လာမယ့်လမှာ အသင်းအတွက် ရပ်ရှ်ဖို့ဒ် ပြန်ကစားနိုင်ဖို့ရှိတယ်လို့ ဆိုးလ်ရှားအတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက အသင်းရဲ့အဓိက,တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ရပ်ရှ်ဖို့ဒ်ဟာ လာမယ့်အောက်တိုဘာလကျရင် အသင်းအတွက်ပြန်ကစားနိုင်ဖို့ရှိတယ်လို့ အတည်ပြုလိုက်ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအပြီးမှာ ပခုံးဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့လို့ ကာလရှည်အနားယူနေရပြီး ယူနိုက်တက်အသင်းရဲ့ရာသီအစပွဲတွေမှာ အသင်းအတွက်မပါဝင်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ အခုအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာအနေအထားက တိုးတက်မှုရှိလာပြီဖြစ်သလို အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်တာကြောင့် လာမယ့်အောက်တိုဘာလကုန်ပိုင်းကျရင် ဘောလုံးပြန်ကစားနိုင်ဖို့ ဆိုးလ်ရှားက မျှော်လင့်နေတာပါ။

လာမယ့်အောက်တိုဘာလလယ်မှာ နိုင်ငံတကာပွဲတွေပြန်စမှာဖြစ်ပြီး အဲဒီရက်သတ္တပတ်အပြီးဆိုရင် ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် ပြန်ကစားနိုင်ဖို့ရှိနေပါပြီ။

ဆိုးလ်ရှားက “ရပ်ရှ်ဖို့ဒ်ရဲ့ဒဏ်ရာအခြေအနေက တဖြည်းဖြည်းတိုးတက်ကောင်းမွန်နေပါပြီ။

ဒါပေမဲ့ လာမယ့်လအတွင်းကစားဖို့ရှိနေတဲ့ နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်တော့ ရပ်ရှ်ဖို့ဒ် ဘောလုံးပြန်ကစားနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး”ဆိုပြီး ပြောကြားခဲ့ပါတယ်။

အသက်(၁၈)နှစ်အရွယ်၊ ၂၀၁၅ ခုနှစ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရပြီးကတည်းက ခြေစွမ်းပြကစားနေတဲ့ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံး ပခုံးဒဏ်ရာရှိလျက်နဲ့ အသင်းအတွက်ပါဝင်ကစားခဲ့တာဖြစ်ပြီး

အင်္ဂလန်အသင်းနဲ့လည်း ယူရို-၂၀၂၀ ပြိုင်ပွဲဆင်နွှဲလိုတဲ့အတွက် ဒဏ်ရာခွဲစိတ်ကုသမှုခံယူဖို့အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်အနေနဲ့ ဒဏ်ရာခွဲစိတ်ကုသမှုခံယူပြီးရင် (၃)လလောက်အထိအနားယူရမယ်လို့ခန့်မှန်းခဲ့ကြပေမယ့် လျင်လျင်မြန်မြန်ပဲ သက်သာလာတာဖြစ်ပြီး အခုလောလောဆယ် ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိအောင်ကြိုးစားနေတာပါ။

ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် (၂၇၁)ပွဲကစား၊ (၈၈)ဂိုးသွင်းယူခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ အသင်းနဲ့အတူ FA ဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေရယူနိုင်ခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လာမယ့္လမွာ အသင္းအတြက္ ရပ္ရွ္ဖို႔ဒ္ ျပန္ကစားႏိုင္ဖို႔ရွိတယ္လို႔ ဆိုးလ္ရွားအတည္ျပဳ

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက အသင္းရဲ႕အဓိက,တိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ရပ္ရွ္ဖို႔ဒ္ဟာ လာမယ့္ေအာက္တိုဘာလက်ရင္ အသင္းအတြက္ျပန္ကစားႏိုင္ဖို႔ရွိတယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အသက္(၂၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရပ္ရွ္ဖို႔ဒ္ဟာ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲအၿပီးမွာ ပခုံးဒဏ္ရာခြဲစိတ္ကုသမႈခံယူခဲ့လို႔ ကာလရွည္အနားယူေနရၿပီး ယူႏိုက္တက္အသင္းရဲ႕ရာသီအစပြဲေတြမွာ အသင္းအတြက္မပါဝင္ႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာအေနအထားက တိုးတက္မႈရွိလာၿပီျဖစ္သလို အသင္းနဲ႔အတူေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္တာေၾကာင့္ လာမယ့္ေအာက္တိုဘာလကုန္ပိုင္းက်ရင္ ေဘာလုံးျပန္ကစားႏိုင္ဖို႔ ဆိုးလ္ရွားက ေမွ်ာ္လင့္ေနတာပါ။ လာမယ့္ေအာက္တိုဘာလလယ္မွာ ႏိုင္ငံတကာပြဲေတြျပန္စမွာျဖစ္ၿပီး အဲဒီရက္သတၱပတ္အၿပီးဆိုရင္ ရပ္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္အသင္းအတြက္ ျပန္ကစားႏိုင္ဖို႔ရွိေနပါၿပီ။

ဆိုးလ္ရွားက “ရပ္ရွ္ဖို႔ဒ္ရဲ႕ဒဏ္ရာအေျခအေနက တျဖည္းျဖည္းတိုးတက္ေကာင္းမြန္ေနပါၿပီ။ ဒါေပမဲ့ လာမယ့္လအတြင္းကစားဖို႔ရွိေနတဲ့ ႏိုင္ငံတကာပြဲစဥ္ေတြမတိုင္ခင္ေတာ့ ရပ္ရွ္ဖို႔ဒ္ ေဘာလုံးျပန္ကစားႏိုင္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္၊ ၂၀၁၅ ခုႏွစ္မွာ ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္ကစားခြင့္ရၿပီးကတည္းက ေျခစြမ္းျပကစားေနတဲ့ရပ္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရာသီတစ္ေလွ်ာက္လုံး ပခုံးဒဏ္ရာရွိလ်က္နဲ႔ အသင္းအတြက္ပါဝင္ကစားခဲ့တာျဖစ္ၿပီး အဂၤလန္အသင္းနဲ႔လည္း ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဆင္ႏႊဲလိုတဲ့အတြက္ ဒဏ္ရာခြဲစိတ္ကုသမႈခံယူဖို႔အစီအစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ဒဏ္ရာခြဲစိတ္ကုသမႈခံယူၿပီးရင္ (၃)လေလာက္အထိအနားယူရမယ္လို႔ခန႔္မွန္းခဲ့ၾကေပမယ့္ လ်င္လ်င္ျမန္ျမန္ပဲ သက္သာလာတာျဖစ္ၿပီး အခုေလာေလာဆယ္ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိေအာင္ႀကိဳးစားေနတာပါ။ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ (၂၇၁)ပြဲကစား၊ (၈၈)ဂိုးသြင္းယူခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ အသင္းနဲ႔အတူ FA ဖလား၊ လိဂ္ဖလား၊ ယူ႐ိုပါလိဂ္ဖလားေတြရယူႏိုင္ခဲ့သူျဖစ္ပါတယ္။