လာဘ်ကောင်မလို အချင်းချင်း လက်တွဲပြီး ပွဲထွက်လို့ရတဲ့ ဂျာအိုဖီးလစ်နဲ့ ဂရစ်ဇ်မန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့ကတော့ အက်သလက်တီကိုတို့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ဂိုးသွင်းသူများ ကတော့ ကာရက်စ်ကို (၂၆) မိနစ်၊ ပက်ဇီလာ (၆၃) မိနစ် OG ၊ ဂျာအိုဖီးလစ် (၈၀) မိနစ် တို့ဖြစ်ပါတယ်။

ပွဲမစခင်အချိန်တုန်းကတော့ ဖီးလစ်နဲ့ ဂရစ်ဇ်မန်းတို့ဟာအချင်းချင်း လာဘ်ကောင်လေး တွေအဖြစ် အားယူခဲ့ကြပါတယ်။

ဖီးလစ်က ပွဲမစတင်မီ ဥမင်ထဲမှာ အသင်းဖော်တွေကို ရပ်စောင့်နေခဲ့တာ ဖြစ်ပါတယ်။

ဖီးလစ်တစ်ယောက် အပေါက်ဝနားမှာ အူကြောင်ကြောင်နဲ့ ရပ်နေတုန်း ဂရစ်ဇ်မန်းက ဖီးလစ်ရဲ့ ပုခုံးကိုပုတ်ခဲ့ပါတယ်။

အဲဒီနောက် ဂရစ်ဇ်မန်းက လာဘ်ကောင်ကလေးလေးတွေကို လက်တွဲသလိုမျိုးလေး ဖီးလစ်ကိုတွဲပြီး ၂ လှမ်း ၃ လှမ်းလောက် လျှောက်လိုက်ပါတယ်။

ပြီးတော့မှ မင်းက ကစားသမားပဲ လာဘ်ကောင်ထင်လို့ဆိုတဲ့ ပုံစံမျိုးနဲ့ ဖီးလစ်ကို စနောက်ခဲ့တာပါ။

ဖီးလစ်ကလည်း ဂရစ်ဇ်မန်းကမ်းတဲ့ လက်ကိုဆွဲပြီး လာဘ်ကောင်လို လိုက်သွားပါသေးတယ်။

ဖီးလစ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့သွားတဲ့ ဂရစ်ဇ်မန်းရဲ့နေရာမှာ အစားထိုးဖို့ အက်သလက်တီကိုက ငွေကြေးအများအပြား သုံးစွဲပြီး ခေါ်ယူခဲ့တဲ့အပြင် ဂရစ်ဇ်မန်းရဲ့ နံပါတ် ၇ ကိုပါ ရရှိခဲ့သူဖြစ်ပါတယ်။

တစ်ခါတလေ ဘောလုံးပွဲတွေမှာ လာဘ်ကောင်တွေနေရာကို ပရိသတ်အာရုံစိုက်အောင် ထူးထူးခြားခြား လုပ်တာမျိုးတွေ ရှိပါတယ်။

ကစားသမားတွေ သူတို့ရဲ့မိခင်တွေနဲ့ လက်တွဲပြီး ထွက်ခဲ့ဖူးတာမျိုးရှိသလို ၊ စော်အလန်းလေးတွေကို လာဘ်ကောင်အဖြစ် နေရာပေးတာမျိုးလည်း ရှိပါတယ်။

zawgyi





