လာမယ့်ရာသီမှာ လက်ထိဘောစည်းမျဉ်းတွေကို ပြောင်းလဲသွားဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးကဏ္ဍမှာ စည်းမျဉ်းစည်းကမ်းတွေကို ပြဠာန်းသတ်မှတ်တဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (IFAB)ဟာ လာမယ့်ရာသီကစတင်ပြီး လက်ထိဘောစည်းမျဉ်းတွေကို ပြင်ဆင်ပြောင်းလဲသွားဖို့ စီစဉ်နေပါပြီ။

လက်ရှိစည်းမျဉ်းအရ ကစားသမားတစ်ဦးရဲ့ လက်နဲ့ မတော်တဆထိမိခဲ့တာကနေ အသင်းဖော်က ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် လက်ထိဘောအဖြစ် သတ်မှတ်ပေးတာဖြစ်ပြီး အဲဒီစည်းမျဉ်းကြောင့် ပြီးခဲ့တဲ့ကြားရက်တုန်းက စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဖူလ်ဟမ်အသင်းဟာ ဂိုးရမယ့်အခွင့်အရေးနစ်နာဆုံးရှုံးခဲ့ရပါတယ်။

စပါးအသင်းကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်းနောက်ခံလူ ဒါဗင်ဆန်ဆန်းချက်ဇ် ပယ်နယ်တီဧရိယာအတွင်း ရှင်းထုတ်လိုက်တဲ့ဘောလုံးက ဖူလ်ဟမ်ကစားသမား လယ်မီနာရဲ့ လက်ကို မတော်တဆထိမိပြီးမှ လမ်းကြောင်းပြောင်းတာကနေ ဖူလ်ဟမ်တိုက်စစ်မှူးမက်ဂျာက ဂိုးသွင်းခဲ့ပေမယ့် VAR ရဲ့ဆုံးဖြတ်ချက်အရ ကွင်းလယ်ဒိုင်က လက်ထိဘောအဖြစ်သတ်မှတ်ခဲ့ပြီး ဂိုးမပေးခဲ့ပါဘူး။

အဲဒီလိုအငြင်းပွားစရာ လက်ထိဘောတွေက ဘောလုံးပွဲတွေမှာ မကြာခဏဖြစ်ပေါ်နေတာကြောင့် IFAB က ကစားသမားတစ်ဦးရဲ့လက်ကို ဘောလုံးမတော်တဆထိမိတာကနေ လမ်းကြောင်းပြောင်းပြီး အသင်းဖော်က ဂိုးသွင်းခဲ့ရင် အဲဒါကို ဂိုးအဖြစ်ခွင့်ပြုဖို့ သတ်မှတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ဦးဟာ မတော်တဆပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ပဲဖြစ်ဖြစ် လက်ထိဘောဖြစ်ပြီး ဂိုးသွင်းယူခဲ့မယ်ဆိုရင်တော့ အဲဒီဂိုးကို ဂိုးအဖြစ်သတ်မှတ်ပေးမှာမဟုတ်ပါဘူး။

IFAB က “မတော်တဆဖြစ်တဲ့ လက်ထိဘောကနေ အသင်းဖော်က ဂိုးသွင်းတာမျိုး ဒါမှမဟုတ် ဂိုးသွင်းခွင့်ရရှိတာမျိုးဖြစ်ရပ်တွေကို လက်ထိဘောအဖြစ် သတ်မှတ်မှာ မဟုတ်ပါဘူး။ ကစားသမားတစ်ဦးရဲ့ လက် ဒါမှမဟုတ် လက်မောင်းကို ဘောလုံးနဲ့ထိမိတိုင်း ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ ကစားသမားတစ်ဦးဟာ လက် ဒါမှမဟုတ် လက်မောင်းကို လိုတာထက်ပိုချဲ့ကားလို့ လက်ထိခဲ့ရင်တော့ ဒိုင်လူကြီးအနေနဲ့ အဲဒီအဖြစ်အပျက်ကို အသေအချာကြည့်ပြီး လိုသလိုဆုံးဖြတ်ခွင့်ရှိပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒ့ါအပြင် IFAB ဟာ လူကျွံဘောနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကိုလည်း ပြင်ဆင်ပြောင်းလဲသွားမှာဖြစ်သလို လူကျွံဘောဖြစ်၊ မဖြစ်ကို ဆုံးဖြတ်ဖို့အတွက် “စက်ရုပ်စည်းကြပ်ဒိုင်”တွေကို ထားရှိဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ တကယ်လို့ IFAB အနေနဲ့ စည်းမျဉ်းသစ်တွေ ပြင်ဆင်ဖို့ ဆုံးဖြတ်ပြီးရင်တော့ လာမယ့်ဇူလိုင်လ(၁)ရက်မှာ အတည်ပြုထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာမယ့္ရာသီမွာ လက္ထိေဘာစည္းမ်ဥ္းေတြကို ေျပာင္းလဲသြားဖို႔ရွိေန

ေဘာလုံးက႑မွာ စည္းမ်ဥ္းစည္းကမ္းေတြကို ျပဠာန္းသတ္မွတ္တဲ့ ႏိုင္ငံတကာေဘာလုံးအဖြဲ႕ခ်ဳပ္ (IFAB)ဟာ လာမယ့္ရာသီကစတင္ၿပီး လက္ထိေဘာစည္းမ်ဥ္းေတြကို ျပင္ဆင္ေျပာင္းလဲသြားဖို႔ စီစဥ္ေနပါၿပီ။ လက္ရွိစည္းမ်ဥ္းအရ ကစားသမားတစ္ဦးရဲ႕ လက္နဲ႔ မေတာ္တဆထိမိခဲ့တာကေန အသင္းေဖာ္က ဂိုးသြင္းႏိုင္ခဲ့မယ္ဆိုရင္ လက္ထိေဘာအျဖစ္ သတ္မွတ္ေပးတာျဖစ္ၿပီး အဲဒီစည္းမ်ဥ္းေၾကာင့္ ၿပီးခဲ့တဲ့ၾကားရက္တုန္းက စပါးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ဖူလ္ဟမ္အသင္းဟာ ဂိုးရမယ့္အခြင့္အေရးနစ္နာဆုံးရႈံးခဲ့ရပါတယ္။ စပါးအသင္းကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ စပါးအသင္းေနာက္ခံလူ ဒါဗင္ဆန္ဆန္းခ်က္ဇ္ ပယ္နယ္တီဧရိယာအတြင္း ရွင္းထုတ္လိုက္တဲ့ေဘာလုံးက ဖူလ္ဟမ္ကစားသမား လယ္မီနာရဲ႕ လက္ကို မေတာ္တဆထိမိၿပီးမွ လမ္းေၾကာင္းေျပာင္းတာကေန ဖူလ္ဟမ္တိုက္စစ္မႉးမက္ဂ်ာက ဂိုးသြင္းခဲ့ေပမယ့္ VAR ရဲ႕ဆုံးျဖတ္ခ်က္အရ ကြင္းလယ္ဒိုင္က လက္ထိေဘာအျဖစ္သတ္မွတ္ခဲ့ၿပီး ဂိုးမေပးခဲ့ပါဘူး။

အဲဒီလိုအျငင္းပြားစရာ လက္ထိေဘာေတြက ေဘာလုံးပြဲေတြမွာ မၾကာခဏျဖစ္ေပၚေနတာေၾကာင့္ IFAB က ကစားသမားတစ္ဦးရဲ႕လက္ကို ေဘာလုံးမေတာ္တဆထိမိတာကေန လမ္းေၾကာင္းေျပာင္းၿပီး အသင္းေဖာ္က ဂိုးသြင္းခဲ့ရင္ အဲဒါကို ဂိုးအျဖစ္ခြင့္ျပဳဖို႔ သတ္မွတ္သြားမွာျဖစ္ပါတယ္။ ဒါေပမဲ့ ကစားသမားတစ္ဦးဟာ မေတာ္တဆပဲျဖစ္ျဖစ္၊ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ပဲျဖစ္ျဖစ္ လက္ထိေဘာျဖစ္ၿပီး ဂိုးသြင္းယူခဲ့မယ္ဆိုရင္ေတာ့ အဲဒီဂိုးကို ဂိုးအျဖစ္သတ္မွတ္ေပးမွာမဟုတ္ပါဘူး။ IFAB က “မေတာ္တဆျဖစ္တဲ့ လက္ထိေဘာကေန အသင္းေဖာ္က ဂိုးသြင္းတာမ်ိဳး ဒါမွမဟုတ္ ဂိုးသြင္းခြင့္ရရွိတာမ်ိဳးျဖစ္ရပ္ေတြကို လက္ထိေဘာအျဖစ္ သတ္မွတ္မွာ မဟုတ္ပါဘူး။ ကစားသမားတစ္ဦးရဲ႕ လက္ ဒါမွမဟုတ္ လက္ေမာင္းကို ေဘာလုံးနဲ႔ထိမိတိုင္း ျပစ္ဒဏ္ေဘာအျဖစ္ သတ္မွတ္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ ကစားသမားတစ္ဦးဟာ လက္ ဒါမွမဟုတ္ လက္ေမာင္းကို လိုတာထက္ပိုခ်ဲ႕ကားလို႔ လက္ထိခဲ့ရင္ေတာ့ ဒိုင္လူႀကီးအေနနဲ႔ အဲဒီအျဖစ္အပ်က္ကို အေသအခ်ာၾကည့္ၿပီး လိုသလိုဆုံးျဖတ္ခြင့္ရွိပါတယ္”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဒ့ါအျပင္ IFAB ဟာ လူကြၽံေဘာနဲ႔ပတ္သက္တဲ့ စည္းမ်ဥ္းေတြကိုလည္း ျပင္ဆင္ေျပာင္းလဲသြားမွာျဖစ္သလို လူကြၽံေဘာျဖစ္၊ မျဖစ္ကို ဆုံးျဖတ္ဖို႔အတြက္ “စက္႐ုပ္စည္းၾကပ္ဒိုင္”ေတြကို ထားရွိဖို႔ စီစဥ္ေနၿပီျဖစ္ပါတယ္။ တကယ္လို႔ IFAB အေနနဲ႔ စည္းမ်ဥ္းသစ္ေတြ ျပင္ဆင္ဖို႔ ဆုံးျဖတ္ၿပီးရင္ေတာ့ လာမယ့္ဇူလိုင္လ(၁)ရက္မွာ အတည္ျပဳထုတ္ျပန္ေၾကညာသြားမွာျဖစ္ပါတယ္။