လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်အဆင့်(၄)အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိ ၂၀၂၀-၂၁ ရာသီကုန်မှာ အဆင့်(၄)ရတဲ့ ပရီးမီးယားလိဂ်ကလပ်ဟာ အခြေအနေတစ်ခုကြောင့် လာမယ့်ရာသီကျရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာတဲ့အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ သတ်မှတ်ချက်အရ ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုက ကလပ်အသင်း(၅)သင်းကိုသာ ချန်ပီယံလိဂ်ဝင်ခွင့်ပေးထားတာဖြစ်ပြီး တကယ်လို့ ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ အင်္ဂလန်ကလပ်တွေ ဗိုလ်စွဲခဲ့ရင် ပရီးမီးယားလိဂ်အဆင့်(၄)ရတဲ့အသင်းကတော့ ကံဆိုးစွာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်မှာပါ။

အကြောင်းကတော့ ယူရိုပါလိဂ်ချန်ပီယံအသင်းက နောက်ရာသီကျရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ အင်္ဂလန်ကလပ်တွေ ဗိုလ်စွဲခဲ့ရင် တစ်နိုင်ငံတည်းက အသင်း(၆)သင်းအထိ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရမယ့်အနေအထားက UEFA သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့ မကိုက်ညီတာကြောင့်ပါပဲ။

အခုလောလောဆယ် ချန်ပီယံလိဂ်မှာ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးတို့ကျန်နေပြီး ယူရိုပါလိဂ်မှာတော့ စပါး၊ မန်ချက်စတာယူနိုက်တက်၊ လက်စတာ၊ အာဆင်နယ်တို့ရှိနေတာကြောင့် တကယ်လို့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာသာ အင်္ဂလန်ကလပ်တွေဗိုလ်စွဲခဲ့ရင် ပရီးမီးယားလိဂ်အဆင့်(၄)အသင်းကတော့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကို ရင်နာနာနဲ့ဆုံးရှုံးရမှာပါ။

အဲဒီလိုအနေအထားမျိုး ၂၀၁၁-၁၂ ရာသီတုန်းကလည်းဖြစ်ခဲ့ဖူးပြီး ရာသီကုန်မှာ အဆင့်(၆)ရခဲ့တဲ့ ချယ်လ်ဆီးဟာ ချန်ပီယံလိဂ်မှာဗိုလ်စွဲခဲ့လို့ အဆင့်(၄)နေရာက စပါးအသင်း နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရဘဲ ယူရိုပါလိဂ်သာ ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက UEFA ဟာ ထိပ်တန်းလိဂ်ပြိုင်ပွဲက အသင်း(၄)သင်းအထိသာ ချန်ပီယံလိဂ်ဝင်ခွင့်ပေးထားတဲ့အတွက် စပါးအသင်းက အဆင့်(၄)ရခဲ့ပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်နဲ့ ကျေနပ်ခဲ့ရတာပဲဖြစ်ပါတယ်။

အခုလောလောဆယ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ မန်စီးတီး၊ ယူနိုက်တက်၊ လက်စတာ၊ လီဗာပူးလ်အသင်းတို့က အစဉ်အလိုက်ရပ်တည်နေပြီး (၄)သင်းစလုံး ဥရောပပြိုင်ပွဲအသီးသီးမှာ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။ အဆင့်(၄)နေရာမှာ ရမှတ်(၄၀)နဲ့ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းရဲ့နေရာကို အနီးစပ်ဆုံးခြိမ်းခြောက်နေတာက ဝက်စ်ဟမ်း(၃၈မှတ်)၊ ချယ်လ်ဆီးနဲ့ အဲဗာတန်(၃၆မှတ်စီ)တို့ဖြစ်ပြီး လီဗာပူးလ်၊ ချယ်လ်ဆီးတို့က ချန်ပီယံလိဂ်မှာ ရှိနေဆဲပါပဲ။

အဲဒါကြောင့် ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ အင်္ဂလန်ကလပ်အသင်းတွေ ဗိုလ်စွဲပြီး အဆင့်(၄)အသင်း ကံဆိုးမိုးမှောင်ကျမလား၊ ဒါမှမဟုတ် ပုံမှန်အတိုင်းပဲ ဆက်ဖြစ်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္အဆင့္(၄)အသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မေသခ်ာ

လက္ရွိ ၂၀၂၀-၂၁ ရာသီကုန္မွာ အဆင့္(၄)ရတဲ့ ပရီးမီးယားလိဂ္ကလပ္ဟာ အေျခအေနတစ္ခုေၾကာင့္ လာမယ့္ရာသီက်ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မေသခ်ာတဲ့အေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ (UEFA)ရဲ႕ သတ္မွတ္ခ်က္အရ ထိပ္တန္းလိဂ္ၿပိဳင္ပြဲတစ္ခုက ကလပ္အသင္း(၅)သင္းကိုသာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေပးထားတာျဖစ္ၿပီး တကယ္လို႔ ဒီရာသီ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာသာ အဂၤလန္ကလပ္ေတြ ဗိုလ္စြဲခဲ့ရင္ ပရီးမီးယားလိဂ္အဆင့္(၄)ရတဲ့အသင္းကေတာ့ ကံဆိုးစြာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို လြဲေခ်ာ္မွာပါ။

အေၾကာင္းကေတာ့ ယူ႐ိုပါလိဂ္ခ်န္ပီယံအသင္းက ေနာက္ရာသီက်ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိမွာျဖစ္တာေၾကာင့္ ဒီရာသီ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္မွာ အဂၤလန္ကလပ္ေတြ ဗိုလ္စြဲခဲ့ရင္ တစ္ႏိုင္ငံတည္းက အသင္း(၆)သင္းအထိ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ခြင့္ရမယ့္အေနအထားက UEFA သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္နဲ႔ မကိုက္ညီတာေၾကာင့္ပါပဲ။ အခုေလာေလာဆယ္ ခ်န္ပီယံလိဂ္မွာ လီဗာပူးလ္၊ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔က်န္ေနၿပီး ယူ႐ိုပါလိဂ္မွာေတာ့ စပါး၊ မန္ခ်က္စတာယူႏိုက္တက္၊ လက္စတာ၊ အာဆင္နယ္တို႔ရွိေနတာေၾကာင့္ တကယ္လို႔ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္မွာသာ အဂၤလန္ကလပ္ေတြဗိုလ္စြဲခဲ့ရင္ ပရီးမီးယားလိဂ္အဆင့္(၄)အသင္းကေတာ့ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရင္နာနာနဲ႔ဆုံးရႈံးရမွာပါ။

အဲဒီလိုအေနအထားမ်ိဳး ၂၀၁၁-၁၂ ရာသီတုန္းကလည္းျဖစ္ခဲ့ဖူးၿပီး ရာသီကုန္မွာ အဆင့္(၆)ရခဲ့တဲ့ ခ်ယ္လ္ဆီးဟာ ခ်န္ပီယံလိဂ္မွာဗိုလ္စြဲခဲ့လို႔ အဆင့္(၄)ေနရာက စပါးအသင္း ေနာက္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရဘဲ ယူ႐ိုပါလိဂ္သာ ယွဥ္ၿပိဳင္ခြင့္ရခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက UEFA ဟာ ထိပ္တန္းလိဂ္ၿပိဳင္ပြဲက အသင္း(၄)သင္းအထိသာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေပးထားတဲ့အတြက္ စပါးအသင္းက အဆင့္(၄)ရခဲ့ေပမယ့္ ယူ႐ိုပါလိဂ္ဝင္ခြင့္နဲ႔ ေက်နပ္ခဲ့ရတာပဲျဖစ္ပါတယ္။ အခုေလာေလာဆယ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ မန္စီးတီး၊ ယူႏိုက္တက္၊ လက္စတာ၊ လီဗာပူးလ္အသင္းတို႔က အစဥ္အလိုက္ရပ္တည္ေနၿပီး (၄)သင္းစလုံး ဥေရာပၿပိဳင္ပြဲအသီးသီးမွာ ပါဝင္ယွဥ္ၿပိဳင္ေနၾကတာပါ။ အဆင့္(၄)ေနရာမွာ ရမွတ္(၄၀)နဲ႔ ရပ္တည္ေနတဲ့ လီဗာပူးလ္အသင္းရဲ႕ေနရာကို အနီးစပ္ဆုံးၿခိမ္းေျခာက္ေနတာက ဝက္စ္ဟမ္း(၃၈မွတ္)၊ ခ်ယ္လ္ဆီးနဲ႔ အဲဗာတန္(၃၆မွတ္စီ)တို႔ျဖစ္ၿပီး လီဗာပူးလ္၊ ခ်ယ္လ္ဆီးတို႔က ခ်န္ပီယံလိဂ္မွာ ရွိေနဆဲပါပဲ။

အဲဒါေၾကာင့္ ဒီရာသီ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္မွာ အဂၤလန္ကလပ္အသင္းေတြ ဗိုလ္စြဲၿပီး အဆင့္(၄)အသင္း ကံဆိုးမိုးေမွာင္က်မလား၊ ဒါမွမဟုတ္ ပုံမွန္အတိုင္းပဲ ဆက္ျဖစ္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။