လာမယ့်နှစ်မှာ စီရော်နယ်ဒို စပို့တင်းမှာ ပြန်ကစားဖို့ သေချာသွားပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်အသင်းနဲ့ အနာဂါတ်အခြေအနေ မတင်မကျဖြစ်နေတဲ့ စီရော်နယ်ဒိုဟာ လာမယ့်ဘောလုံးရာသီမှာ မွေးရပ်မြေပေါ်တူဂီက ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအသင်းကို ပြန်ကစားတော့မှာ ဖြစ်ပါတယ်။

စပို့တင်းဟာ ၂၀၀၂ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဖြစ်လာခဲ့ပြီး အသင်းအောင်ပွဲခံအမ်းအနားမှာ

စီရော်နယ်ဒိုရဲ့ မိခင် ဒိုလိုရက်စ်ဟာ အထူးဧည့်သည်တစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ပြီး နောက်ရာသီမှာ သူ့ရဲ့သားကို ဒီမှာ ပြန်လာကစားဖို့ ပြောဆိုသွားမယ်လို့ ပြောကြားသွားပါတယ်။

မီဒီယာတွေကို ဒိုလိုရက်စ်က ” ကျွန်မသူ့ကို (စီရော်နယ်ဒို) ဒီမှာ ပြန်လာကစားဖို့ ပြောသွားမှာပါ။

နောက်နှစ်ကျရင် သူဟာ စပို့တင်းမှာ ပြန်ကစားနေပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း စီရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့ မီဒီယာသမားတစ်ယောက်က စီရော်နယ်ဒိုဟာ သူပြောင်းရွှေ့ကစားမယ့်အသင်းကို ရွေးချယ်ထားပြီး အဲ့အသင်းက စပို့တင်းအသင်းဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။

အခုအခါမှာတော့ သူပြောတဲ့ စကားနဲ့ ဒမိခင်ဖြစ်သူ ဒိုလိုရက်စ် ပြောတဲ့စကားတွေကို ဆက်စပ်ကြည့်မယ်ဆိုရင် စီရော်နယ်ဒိုတစ်ယောက် နောက်နှစ်မှာ စပို့တင်းကို ပြန်ဖို့က သေချာသလောက်ဖြစ်နေပါတယ်။

စီရော်နယ်ဒိုတို့ မိသားစုဟာ စပို့တင်းအသင်းရဲ့ အမာခံပရီသတ်တွေဖြစ်ကြပြီး မိခင်စကားကို ဦးစားပေး အမြဲနားထောင်လေ့ရှိတဲ့ စီရော်နယ်ဒိုကြောင့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်မြောက်ဖို့ များနေပါတယ်။

စီရော်နယ်ဒိုဟာ ငယ်စဉ်ကတည်းက သူ့ရဲ့ မိခင်ပြောစကားကို နားထောင်ခဲ့တဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူဆုံးသွားပြီးနောက်ပိုင်း အမေနဲ့ အမတွေရဲ့ ပြောစကားကို ပိုပြီး ဂရုစိုက်လက်ခံတယ်ဆိုတာ ချစ်သူဟောင်း အိုင်ရီနာရှေး ကို နှလုံးသားနဲ့ ရင်းပြီး လမ်းခွဲခဲ့တာ သက်သေပါပဲ။

ဒါ့အပြင် စီရော်နယ်ဒိုကို ၁နှစ် ပေါင် ၁၄.၇သန်းနဲ့ ၁၀နှစ်စာ ပေါင် ၁၄၇သန်းဖိုး ၂၀၁၆ခုနှစ်က စာချုပ်ချုပ်ဆိုထားတဲ့ Nike ဟာ စပို့တင်းကို လာမယ့် ရာသီကစပြီး ဂျာစီစပွန်ဆာ ပေးဖို့ရှိနေတဲ့အတွက် စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ဖို့က အဆင်ပြေဖို့ ရှိနေပါတယ်။

ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျန်နေသေးတဲ့အတွက် စာချုပ်ကုန်ဆုံးတဲ့အထိ ဆက်နေဖို့ သတင်းတွေထွက်နေပေမယ့် စူပါလိဂ်ကိစ္စကြောင့်

ယူအီးအက်ဖ်အေကသာ ဂျူဗင်တပ်အသင်းကို ချန်ပီယံလိဂ်ကစားခွင့် ပိတ်လိုက်မယ်ဆိုရင် စီရော်နယ်ဒိုဟာ စာချုပ်ဖျက်သိမ်းပြီး သေချာပေါက်ထွက်ခွားဖို့ရှိပါတယ်။

စပို့တင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့အချိန် မိခင်ဖြစ်သူကလည်း ပြန်လာကစားဖို့ပြောဆိုထားတဲ့အချက်နဲ့ သူ့ကို စပွန်ဆာပေးထားတဲ့ Nike ကလည်း

စပို့တင်းရဲ့ ဂျာစီစပွန်ဆာသစ်ဖြစ်လာတော့မယ့် အကြောင်းတရားတွေအရ စီရော်နယ်ဒိုရဲ့ တစ်ကျော့ပြန် မွေးရပ်မြေ အိမ်ပြန်ခရီးဟာ မကြာခင် လက်တွေ့ဖြစ်လာတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာမယ့္ႏွစ္မွာ စီေရာ္နယ္ဒို စပို႔တင္းမွာ ျပန္ကစားဖို႔ ေသခ်ာသြားၿပီ

ဂ်ဴဗင္တပ္အသင္းနဲ႔ အနာဂါတ္အေျခအေန မတင္မက်ျဖစ္ေနတဲ့ စီေရာ္နယ္ဒိုဟာ လာမယ့္ေဘာလုံးရာသီမွာ ေမြးရပ္ေျမေပၚတူဂီက ငယ္ဘဝကလပ္အသင္းျဖစ္တဲ့ စပို႔တင္းလစၥဘြန္းအသင္းကို ျပန္ကစားေတာ့မွာ ျဖစ္ပါတယ္။

စပို႔တင္းဟာ ၂၀၀၂ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အမွတ္ေပးခ်န္ပီယံျဖစ္လာခဲ့ၿပီး အသင္းေအာင္ပြဲခံအမ္းအနားမွာ စီေရာ္နယ္ဒိုရဲ႕ မိခင္ ဒိုလိုရက္စ္ဟာ အထူးဧည့္သည္တစ္ေယာက္အေနနဲ႔ တက္ေရာက္ခဲ့ၿပီး ေနာက္ရာသီမွာ သူ႔ရဲ႕သားကို ဒီမွာ ျပန္လာကစားဖို႔ ေျပာဆိုသြားမယ္လို႔ ေျပာၾကားသြားပါတယ္။

မီဒီယာေတြကို ဒိုလိုရက္စ္က ” ကြၽန္မသူ႔ကို (စီေရာ္နယ္ဒို) ဒီမွာ ျပန္လာကစားဖို႔ ေျပာသြားမွာပါ။ ေနာက္ႏွစ္က်ရင္ သူဟာ စပို႔တင္းမွာ ျပန္ကစားေနပါလိမ့္မယ္” လို႔ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္တုန္းကလည္း စီေရာ္နယ္ဒိုနဲ႔ ရင္းႏွီးတဲ့ မီဒီယာသမားတစ္ေယာက္က စီေရာ္နယ္ဒိုဟာ သူေျပာင္းေ႐ႊ႕ကစားမယ့္အသင္းကို ေ႐ြးခ်ယ္ထားၿပီး အဲ့အသင္းက စပို႔တင္းအသင္းျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ဖူးပါတယ္။ အခုအခါမွာေတာ့ သူေျပာတဲ့ စကားနဲ႔ ဒမိခင္ျဖစ္သူ ဒိုလိုရက္စ္ ေျပာတဲ့စကားေတြကို ဆက္စပ္ၾကည့္မယ္ဆိုရင္ စီေရာ္နယ္ဒိုတစ္ေယာက္ ေနာက္ႏွစ္မွာ စပို႔တင္းကို ျပန္ဖို႔က ေသခ်ာသေလာက္ျဖစ္ေနပါတယ္။

စီေရာ္နယ္ဒိုတို႔ မိသားစုဟာ စပို႔တင္းအသင္းရဲ႕ အမာခံပရီသတ္ေတြျဖစ္ၾကၿပီး မိခင္စကားကို ဦးစားေပး အၿမဲနားေထာင္ေလ့ရွိတဲ့ စီေရာ္နယ္ဒိုေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ဟာ ျဖစ္ေျမာက္ဖို႔ မ်ားေနပါတယ္။ စီေရာ္နယ္ဒိုဟာ ငယ္စဥ္ကတည္းက သူ႔ရဲ႕ မိခင္ေျပာစကားကို နားေထာင္ခဲ့တဲ့သူျဖစ္ၿပီး ဖခင္ျဖစ္သူဆုံးသြားၿပီးေနာက္ပိုင္း အေမနဲ႔ အမေတြရဲ႕ ေျပာစကားကို ပိုၿပီး ဂ႐ုစိုက္လက္ခံတယ္ဆိုတာ ခ်စ္သူေဟာင္း အိုင္ရီနာေရွး ကို ႏွလုံးသားနဲ႔ ရင္းၿပီး လမ္းခြဲခဲ့တာ သက္ေသပါပဲ။

ဒါ့အျပင္ စီေရာ္နယ္ဒိုကို ၁ႏွစ္ ေပါင္ ၁၄.၇သန္းနဲ႔ ၁၀ႏွစ္စာ ေပါင္ ၁၄၇သန္းဖိုး ၂၀၁၆ခုႏွစ္က စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ Nike ဟာ စပို႔တင္းကို လာမယ့္ ရာသီကစၿပီး ဂ်ာစီစပြန္ဆာ ေပးဖို႔ရွိေနတဲ့အတြက္ စီေရာ္နယ္ဒိုကို ျပန္လည္ေခၚယူႏိုင္ဖို႔က အဆင္ေျပဖို႔ ရွိေနပါတယ္။

ဂ်ဴဗင္တပ္နဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္က်န္ေနေသးတဲ့အတြက္ စာခ်ဳပ္ကုန္ဆုံးတဲ့အထိ ဆက္ေနဖို႔ သတင္းေတြထြက္ေနေပမယ့္ စူပါလိဂ္ကိစၥေၾကာင့္ ယူအီးအက္ဖ္ေအကသာ ဂ်ဴဗင္တပ္အသင္းကို ခ်န္ပီယံလိဂ္ကစားခြင့္ ပိတ္လိုက္မယ္ဆိုရင္ စီေရာ္နယ္ဒိုဟာ စာခ်ဳပ္ဖ်က္သိမ္းၿပီး ေသခ်ာေပါက္ထြက္ခြားဖို႔ရွိပါတယ္။

စပို႔တင္းကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရထားတဲ့အခ်ိန္ မိခင္ျဖစ္သူကလည္း ျပန္လာကစားဖို႔ေျပာဆိုထားတဲ့အခ်က္နဲ႔ သူ႔ကို စပြန္ဆာေပးထားတဲ့ Nike ကလည္း စပို႔တင္းရဲ႕ ဂ်ာစီစပြန္ဆာသစ္ျဖစ္လာေတာ့မယ့္ အေၾကာင္းတရားေတြအရ စီေရာ္နယ္ဒိုရဲ႕ တစ္ေက်ာ့ျပန္ ေမြးရပ္ေျမ အိမ္ျပန္ခရီးဟာ မၾကာခင္ လက္ေတြ႕ျဖစ္လာေတာ့မွာပါ။