္ပါတယ္။ အခုေတာ့ လာမယ့္ဗုဒၶဟူးေန႔ကစားမယ့္ ဘာစီလိုနာ-နာပိုလီ၊ ဘိုင္ယန္ျမဴးနစ္-ခ်ဲလ္ဆီးပြဲေတြဟာလည္း ဖ်က္သိမ္းလုိက္ရၿပီ ျဖစ္ပါတယ္။

ဒီလိုပဲ လာမယ့္အပတ္္ၾကာသပေတးေန႔ကစားမယ့္ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္ေတြဟာလည္း အစီအစဥ္အတိုင္း ကစားႏိုင္ဖို႔ မရွိေတာ့ပါဘူး။ ဥေရာပမွာ ကိုရိုနာဗုိင္းရပ္စ္ရဲ႕အေျခအေနဟာ ပိုဆိုးလာတဲ့အတြက္ အခုလိုဆုံးျဖတ္ရတာျဖစ္ေၾကာင္း ယူအီးအက္ဖ္ေအက ေၾကညာခဲ့ပါတယ္။

ဒါေၾကာင့္ မတ္လ ၂၀ ရက္ေန႔က်င္းပမယ့္ ခ်န္ပီယံလိဂ္နဲ႔ယူရိုပါလိဂ္ကြာတားဖိုင္နယ္မဲခြဲပြဲေတြဟာလည္း ေနာက္ဆုတ္သြားခဲ့ပါၿပီ။ ယူအီးအက္ဖ္ေအဟာ လူငယ္အဆင့္ပြဲစဥ္ေတြအထိကိုပါ ဖ်က္သိမ္းခဲ့တာ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ၿပိဳင္ပြဲ၀င္အသင္းအခ်ိဳ႕က ကစားသမားေတြဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတာပါ။ ၁၆ သင္းအဆင့္ကစားေနတ့ဲ ဂ်ဴဗင္တပ္အသင္းမွာဆိုရင္ တိုက္စစ္မႈးဒိုင္ဘာလာနဲ႔ ေနာက္ခံလူရူဂါနီတို႔ဟာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရပါတယ္။