လာဘ်ထိုးဖို့လုပ်ခဲ့တယ်ဆိုတဲ့ မက်ဂွိုင်းယားအပေါ် စွပ်စွဲမှုတွေကို ကာရေဂါဒေါသတကြီးတုံ့ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဂရိနိုင်ငံ၊ မိုင်ကိုနော့စ်ကျွန်းက ရဲတပ်ဖွဲ့ဝင်တွေကို လာဘ်ထိုးဖို့လုပ်ခဲ့တယ်ဆိုတဲ့ မန်ယူနောက်ခံလူမက်ဂွိုင်းယားအပေါ် စွပ်စွဲမှုတွေကို လီဗာပူးနောက်ခံလူဟောင်းကာရေဂါက ဒေါသတကြီးတုံ့ပြန်လိုက်ပါတယ်။ အဆိုပါမန်ယူအသင်းခေါင်းဆောင်ဟာ သူဖမ်းဆီးခံရပြီးနောက် ရဲတွေကို လာဘ်ထိုးဖို့ ကြိုးစားခဲ့တယ်လို့ ဒီကနေ့လုပ်ခဲ့တဲ့တရားခွင်မှာ တရားလိုဘက်က စွပ်စွဲခဲ့တာပါ။

photo-credit

”ငါဘယ်သူလဲဆိုတာ မင်းသိလား။ ငါက မန်ယူအသင်းခေါင်းဆောင်ကွ။ ငါက အရမ်းချမ်းသာတယ်။ မင်းကို ငါ ပိုက်ဆံပေးနိုင်တယ်ကွာ။ ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေး”လို့ မက်ဂွိုင်းယားက ပြောခဲ့ကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့တာပါ။ မက်ဂွိုင်းယား အဲဒီလိုပြောတယ်လို့ တရားရုံးမှာ စွပ်စွဲခဲ့တာဟာ ရဲတစ်ယောက်ထဲမကပါဘူး။

photo-credit

အဲဒါနဲ့ပတ်သက်လို့ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ်လုပ်နေတဲ့ ကာရေဂါက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ ပေါက်ကွဲခဲ့တာပါ။ ဒါ့အပြင် သူ့ညီမကိုအကာအကွယ်ပေးဖို့ ကြားဝင်ခဲ့ပုံပေါ်တဲ့ မက်ဂွိုင်းယားဘက်ကနေ ကာရေဂါဟာ ကာကွယ်စကားပြောကြားခဲ့ပါသေးတယ်။

”တကယ်လို့ အဲဒါက လီဗာပူးကစားသမားတစ်ယောက်ဆိုရင် ကျွန်တော်ဆန့်ကျင်ဘက်ပြောနေတယ်လို့ ခင်ဗျားတို့ပြောကြမှာပေါ့။ သူ့ကလပ်က ဘယ်ကလပ်ပဲဖြစ်ဖြစ် ကျွန်တော်စိတ်မဝင်စားဘူး။ တကယ်လို့ သူ့ညီမက တိုက်ခိုက်ခံရတာဆိုရင် မက်ဂွိုင်းယားနဲ့သူ့ညီအစ်ကိုတို့ဟာ ၉၉ ရာခိုင်နှုန်းသောညီအစ်ကိုတွေလုပ်မယ့်အတိုင်း လုပ်ခဲ့တာပါ”လို့ ကာရေဂါက Twitter ပေါ်မှာ ရေးတင်ခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

လာဘ္ထုိးဖို႔လုပ္ခဲ့တယ္ဆိုတဲ့ မက္ဂြိဳင္းယားအေပၚ စြပ္စြဲမႈေတြကို ကာေရဂါေဒါသတႀကီးတု႔ံျပန္

ဂရိႏိုင္ငံ၊ မိုင္ကိုေနာ႔စ္ကၽြန္းက ရဲတပ္ဖြဲ႔၀င္ေတြကို လာဘ္ထိုးဖုိ႔လုပ္ခဲ့တယ္ဆိုတဲ့ မန္ယူေနာက္ခံလူမက္ဂြိဳင္းယားအေပၚ စြပ္စဲြမႈေတြကို လီဗာပူးေနာက္ခံလူေဟာင္းကာေရဂါက ေဒါသတႀကီးတုံ႔ျပန္လိုက္ပါတယ္။ အဆိုပါမန္ယူအသင္းေခါင္းေဆာင္ဟာ သူဖမ္းဆီးခံရၿပီးေနာက္ ရဲေတြကို လာဘ္ထုိးဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဒီကေန႔လုပ္ခဲ့တဲ့တရားခြင္မွာ တရားလုိဘက္က စြပ္စြဲခဲ့တာပါ။

”ငါဘယ္သူလဲဆုိတာ မင္းသိလား။ ငါက မန္ယူအသင္းေခါင္းေဆာင္ကြ။ ငါက အရမ္းခ်မ္းသာတယ္။ မင္းကို ငါ ပိုက္ဆံေပးႏိုင္တယ္ကြာ။ ေက်းဇူးျပဳၿပီး ငါ့ကိုလႊတ္ေပး”လုိ႔ မက္ဂြိဳင္းယားက ေျပာခဲ့ေၾကာင္း တရားခြင္မွာ ထြက္ဆိုခဲ့တာပါ။ မက္ဂြိဳင္းယား အဲဒီလုိေျပာတယ္လို႔ တရားရုံးမွာ စြပ္စြဲခဲ့တာဟာ ရဲတစ္ေယာက္ထဲမကပါဘူး။

အဲဒါနဲ႔ပတ္သက္လို႔ ရုပ္သံေ၀ဖန္သုံးသပ္သူအျဖစ္လုပ္ေနတဲ့ ကာေရဂါက ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ ေပါက္ကြဲခဲ့တာပါ။ ဒါ့အျပင္ သူ႔ညီမကိုအကာအကြယ္ေပးဖုိ႔ ၾကား၀င္ခဲ့ပုံေပၚတဲ့ မက္ဂြိဳင္းယားဘက္ကေန ကာေရဂါဟာ ကာကြယ္စကားေျပာၾကားခဲ့ပါေသးတယ္။

”တကယ္လုိ႔ အဲဒါက လီဗာပူးကစားသမားတစ္ေယာက္ဆုိရင္ ကၽြန္ေတာ္ဆန္႔က်င္ဘက္ေျပာေနတယ္လုိ႔ ခင္ဗ်ားတုိ႔ေျပာၾကမွာေပါ့။ သူ႔ကလပ္က ဘယ္ကလပ္ပဲျဖစ္ျဖစ္ ကၽြန္ေတာ္စိတ္မ၀င္စားဘူး။ တကယ္လုိ႔ သူ႔ညီမက တိုက္ခိုက္ခံရတာဆုိရင္ မက္ဂြိဳင္းယားနဲ႔သူ႔ညီအစ္ကိုတို႔ဟာ ၉၉ ရာခိုင္ႏႈန္းေသာညီအစ္ကိုေတြလုပ္မယ့္အတိုင္း လုပ္ခဲ့တာပါ”လုိ႔ ကာေရဂါက Twitter ေပၚမွာ ေရးတင္ခဲ့တာပါ။