
Photo Credit
Photo Credit
ယူနိုက်တက်ဟာ အသင်းကို အကြီးအကျယ်ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားလျက်ရှိရာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက် ၂ခုအတွင်း ကစားသမားသစ် ၈ဦးအထိ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
Photo Credit
ယူနိုက်တက်ဟာ ဒီရာသီအစမှာလည်း ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ရာသီစတင်တာ အခုမှ ၈ပွဲပဲရှိသေးပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးက ပွဲတိုင်းနိုင်လီဗာပူးနဲ့ ၁၅ မှတ်အထိ ကွာဟနေပြီဖြစ်သလို တန်းဆင်းဇုန်နဲ့လည်း ၂ မှတ်အကွာမှာပဲ ရပ်တည်နေရပါတယ်။
Photo Credit
ယူနိုက်တက်ရဲ့သိသာထင်ရှားတဲ့အားနည်းချက်က တိုက်စစ်ပိုင်းဖြစ်ပြီး လီဗာပူးနဲ့စီးတီးတို့ကို ယှဉ်နိုင်ဖို့ အသင်းအင်အားက မတောင့်တင်းသလို လက်ရှိအချိန်မှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပါတယ်။
Photo Credit ; Getty Images
The Telegraph သတင်းစာရဲ့ရေးသားဖော်ပြချက်အရ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အသင်းလူစာရင်း ပိုမိုတောင့်တင်းဖို့ လိုအပ်နေတယ်ဆိုတာ သိနားလည်ပြီး လာမယ့်နွေရာသီဈေးကွက် ၂ခုအတွင်း ကစားသမား ၈ဦးအထိ ခေါ်ယူဖု့ိ စီစဉ်နေကြောင်း သိရပါတယ်။
Photo Credit ; Getty Images
အဲဒီလိုနွေရာသီရောက်မှ အသင်းကိုအကြီးအကျယ်ပြင်ဆင်ဖို့ စီစဉ်နေပေမယ့် လက်ရှိအနေအထားအရ လာမယ့်ဆောင်းရာသီဈေးကွက်မှာလည်း ဝင်ရောက်လှုပ်ရှားဖွယ်ရှိနေပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးက မသေမချာဖြစ်နေပါတယ်။
Photo Credit ; PA
အဲဒီသတင်းစာကပဲ အဓိကဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ကစားသမားသစ် ၆ဦးလိုအပ်နေတယ်လို့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပြီး အခုချိန်အထိ အသင်းရဲ့ထောက်ခံမှုအပြည့်အဝရရှိထားတဲ့ ဆိုးလ်ရှားရဲ့ဦးဆောင်မှုနဲ့အတူ အသင်းလူစာရင်းကို ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်တော့မှာဖြစ်ပါတယ်။
Photo Credit
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ဗြိတိန်ကစားသမားတွေကို ပြောင်းရွှေ့ကြေးအများအပြားနဲ့ ခေါ်ယူထားပြီး လာမယ့်ဈေးကွက်မှာလည်း အဲဒီမူဝါဒအတိုင်း ဗြိတိန်လူငယ်ကစားသမားတွေကို ဆက်လက်ခေါ်ယူဖွယ်ရှိနေပါတယ်။
Photo Credit
Zawgyi
လာမယ့်နွေဈေးကွက် ၂ခုအတွင်း ကစားသမား ၈ဦးအထိ ခေါ်ယူဖို့ ယူနိုက်တက် စီစဉ်
The Telegraph သတင်းစာရဲ့ရေးသားဖော်ပြချက်အရ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အသင်းလူစာရင်း ပိုမိုတောင့်တင်းဖို့ လိုအပ်နေတယ်ဆိုတာ သိနားလည်ပြီး လာမယ့်နွေရာသီဈေးကွက် ၂ခုအတွင်း ကစားသမား ၈ဦးအထိ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။