လာပေ့ါတ် ဗီလိန်ဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ ပဲလေ့စ်ကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့မန်စီးတီး
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီပွဲကိုကြည့်ရင်းနဲ့ မနှစ်တုန်းက မော်ရင်ဟိုရဲ့စပါးအသင်းကို (၂-၀)ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲ၊ ၂၀၁၉-၂ဝရာသီက အိမ်ကွင်းမှာပဲ ဝုလ်ဗ်အသင်းကို မန်စီးတီး (၂-၀)ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲတွေကိုတောင် ပြန်သတိရမိလိုက်ပါသေးတယ်။
အဲဒီပွဲတွေမှာ ဂွါဒီယိုလာတစ်ယောက် ပြိုင်ဘက်ခံစစ်ကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာ အဖြေရှာမတွေ့ဖြစ်ခဲ့ပြီးအရှုံးပေးခဲ့ရသလို အခု ပဲလေ့စ်နဲ့ပွဲမှာလည်း ဒီအတိုင်းပဲ ထပ်ရင်ဆိုင်ခဲ့ရပြန်တယ်။
ဒီပွဲအတွက် ပဲလေ့စ်အသင်းနည်းပြဗီယာရာရဲ့ Match Plan က ချီးကျူးစရာကောင်းပြီး မန်စီးတီးအသင်းရဲ့တောင်ပံတိုက်စစ်တွေကို ထိန်းချုပ်ဖို့အတွက် Full Backs နှစ်ဦးဖြစ်တဲ့
ဂျိုဝဲလ်ဝ့ါဒ်၊ မစ်ရှဲလ်တို့ကို ကွင်းလယ်က ဂယ်လက်ဂါ၊ ကူယာတေး၊ မက်အာသာတို့နဲ့ချိတ်ဆက်ပြီးတော့ Space မပေးရအာင်ကစားစေခဲ့ပြီး ဂါလက်ဂါက Box To Box ပုံစံနဲ့ တိုက်စစ်ကို လိုက်ကစားခဲ့တယ်။
ညာနောက်ခံလူဂျိုဝဲလ်ဝါ့ဒ် ခြေစွမ်းပြနေလို့ ဂရီးလစ်ရှ်ရော၊ ဖိုဒန်ပါ လှုပ်လို့သိပ်မရခဲ့ဘဲ မန်စီးတီးအသင်းရဲ့တိုက်စစ်ဆင်မှုကို ပဲလေ့စ်ခံစစ်က (၁၈)ကိုက်နားမှာပဲ မရ,ရအောင်တားဆီးနိုင်ခဲ့တာကြောင့် မန်စီးတီးအပိုင်အခွင့်အရေးတောင် အများကြီးမရခဲ့ဘူး။
ဒီကြားထဲ ကွင်းလယ်ဗိုလ်ချုပ်ဖြစ်တဲ့ ဒီဘရိုင်းနား ခြေမပေါ်လို့ မန်စီးတီးအသင်းတိုက်စစ်ဆင်လာရင် ပဲ့လေ့စ်ပယ်နယ်တီဧရိယာနားမှာပဲ တဝဲလည်လည်ဖြစ်ပြီးတော့ ဘောလုံးပျက်သွားတာက ခဏခဏပါပဲ။
ဒီပွဲမှာ စိတ်ပျက်စရာအကောင်းဆုံးက နောက်ခံလူလာပေ့ါတ်ဖြစ်ပြီး သူ့အမှားကြောင့် အဖွင့်ဂိုးပေးလိုက်ရသလို ပထမပိုင်းပြီးခါနီးမှာ အနီကတ်နဲ့ပါအထုတ်ခံခဲ့ရပါတယ်။
ပထမပိုင်းပွဲစလို့ (၅)မိနစ်ကျော်ကျော်လောက်မှာပဲ လာပေ့ါတ်ရဲ့အမှားကနေ ပဲလေ့စ် Counter Attacking လုပ်ခဲ့ပြီး ဂယ်လက်ဂါ ထိုးပေးလိုက်တာကို ဇာဟာက အမှားအယွင်းမရှိကန်သွင်းခဲ့တာဖြစ်ပါတယ်။
ဇာဟာရဲ့ကန်ချက်က ဒီလောက်ကြီးကောင်းတာမဟုတ်ပေမယ့် ဂိုးသမားအီဒါဆင် Position နည်းနည်း Out သွားလို့ပေးလိုက်ရတယ်လို့လည်းပြောရမယ်။
ပဲလေ့စ်အသင်းမှာ ချီးကျူးရမှာက ဂယ်လက်ဂါဖြစ်ပြီး Skill က ဒီလောက်မဟုတ်သေးပေမယ့် ရှေ့တက်၊နောက်ဆင်းမှန်မှန်နဲ့ အကောင်းဆုံးကစားနိုင်ခဲ့တယ်။
အဲဒီနောက် မန်စီးတီးအသင်း တိုက်စစ်ဆင်ခဲ့ပေမယ့် ဂရီးလစ်ရှ်၊ ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဂျေးဆုတို့ကို ပဲလေ့စ်ခံစစ်က ထိန်းချုပ်နိုင်ခဲ့ပြီး
ပယ်နယ်တီဧရိယာအတွင်း ရိုဒရီရဲ့အပိုင်ကန်ချက် ဂိုးသမားဂူအီတာဆီ တည့်တည့်ရောက်သွားလို့ မန်စီးတီးနစ်နာခဲ့ရတယ်။
ပထမပိုင်းပြီးခါနီးမှာ ဇာဟာကို Foul လုပ်ခဲ့လို့ လာပေ့ါတ်တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရပြီး သူက Last Defender ဖြစ်နေတဲ့အတွက် ဒိုင်လူကြီးမာရင်နာရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ်။
မန်စီးတီးအတွက် ကံဆိုးတာက ဒုတိယပိုင်းမှာ ဖိုဒန်ရဲ့ပေးပို့မှုကနေ ဂျေးဆု ပိတ်သွင်းခဲ့ပေမယ့် ဖိုဒန်လူကျွံနေတာကြောင့် VAR က ဂိုးမပေးခဲ့ပါဘူး။
မန်စီးတီးအသင်းရဲ့ကစားဟန်က တောင်ပံတိုက်စစ်က အလုပ်မဖြစ်၊ ကွင်းလယ်ကလည်း လှုပ်နေတာကလွဲလို့ တိုက်စစ်ကို ထိရောက်တဲ့ ပ့ံပိုးမှုတွေမလုပ်နိုင်တာကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ပုံပေါက်နေပြီး
Out Of Option ဖြစ်နေတဲ့ ဂွါဒီယိုလာဟာ အပြောင်းအလဲများဖြစ်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ စတာလင်၊ မာရက်ဇ်တို့ကို ထည့်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပြန်ဘူး။
ဗီယာရာဟာ ပွဲပြီးခါနီးလောက်မှာ လူငယ်ကွင်းလယ်လူ အိုလီဆေးကို လူစားဝင်ကစားခိုင်းခဲ့ပြီး သူ့ရဲ့ထိုးဖောက်မှုကနေ ဂယ်လက်ဂါက ပဲလေ့စ်အသင်းနိုင်ပွဲသေချာစေမယ့် ဒုတိယဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ထိပ်ဆုံးက ချယ်လ်ဆီးအသင်း နိုင်ပွဲရခဲ့ချိန်မှာ ပဲလေ့စ်ကိုရှုံးနိမ့်ခဲ့တာကြောင့် ဂွါဒီယိုလာရဲ့ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ရေးမျှော်လင့်ချက်က ခက်ခဲစပြုလာပြီး အခုဆိုရင် ချယ်လ်ဆီးနဲ့(၅)မှတ်ကွာဟသွားပါပြီ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လာပေါ့တ် ဗီလိန်ဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ ပဲလေ့စ်ကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့မန်စီးတီး
ဒီပွဲမှာ စိတ်ပျက်စရာအကောင်းဆုံးက နောက်ခံလူလာပေါ့တ်ဖြစ်ပြီး သူ့အမှားကြောင့် အဖွင့်ဂိုးပေးလိုက်ရသလို ပထမပိုင်းပြီးခါနီးမှာ အနီကတ်နဲ့ပါအထုတ်ခံခဲ့ရပါတယ်။ ပထမပိုင်းပွဲစလို့ (၅)မိနစ်ကျော်ကျော်လောက်မှာပဲ လာပေါ့တ်ရဲ့အမှားကနေ ပဲလေ့စ် Counter Attacking လုပ်ခဲ့ပြီး ဂယ်လက်ဂါ ထိုးပေးလိုက်တာကို ဇာဟာက အမှားအယွင်းမရှိကန်သွင်းခဲ့တာဖြစ်ပါတယ်။