လာမယ့်နှစ်အစောပိုင်းမှာကစားရမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ရှိနေတဲ့ မန်ဒီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ၂၀၂၂ ခုနှစ်အစောပိုင်းကျရင် ယူအေအီးနိုင်ငံမှာကျင်းပသွားမယ်လို့

အတည်ပြုထုတ်ပြန်ခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ဂိုးသမားမန်ဒီကတော့ အဲဒီပြိုင်ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အခုနှစ်၊ ဒီဇင်ဘာလအတွင်း ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့စီစဉ်ခဲ့ပေမယ့်

နိုင်ငံတွင်းမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုများပြားနေတာကြောင့် အိမ်ရှင်အဖြစ်ကနေနုတ်ထွက်ခဲ့ရပါတယ်။

အဲဒီအတွက် ဖီဖာတာဝန်ရှိသူတွေက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ်ကျင်းပမယ့်နိုင်ငံကို ရှာဖွေခဲ့ရပြီး

အစက တောင်အာဖရိကနိုင်ငံတစ်ခုခုမှာကစားဖို့စီစဉ်ခဲ့ပေမယ့် တောင်အာဖရိကမှာလည်း ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေလို့ အဆင်မပြေခဲ့ပါဘူး။

အခုအချိန်မှာတော့ ဖီဖာဥက္ကဌအင်ဖန်တီနိုက ၂၀၂၂ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယူအေအီးနိုင်ငံမှာကျင်းပသွားမှာဖြစ်တယ်လို့

အတည်ပြုခဲ့ပြီး ပြိုင်ပွဲကာလကို အတည်မပြုရသေးပေမယ့် ၂၀၂၂ အစောပိုင်းမှာကျင်းပမယ်လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက်ယှဉ်ပြိုင်မှာဖြစ်ပြီး

ပထမအကြိမ်ကစားခွင့်ရခဲ့တဲ့ ၂၀၁၃ ခုနှစ်ပြိုင်ပွဲမှာတော့ ဘရာဇီးလ်ထိပ်သီးကလပ်ကိုရင်သီယန်အသင်းကို ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။

ဖီဖာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နှစ်အစောပိုင်းမှာကျင်းပသွားမှာဖြစ်လို့ ချယ်လ်ဆီးအသင်းရဲ့ဆီနီဂေါလက်ရွေးစင်ဂိုးသမားမန်ဒီဟာ

လက်ရွေးစင်အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆင်နွှဲရမှာဖြစ်တဲ့အတွက် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့သေချာနေပါပြီ။

ဆီနီဂေါအသင်းဟာ အာဖရိကနိုင်ငံများဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဇင်ဘာဘွေအသင်းနဲ့ဇန်နဝါရီ(၁၀)ရက်မှာစတင်ကစားရမှာဖြစ်ပြီး

တကယ်လို့ ဆီနီဂေါအသင်းသာ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်နိုင်မယ်ဆိုရင်တော့ ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့အဓိကဂိုးသမားကို တစ်လလောက်လက်လွှတ်ရဖို့ရှိနေပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ လာမယ့်နှစ်၊ ဇန်နဝါရီ(၁၅)ရက်ကျရင် မန်စီးတီးအသင်းနဲ့ပရီးမီးယားလိဂ်ပွဲကစားရမှာဖြစ်ပေမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အဲဒီပွဲကို ရက်ရွှေ့ရဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လာမယ့္ႏွစ္အေစာပိုင္းမွာကစားရမယ့္ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ မန္ဒီ

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)က ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို လာမယ့္ ၂၀၂၂ ခုႏွစ္အေစာပိုင္းက်ရင္ ယူေအအီးႏိုင္ငံမွာက်င္းပသြားမယ္လို႔အတည္ျပဳထုတ္ျပန္ခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕ဂိုးသမားမန္ဒီကေတာ့ အဲဒီၿပိဳင္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို အခုႏွစ္၊ ဒီဇင္ဘာလအတြင္း ဂ်ပန္ႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပဖို႔စီစဥ္ခဲ့ေပမယ့္ ႏိုင္ငံတြင္းမွာ ကိုဗစ္ေရာဂါကူးစက္ျပန႔္ပြားမႈမ်ားျပားေနတာေၾကာင့္ အိမ္ရွင္အျဖစ္ကေနႏုတ္ထြက္ခဲ့ရပါတယ္။

အဲဒီအတြက္ ဖီဖာတာဝန္ရွိသူေတြက ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲအိမ္ရွင္အျဖစ္က်င္းပမယ့္ႏိုင္ငံကို ရွာေဖြခဲ့ရၿပီး အစက ေတာင္အာဖရိကႏိုင္ငံတစ္ခုခုမွာကစားဖို႔စီစဥ္ခဲ့ေပမယ့္ ေတာင္အာဖရိကမွာလည္း ကိုဗစ္ေရာဂါကူးစက္မႈျမင့္တက္ေနလို႔ အဆင္မေျပခဲ့ပါဘူး။ အခုအခ်ိန္မွာေတာ့ ဖီဖာဥကၠဌအင္ဖန္တီႏိုက ၂၀၂၂ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို ယူေအအီးႏိုင္ငံမွာက်င္းပသြားမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ၿပီး ၿပိဳင္ပြဲကာလကို အတည္မျပဳရေသးေပမယ့္ ၂၀၂၂ အေစာပိုင္းမွာက်င္းပမယ္လို႔ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာဗိုလ္စြဲခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို ဒုတိယအႀကိမ္ေျမာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ပထမအႀကိမ္ကစားခြင့္ရခဲ့တဲ့ ၂၀၁၃ ခုႏွစ္ၿပိဳင္ပြဲမွာေတာ့ ဘရာဇီးလ္ထိပ္သီးကလပ္ကိုရင္သီယန္အသင္းကို ဗိုလ္လုပြဲမွာရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယနဲ႔သာေက်နပ္ခဲ့ရပါတယ္။ ဖီဖာက ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို လာမယ့္ႏွစ္အေစာပိုင္းမွာက်င္းပသြားမွာျဖစ္လို႔ ခ်ယ္လ္ဆီးအသင္းရဲ႕ဆီနီေဂါလက္ေ႐ြးစင္ဂိုးသမားမန္ဒီဟာ လက္ေ႐ြးစင္အသင္းနဲ႔အတူ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲဆင္ႏႊဲရမွာျဖစ္တဲ့အတြက္ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ဖို႔ေသခ်ာေနပါၿပီ။

ဆီနီေဂါအသင္းဟာ အာဖရိကႏိုင္ငံမ်ားဖလားအုပ္စုအဖြင့္ပြဲအျဖစ္ ဇင္ဘာေဘြအသင္းနဲ႔ဇန္နဝါရီ(၁၀)ရက္မွာစတင္ကစားရမွာျဖစ္ၿပီး တကယ္လို႔ ဆီနီေဂါအသင္းသာ ဗိုလ္လုပြဲအဆင့္အထိတက္ေရာက္ႏိုင္မယ္ဆိုရင္ေတာ့ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ သူတို႔ရဲ႕အဓိကဂိုးသမားကို တစ္လေလာက္လက္လႊတ္ရဖို႔ရွိေနပါတယ္။ ဒါ့အျပင္ ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ႏွစ္၊ ဇန္နဝါရီ(၁၅)ရက္က်ရင္ မန္စီးတီးအသင္းနဲ႔ပရီးမီးယားလိဂ္ပြဲကစားရမွာျဖစ္ေပမယ့္ ဖီဖာကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ အဲဒီပြဲကို ရက္ေ႐ႊ႕ရဖို႔ရွိေနပါၿပီ။