လာမယ့်နွေရာသီအတွင်း ဆန်ချို၊ ကူလီဘာလီနဲ့ ဆာအူးလ်နီဂွက်ဇ်တို့ကို ခေါ်ယူဖို့ အသင်းဟောင်း ယူနိုက်တက်ကို ဖာဒီနန် တိုက်တွန်း

Photo Credit

Photo Credit

ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်မှာ ထိပ်ပိုင်းကအသင်းတွေနဲ့ ကွာဟချက် လျှော့ချနိုင်ရေးအတွက် လာမယ့်နွေရာသီအတွင်း တောင်ပံကစားသမား ဆန်ချို၊ နောက်ခံလူ ကူလီဘာလီနဲ့ ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်တို့ကို ခေါ်ယူသင့်ကြောင်း ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။

Photo Credit

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းကို ပြန်လည်ပြုပြင်ပြောင်းလဲနေရာမှာ ဦးဆောင်သူအဖြစ် ရှိနေပေမယ့် ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စီးတီးနဲ့ လီဗာပူးတို့ကို စိန်ခေါ်နိုင်ရေးအတွက် အရေးပါတဲ့အစိတ်အပိုင်းတွေ လိုအပ်နေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အစောပိုင်းက နွေဈေးကွက်အတွင်း အသင်းအင်အားဖြည့်တင်းဖို့ ရည်မှန်းခဲ့ပေမယ့် အခုတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးရိုက်ခတ်မှုတွေရှိနိုင်ရာ ယူနိုက်တက်လည်း ဈေးကွက်အတွင်း ငွေကြေးဘယ်လောက်သုံးစွဲမလဲဆိုတာ မသေမချာဖြစ်နေပါတယ်။

Photo Credit

ဒါပေမဲ့ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၆ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တဲ့ နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ယူနိုက်တက်ကို နောက်တစ်ဆင့် ဆွဲခေါ်ပေးနိုင်မယ့် ကစားသမား ၃ဦးစာရင်းကို ဖွင့်ဟလာပါတယ်။ ”ကျွန်တော်ကတော့ ဆန်ချို၊ ကူလီဘာလီနဲ့ ဆာအူးလ်တို့ကို ခေါ်စေချင်ပါတယ်။ ဟယ်ရီကိန်းကို ဆက်သွယ်ချဉ်းကပ်နေပေမယ့် တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦး ရွေးရမယ်ဆိုရင်တော့ ဆန်ချိုကိုပဲ ရွေးပါမယ်”လို့ ဖာဒီနန်က ပြောပါတယ်။

Photo Credit

အင်္ဂလန်လက်ရွေးစင် ဆန်ချိုဟာ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင် နွေရာသီအတွင်း ဒေါ့မွန်ကနေ ထွက်ခွာဖို့ သတင်းကြီးခဲ့ပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ က လက်ရှိဈေးကွက်အခြေအနေအရ ဈေးကြီးလာနိုင်ပါတယ်။ တကယ်လို့ ယူနိုက်တက်သာ ဆန်ချို့ို ခေါ်ယူနိုင်မယ်ဆိုရင် ဖာဒီနန်က ဆန်ချိုကို အသင်းရဲ့ဂန္ထဝင်ကျောနံပါတ် ၇ ပေးဝတ်သင့်တယ်လု့ိ တစ်ခါတည်းတိုက်တွန်းပါတယ်။

Photo Credit

”ကျွန်တော်ဆိုရင်လည်း ဆန်ချိုကို ကျောနံပါတ် ၇ ဂျာစီ ပေးဝတ်မှာပါ။ သူကစားတဲ့နေရာနဲ့ အဲဒီကျောနံပါတ်က ကွက်တိပါပဲ”လို့ ဖာဒီနန်က ပြောပါတယ်။ ကူလီဘာလီဟာ နာပိုလီခံစစ်ရဲ့အသည်းနှလုံးအဖြစ် ခြေစွမ်းပြနေပြီး ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေပါတယ်။

Photo Credit

သူဟာ နောက်လမှာ အသက် ၂၉ နှစ်ပြည့်တော့မှာဖြစ်ပြီး နာပိုလီက သူ့အတွက် ပေါင် ၈၉ သန်းဝန်းကျင် တောင်းနိုင်လို့ ယူနိုက်တက်လည်း သူ့ထက် အသက်ပိုငယ်တဲ့တခြားပစ်မှတ်တွေကို ခေါ်ယူနိုင်ပါတယ်။ အက်သလက်တီကိုကွင်းလယ်လူ ဆာအူးလ်ကလည်း အသင်းရဲ့အဓိကကွင်းလယ်လူအဖြစ် ခြေစွမ်းပြနေပြီး အထူးသဖြင့် လီဗာပူးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ၂ပွဲစလုံးမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit

Zawgyi

လာမယ့္ေႏြရာသီအတြင္း ဆန္ခ်ိဳ၊ ကူလီဘာလီနဲ႔ ဆာအူးလ္နီဂြက္ဇ္တို႔ကို ေခၚယူဖို႔ အသင္းေဟာင္း ယူႏုိက္တက္ကို ဖာဒီနန္ တုိက္တြန္း

ယူႏုိက္တက္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ထိပ္ပိုင္းကအသင္းေတြနဲ႔ ကြာဟခ်က္ ေလွ်ာ့ခ်ႏိုင္ေရးအတြက္ လာမယ့္ေႏြရာသီအတြင္း ေတာင္ပံကစားသမား ဆန္ခ်ိဳ၊ ေနာက္ခံလူ ကူလီဘာလီနဲ႔ ကြင္းလယ္လူ ဆာအူးလ္နီဂြက္ဇ္တို႔ကို ေခၚယူသင့္ေၾကာင္း ယူႏုိက္တက္ဂႏၳ၀င္ေနာက္ခံလူ ရီယိုဖာဒီနန္က တုိက္တြန္းလုိက္ပါတယ္။
ယူႏုိက္တက္နည္းျပ ဆိုးလ္ရွားက အသင္းကို ျပန္လည္ျပဳျပင္ေျပာင္းလဲေနရာမွာ ဦးေဆာင္သူအျဖစ္ ရွိေနေပမယ့္ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စီးတီးနဲ႔ လီဗာပူးတို႔ကို စိန္ေခၚႏုိင္ေရးအတြက္ အေရးပါတဲ့အစိတ္အပိုင္းေတြ လုိအပ္ေနဆဲျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အေစာပိုင္းက ေႏြေစ်းကြက္အတြင္း အသင္းအင္အားျဖည့္တင္းဖို႔ ရည္မွန္းခဲ့ေပမယ့္ အခုေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဘ႑ာေရး႐ိုက္ခတ္မႈေတြရွိႏိုင္ရာ ယူႏိုက္တက္လည္း ေစ်းကြက္အတြင္း ေငြေၾကးဘယ္ေလာက္သုံးစြဲမလဲဆိုတာ မေသမခ်ာျဖစ္ေနပါတယ္။
ဒါေပမဲ့ ယူႏုိက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလား ၆ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၃ႀကိမ္အပါအ၀င္ ေအာင္ျမင္မႈအမ်ားအျပားရယူႏိုင္ခဲ့တဲ့ ေနာက္ခံလူေဟာင္း ဖာဒီနန္ကေတာ့ ယူႏုိက္တက္ကို ေနာက္တစ္ဆင့္ ဆြဲေခၚေပးႏိုင္မယ့္ ကစားသမား ၃ဦးစာရင္းကို ဖြင့္ဟလာပါတယ္။ ”ကၽြန္ေတာ္ကေတာ့ ဆန္ခ်ိဳ၊ ကူလီဘာလီနဲ႔ ဆာအူးလ္တို႔ကို ေခၚေစခ်င္ပါတယ္။ ဟယ္ရီကိန္းကို ဆက္သြယ္ခ်ဥ္းကပ္ေနေပမယ့္ တုိက္စစ္ပိုင္းအတြက္ ကစားသမားတစ္ဦး ေရြးရမယ္ဆိုရင္ေတာ့ ဆန္ခ်ိဳကိုပဲ ေရြးပါမယ္”လုိ႔ ဖာဒီနန္က ေျပာပါတယ္။
အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳဟာ ကို႐ိုနာဗုိင္းရပ္စ္မျဖစ္ပြားခင္ ေႏြရာသီအတြင္း ေဒါ့မြန္ကေန ထြက္ခြာဖို႔ သတင္းႀကီးခဲ့ေပမယ့္ သူ႕ရဲ႕ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၁၀၀ က လက္ရွိေစ်းကြက္အေျခအေနအရ ေစ်းႀကီးလာႏိုင္ပါတယ္။ တကယ္လုိ႔ ယူႏုိက္တက္သာ ဆန္ခ်ိဳ႕ို ေခၚယူႏိုင္မယ္ဆုိရင္ ဖာဒီနန္က ဆန္ခ်ိဳကို အသင္းရဲ႕ဂႏၳ၀င္ေက်ာနံပါတ္ ၇ ေပး၀တ္သင့္တယ္လု႔ိ တစ္ခါတည္းတုိက္တြန္းပါတယ္။
”ကၽြန္ေတာ္ဆုိရင္လည္း ဆန္ခ်ိဳကို ေက်ာနံပါတ္ ၇ ဂ်ာစီ ေပး၀တ္မွာပါ။ သူကစားတ့ဲေနရာနဲ႔ အဲဒီေက်ာနံပါတ္က ကြက္တိပါပဲ”လုိ႔ ဖာဒီနန္က ေျပာပါတယ္။ ကူလီဘာလီဟာ နာပိုလီခံစစ္ရဲ႕အသည္းႏွလုံးအျဖစ္ ေျခစြမ္းျပေနၿပီး ဥေရာပအသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ေနပါတယ္။
သူဟာ ေနာက္လမွာ အသက္ ၂၉ ႏွစ္ျပည့္ေတာ့မွာျဖစ္ၿပီး နာပိုလီက သူ႕အတြက္ ေပါင္ ၈၉ သန္း၀န္းက်င္ ေတာင္းႏိုင္လုိ႔ ယူႏုိက္တက္လည္း သူ႕ထက္ အသက္ပိုငယ္တဲ့တျခားပစ္မွတ္ေတြကို ေခၚယူႏိုင္ပါတယ္။ အက္သလက္တီကိုကြင္းလယ္လူ ဆာအူးလ္ကလည္း အသင္းရဲ႕အဓိကကြင္းလယ္လူအျဖစ္ ေျခစြမ္းျပေနၿပီး အထူးသျဖင့္ လီဗာပူးကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ၂ပြဲစလုံးမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။