လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလား ရနိုင်တဲ့ ချယ်လ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်ကစားသမားဟောင်း ဂါးလက်စ်က လာမယ့်နှစ်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ရနိုင်မယ့်အသင်းကို ခန့်မှန်းလိုက်ပါတယ်။ အဲဒီအသင်းကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂါးလက်စ်အနေနဲ့ လန်ဒန်ကလပ်အသင်း ၂ သင်းထဲက တစ်သင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းပါ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ခြင်း မရှိဘဲ ဖြစ်ခဲ့ပါတယ်။

ဂါးလက်စ်က ချယ်လ်ဆီး အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်လိုတယ် ဆိုရင် ထိပ်တန်း အထောင် တိုက်စစ်မှူး တစ်ယောက် မဖြစ်မနေ ခေါ်ယူရမှာ ဖြစ်တယ်လို့ အကြံပေးထားပါတယ်။

ဂါးလက်စ်က “မနှစ်က ကျွန်တော် ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လန်ဒန် က ကလပ် တစ်သင်းသင်း ဆွတ်ခူးလိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

ဒီတော့ ကျွန်တော်လည်း နည်းနည်း စိတ်ပျက်ခဲ့မိပါတယ်။

ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ ချယ်လ်ဆီး ဟာ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် မှာ ချန်ပီယံ ဖြစ်ဖို့ အကောင်းဆုံး အခွင့်အရေးကို ပိုင်ဆိုင်ထားပါတယ်။

ချန်ပီယံလိဂ်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အသင်းအားလုံးက ကြောက်ရွံ့နေတော့မှာဖြစ်ပါတယ်”

“ချယ်လ်ဆီးသာ လာမယ့် နွေရာသီမှာ ထိပ်တန်း အဆင့် တိုက်စစ်မှူး တစ်ဦးဦးကို ခေါ်နိုင်မယ်ဆိုရင် ၊ လာမယ့် ရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးပါလိမ့်မယ်။

လန်ဒန် နာမည်ကြီး ၃သင်း အနက်မှာ ချယ်လ်ဆီး ဟာ လာမယ့် ရာသီ ပရီးမီးယားလိဂ် ဖလား အတွက် အကောင်းဆုံး အခွင့်အရေး ကို ပိုင်ဆိုင်ထားပါတယ်” ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ဖလား ရႏိုင္တဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးအသင္းနဲ႔ အာဆင္နယ္ကစားသမားေဟာင္း ဂါးလက္စ္က လာမယ့္ႏွစ္မွာ ပရီးမီးယားလိဂ္ အမွတ္ေပးဖလား ရႏိုင္မယ့္အသင္းကို ခန႔္မွန္းလိုက္ပါတယ္။ အဲဒီအသင္းက​ေတာ့ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ဗိုလ္စြဲခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ဂါးလက္စ္အေနနဲ႔ လန္ဒန္ကလပ္အသင္း ၂ သင္းထဲက တစ္သင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို ရရွိလိမ့္မယ္လို႔ ခန႔္မွန္းခဲ့ေပမယ့္လည္း အာဆင္နယ္အသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းပါ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္ျခင္း မရွိဘဲ ျဖစ္ခဲ့ပါတယ္။

ဂါးလက္စ္က ခ်ယ္လ္ဆီး အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ ဖလားကို စိန္ေခၚလိုတယ္ ဆိုရင္ ထိပ္တန္း အေထာင္ တိုက္စစ္မႉး တစ္ေယာက္ မျဖစ္မေန ေခၚယူရမွာ ျဖစ္တယ္လို႔ အႀကံေပးထားပါတယ္။

ဂါးလက္စ္က “မႏွစ္က ကြၽန္ေတာ္ ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို လန္ဒန္ က ကလပ္ တစ္သင္းသင္း ဆြတ္ခူးလိမ့္မယ္လို႔ ခန႔္မွန္းခဲ့ေပမယ့္ လက္ေတြ႕မွာ ျဖစ္မလာခဲ့ပါဘူး ။ ဒီေတာ့ ကြၽန္ေတာ္လည္း နည္းနည္း စိတ္ပ်က္ခဲ့မိပါတယ္ ။ “

” ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူးခဲ့တဲ့ ခ်ယ္လ္ဆီး ဟာ လာမယ့္ ရာသီမွာ ပရီးမီးယားလိဂ္ မွာ ခ်န္ပီယံ ျဖစ္ဖို႔ အေကာင္းဆုံး အခြင့္အေရးကို ပိုင္ဆိုင္ထားပါတယ္။
ခ်န္ပီယံလိဂ္မွာ ျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္ အသင္းအားလုံးက ေၾကာက္႐ြံ႕ေနေတာ့မွာျဖစ္ပါတယ္”

“ခ်ယ္လ္ဆီးသာ လာမယ့္ ေႏြရာသီမွာ ထိပ္တန္း အဆင့္ တိုက္စစ္မႉး တစ္ဦးဦးကို ေခၚႏိုင္မယ္ဆိုရင္ ၊ လာမယ့္ ရာသီ ပရီးမီးယားလိဂ္ ဖလားကို ဆြတ္ခူးပါလိမ့္မယ္ ။ လန္ဒန္ နာမည္ႀကီး ၃သင္း အနက္မွာ ခ်ယ္လ္ဆီး ဟာ လာမယ့္ ရာသီ ပရီးမီးယားလိဂ္ ဖလား အတြက္ အေကာင္းဆုံး အခြင့္အေရး ကို ပိုင္ဆိုင္ထားပါတယ္” ဆိုၿပီး ​ေျပာထားပါတယ္။