လာမယ့်ပွဲစဉ်(၉)ပွဲမှာ ယူနိုက်တက်အသင်း(၃)ပွဲသာအနိုင်ရမယ်လို့ စူပါကွန်ပြူတာခန့်မှန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့က,ကစားခဲ့တဲ့အတ္တလန်တာနဲ့ပွဲကစလို့ ဒီဇင်ဘာလအစောပိုင်းအထိ လီဗာပူးလ်၊ စပါး၊ မန်စီးတီး၊ ချယ်လ်ဆီး၊

အာဆင်နယ်တို့နဲ့အပါအဝင် ပွဲကျပ်(၉)ပွဲကစားရမှာဖြစ်ပြီး စူပါကွန်ပြူတာကတော့ အဲဒီ(၉)ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်း (၃)ပွဲသာနိုင်မယ်ဆိုပြီး ခန့်မှန်းလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အတ္တလန်တာနဲ့ပွဲမတိုင်ခင် ပြိုင်ပွဲစုံ(၇)ပွဲမှာ (၂)ပွဲသာအနိုင်ရခဲ့ပြီး အတ္တလန်တာနဲ့ပွဲမှာလည်း

(၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးမှ နောက်ကအသည်းအသန်လိုက်ကစားပြီးတော့ (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တာပါ။

ဗြိတိန်က ဘွတ်ကီဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ BonusCodeBet က သူတို့ရဲ့စူပါကွန်ပြူတာကို အသုံးပြုတွက်ချက်မှုအရ

ယူနိုက်တက်အသင်းဟာ အတ္တလန်တာနဲ့ပွဲမှာ နိုင်ခြေ(၅၅%)ရှိတယ်လို့ခန့်မှန်းခဲ့ပြီး (၃-၂)ဂိုးနဲ့အနိုင်ရခဲ့လို့ ခန့်မှန်းမှုမှန်တယ်လို့ပြောရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီစူပါကွန်ပြူတာက ယူနိုက်တက်အသင်းကစားမယ့်ပွဲစဉ်(၉)ပွဲမှာ (၃)ပွဲသာအနိုင်ရမယ်ဆိုပြီး ခန့်မှန်းခဲ့သလို

အတ္တလန်တာ၊ ဗီလာရီးယဲလ်တို့နဲ့ကစားမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲတွေမှာ ယူနိုက်တက်အသင်း ရှုံးပွဲကြုံတွေ့ရမယ်လို့တွက်ချက်ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုတစ်ပတ်တနင်္ဂနွေနေ့ကျရင် လီဗာပူးလ်အသင်းနဲ့ပွဲကျပ်ကစားရမှာဖြစ်ပြီး

အိုးလ်ထရက်ဖို့ဒ်မှာကစားရမှာဖြစ်ပေမယ့် ယူနိုက်တက်အသင်းအတွက် နိုင်ခြေက(၃၃%)သာရှိတယ်လို့ စူပါကွန်ပြူတာက သုံးသပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ယူနိုက်တက်တို့ လီဗာပူးလ်ကို အဝေးကွင်းမှာ ဂိုးမရှိသရေ၊ အိမ်ကွင်းမှာ(၄-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့သလို

ဒီရာသီနှစ်သင်းခြေစွမ်းအရ စူပါကွန်ပြူတာရဲ့တွက်ချက်မှုက မှန်ဖို့နီးစပ်နေပါပြီ။

လာမယ့်နိုဝင်ဘာလအစောပိုင်းမှာကစားမယ့် မန်ချက်စတာဒါဘီပွဲမှာတော့ ယူနိုက်တက်အသင်းအတွက်နိုင်ခြေက (၄၂%)သာရှိနေပြီး

စပါး၊ ချယ်လ်ဆီးတို့နဲ့ကစားမယ့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲတေမှာ ယူနိုက်တက် ရှုံးဖို့ရာခိုင်နှုန်းပိုများတယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အတ္တလန်တာကို အနိုင်ရခဲ့ပေမယ့်လည်း ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိနေပြီး

ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက်ဂိုးပေးခဲ့ရသလို ခြေစွမ်းကလည်း တည်ငြိမ်မှုမရှိတာကြောင့် လာမယ့်ပွဲကျပ်ကာလမှာ သေချာပေါက်ရုန်းကန်ရဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လာမယ့္ပြဲစဥ္(၉)ပြဲမွာ ယူႏိုက္တက္အသင္း(၃)ပြဲသာအႏိုင္ရမယ္လို႔ စူပါကြန္ျပဴတာခန႔္မွန္း

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ မေန႔က,ကစားခဲ့တဲ့အတၱလန္တာနဲ႔ပြဲကစလို႔ ဒီဇင္ဘာလအေစာပိုင္းအထိ လီဗာပူးလ္၊ စပါး၊ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ အာဆင္နယ္တို႔နဲ႔အပါအဝင္ ပြဲက်ပ္(၉)ပြဲကစားရမွာျဖစ္ၿပီး စူပါကြန္ျပဴတာကေတာ့ အဲဒီ(၉)ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္း (၃)ပြဲသာႏိုင္မယ္ဆိုၿပီး ခန႔္မွန္းလိုက္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အတၱလန္တာနဲ႔ပြဲမတိုင္ခင္ ၿပိဳင္ပြဲစုံ(၇)ပြဲမွာ (၂)ပြဲသာအႏိုင္ရခဲ့ၿပီး အတၱလန္တာနဲ႔ပြဲမွာလည္း (၂)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးမွ ေနာက္ကအသည္းအသန္လိုက္ကစားၿပီးေတာ့ (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တာပါ။

ၿဗိတိန္က ဘြတ္ကီဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ BonusCodeBet က သူတို႔ရဲ႕စူပါကြန္ျပဴတာကို အသုံးျပဳတြက္ခ်က္မႈအရ ယူႏိုက္တက္အသင္းဟာ အတၱလန္တာနဲ႔ပြဲမွာ ႏိုင္ေျခ(၅၅%)ရွိတယ္လို႔ခန႔္မွန္းခဲ့ၿပီး (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့လို႔ ခန႔္မွန္းမႈမွန္တယ္လို႔ေျပာရမွာျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီစူပါကြန္ျပဴတာက ယူႏိုက္တက္အသင္းကစားမယ့္ပြဲစဥ္(၉)ပြဲမွာ (၃)ပြဲသာအႏိုင္ရမယ္ဆိုၿပီး ခန႔္မွန္းခဲ့သလို အတၱလန္တာ၊ ဗီလာရီးယဲလ္တို႔နဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲေတြမွာ ယူႏိုက္တက္အသင္း ရႈံးပြဲႀကဳံေတြ႕ရမယ္လို႔တြက္ခ်က္ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ အခုတစ္ပတ္တနဂၤေႏြေန႔က်ရင္ လီဗာပူးလ္အသင္းနဲ႔ပြဲက်ပ္ကစားရမွာျဖစ္ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာကစားရမွာျဖစ္ေပမယ့္ ယူႏိုက္တက္အသင္းအတြက္ ႏိုင္ေျခက(၃၃%)သာရွိတယ္လို႔ စူပါကြန္ျပဴတာက သုံးသပ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ယူႏိုက္တက္တို႔ လီဗာပူးလ္ကို အေဝးကြင္းမွာ ဂိုးမရွိသေရ၊ အိမ္ကြင္းမွာ(၄-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့သလို ဒီရာသီႏွစ္သင္းေျခစြမ္းအရ စူပါကြန္ျပဴတာရဲ႕တြက္ခ်က္မႈက မွန္ဖို႔နီးစပ္ေနပါၿပီ။ လာမယ့္ႏိုဝင္ဘာလအေစာပိုင္းမွာကစားမယ့္ မန္ခ်က္စတာဒါဘီပြဲမွာေတာ့ ယူႏိုက္တက္အသင္းအတြက္ႏိုင္ေျခက (၄၂%)သာရွိေနၿပီး စပါး၊ ခ်ယ္လ္ဆီးတို႔နဲ႔ကစားမယ့္ပရီးမီးယားလိဂ္အေဝးကြင္းပြဲေတမွာ ယူႏိုက္တက္ ရႈံးဖို႔ရာခိုင္ႏႈန္းပိုမ်ားတယ္လို႔ စူပါကြန္ျပဴတာက ခန႔္မွန္းခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ အတၱလန္တာကို အႏိုင္ရခဲ့ေပမယ့္လည္း ခံစစ္ပိုင္းမွာ အားနည္းခ်က္ေတြရွိေနၿပီး ၿပိဳင္ပြဲစုံေနာက္ဆုံး(၉)ပြဲဆက္ဂိုးေပးခဲ့ရသလို ေျခစြမ္းကလည္း တည္ၿငိမ္မႈမရွိတာေၾကာင့္ လာမယ့္ပြဲက်ပ္ကာလမွာ ေသခ်ာေပါက္႐ုန္းကန္ရဖို႔ရွိေနပါၿပီ။