လာမယ့်ဈေးကွက် ၂ ခုမှာ လူသစ် ၄ ဦးခေါ်ဖို့ မန်ယူပစ်မှတ်ထားနေ

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ ကစားပုံဆိုးရွားနေတဲ့အပြင် တိုက်စစ်လည်းအရမ်းအားနည်းနေတဲ့အတွက် နည်းပြဆိုးလ်ရှားဟာ အသင်းကိုထပ်မံအင်အားဖြည့်ဖို့ ကြိုးစားနေပြီး လာမယ့်ဈေးကွက် ၂ ခုမှာကစားသမားသစ် ၄ ဦးအထိခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

မန်ယူဟာဒီရာသီမှာ ပြီးခဲ့တဲ့ သြဂုတ်နောက်ပိုင်း တစ်ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲမရှိခဲ့တဲ့အတွက် ပရိသတ်တွေကစိတ်ပျက်နေကြပါတယ်။ ဒါ့အပြင် တိုက်စစ်မှာလည်း ကစားသမားသစ်လိုအပ်နေသလို ပေါ့ဂ်ဘာရဲ့အနာဂတ်မသေချာတဲ့အတွက် ဗဟိုကွင်းလယ်လူတစ်ဦးအပြင် မက်ဂွိုင်းယားနဲ့ တွဲဖို့ ဗဟိုခံစစ်မှူ းတစ်ဦးကိုလည်း ထပ်မံခေါ်ယူလိုနေတာပါ။

Photo- Internet

ဆိုးလ်ရှားပစ်မှတ်ထားနေသူတွေထဲမှာ  ဒေါ့မန်က ဆန်ချို၊ လစ်ပ်ဇစ်က တီမိုဝါနာ၊  စပါးက အဲရစ်ဆင်၊ လက်စတာက ဂျိမ်းစ်မက်ဒီဆန်နဲ့ ဘင်ချီဝဲလ်၊ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်၊  စပါးကဗာတွန်ဂမ် တို့ဖြစ်ပါတယ်။ ဒါ့အပြင် ဗဟိုကွင်းလယ်မှာရော တောင်ပံကစားသမားအဖြစ်ပါကစားနိုင်စွမ်းရှိတဲ့ ဆိုဆီဒက်က အိုဒီဂတ် လည်းပါဝင်နေပါတယ်။ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်ကနေ ဆိုစီဒက်ဆီအငှားသွားကစားနေသူဖြစ်ပါတယ်။

Photo- Internet

အိုဒီဂတ်ဟာ ဆိုစီဒက်အတွက်ခြေစွမ်းပြနေလို့ အာဆင်နယ်၊ လီဗာပူး နဲ့ မန်စီးတီးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ဒီကစားသမားတွေကို ဈေးကွက်တစ်ခုတည်းမှာတင်ခေါ်ယူနိုင်မှာ မဟုတ်တဲ့အတွက် မန်ယူဟာ လာမယ့် ဇန်နဝါရီနဲ့ ၂၀၂၀ နွေရာသီဈေးကွက် ၂ ခုအတွင်းမှာခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Photo- Internet

မန်ယူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၇ ပွဲကစားခဲ့ရာမှာ ၂ ပွဲသာအနိုင်ရထားသေးလို့ အဆင့် ၁၀ ကိုရောက်ရှိနေပြီး ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ တောင်မလွယ်တော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရလို့ နည်းပြ ဆိုးလ်ရှားအပေါ်ဖိအားကျရောက်နေတယ်လို့လည်း သိရပါတယ်။

Photo- Internet

Zawgyi





