လာမယ့်ရာသီ မက်ဂွါရီအတွက် ခံစစ်အတွဲအဖက်အဖြစ် ကစားသမား၃ဦးကို ပစ်မှတ်စာရင်းထဲထည့်ထားတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ နောက်ခံလူ မက်ဂွါရီနဲ့ အတူ တွဲကစာသမားမယ့် ခံစစ်မှူးတစ်ဦးကို ရှာဖွေနေပြီး အကီ၊ တိုင်ရွန်မင်းစ်နဲ့ ရိုမက်နိုလီတို့က အဓိက ပစ်မှတ်တွေဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီက မက်ဂွါရီကို ပေါင် သန်း၈၀နဲ့ ခေါ်ယူခဲ့ကာ ယခုအချိန်မှာတော့ အသင်းခေါင်းဆောင် ရာထူးကိုပါ ပေးအပ်ထားပါတယ်။


ESPNရဲ့အဆိုအရ ယခုနှစ်အစောပိုင်းက စတင်ကာ တိုးတက်မှုများစွာ ရှိလာခဲ့ပြီး အဆိုပါ ကစားသမား ၃ဦးထဲက ၁ဦးက အသင်းကို နောက်တစ်ဆင့် ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အကီနဲ့ မင်းစ်တို့ရဲ့ အသင်းတွေဟာ တန်းဆင်းဇုန်ထဲမှာ ရှိနေတာကြောင့် တကယ် တန်းဆင်းသွားခဲ့ရင် ထက်ဝက်ဈေးနဲ့ ရနိုင်ဖွယ် ရှိနေခဲ့ပါတယ်။
ရိုမက်နိုလီကတော့ အေစီမီလန်နဲ့အတူ စီးရီးအေမှာ ခြေစွမ်းပြနေခဲ့ပြီး ယခုနှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ထပ်မံလွဲချော်ဖွယ် ရှိနေပါတယ်။ အထက်ပါ ကစားသမား၃ယောက်ထဲမှာ ရိုမက်နိုလီက ဈေးအကြီးဆုံး ဖြစ်နိုင်ပြီး နည်းပြသစ် ဖြစ်လာမယ့် ရန်နစ်ကလည်း အသင်းမှာ ဆက်ထိန်းဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။


မက်ဂွါရီနဲ့ လက်ရှိ တွဲကစားနေတာကတော့ လင်ဒီလော့ဖ် ဖြစ်ပေမဲ့ သူ့နေရာကို အစားထိုးရမယ်လို့ ဆိုးလ်ရှားက သတ်မှတ်ထားပါတယ်။ အကီရဲ့ ဘုန်းမောက်အသင်းဟာ စနေညက ယူနိုက်တက်ကို ၅-၂နဲ့ ရှုံးခဲ့ပေမဲ့ ပွဲအပြီးမှာ နယ်သာလန်သားနဲ့ စကားပြောနေတာ မြင်တွေ့ခဲ့ရပါတယ်။


ယခုနှစ်အစောပိုင်းက အင်္ဂလန်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ မင်းစ်ကလည်း မနက်ဖြန်ည ယူနိုက်တက်နဲ့ ပွဲမှာ ခြေစွမ်းပြဖို့ အခွင့်အရေး ရမှာ ဖြစ်ပါတယ်။

 

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။