လာပေါ်တာ ဥက္ကဋ္ဌသစ်ဖြစ်လာပေမယ့် မက်ဆီကို ဆက်ထိန်းနိုင်ဖို့ မသေချာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်း ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ယိုဟန်လာပေါ်တာ အနိုင်ရခဲ့ပြီး သူက မက်ဆီကို ဆက်ထိန်းနိုင်ဖို့ အဓိကကြိုးပမ်းသွားမယ်လို့ အခိုင်အမာပြောနေပေမယ့်လည်း မက်ဆီဟာ နှစ်ပေါင်း(၂၀)ကြာကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲဖို့နီးစပ်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ လာမယ့်နွေရာသီကျရင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ မသေချာသေးပါဘူး။ အားကစားအစီအစဉ် ရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တဲ့ ခရစ္စရှန်မာတင်က ဥက္ကဋ္ဌရွေးကောက်ပွဲမှာ လာပေါ်တာ အနိုင်ရခဲ့ပေမယ့် မက်ဆီကတော့ သူ့အနာဂတ်ကို တခြားအသင်းတစ်သင်းနဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်လို့ သူ့ Twitter မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

မက်ဆီကို ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ PSG အသင်းတို့က စိတ်ဝင်စားနေကြပေမယ့် သူ့ရဲ့မြင့်မားတဲ့လစာငွေကြောင့် ခေါ်ယူဖို့ အခက်တွေ့နေကြတာပါ။

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ရုန်းကန်နေရတဲ့အပြင် ဒီရာသီ ချန်ပီယံလိဂ်မှာလည်း PSG အသင်းကို နှစ်ကျော့ပေါင်းရလဒ်(၅-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပြီဖြစ်ပြီး ၂၀၀၆-၀၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

နောက်ပြီး ဘာစီလိုနာအသင်းဘုတ်အဖွဲ့က အသင်းတိုက်စစ်မှူး ဆွာရက်ဇ်ကို အက်သလက်တီကိုအသင်းဆီ ရောင်းချခဲ့တဲ့အပေါ် မက်ဆီအပါအဝင် စီနီယာကစားသမားတချို့က မကျေမနပ်ဖြစ်ခဲ့သလို ဆွာရက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာ ခြေစွမ်းပြနေဆဲဖြစ်လို့ ဘာစီလိုနာအသင်းအတွက် မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ရပါတယ်။

မက်ဆီအနေနဲ့ ဘာစီလိုနာပရိသတ်တွေနဲ့ သံယောဇဉ်ကြီးမားနေဆဲဆိုပေမယ့် သူဟာ ဆုဖလားတွေ ထပ်မံရရှိဖို့နဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် တခြားထိပ်သီးအသင်းတစ်သင်းဆီ ပြောင်းရွှေ့မယ့်အနေအထားပါပဲ။

အခုလောလောဆယ်မှာလည်း ဘာစီလိုနာအသင်းဟာ ကိုဗစ်ရောဂါဆိုးရိုက်ခတ်မှုကြောင့် ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စီနီယာကစားသမားတွေရဲ့ လစာငွေကို လျှော့ချခဲ့ရပေမယ့် သူတို့အသင်းရဲ့ ကြွေးမြီပမာဏက အဆမတန်များနေတာကြောင့် မက်ဆီကို ဆက်ထိန်းထားနိုင်ဖို့ ခက်ခဲနေပါပြီ။

လက်ရှိဘောလုံးကလပ်တွေမှာလည်း မက်ဆီကို ခေါ်နိုင်လောက်တဲ့အနေအထားရှိတာဆိုလို့ PSG ၊ မန်စီးတီးအသင်းတို့သာရှိနေတာကြောင့် တကယ်လို့ မက်ဆီသာ ဘာစီလိုနာနဲ့ လမ်းခွဲဖြစ်ခဲ့ရင် ဘယ်အသင်းကိုရွေးချယ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာေပၚတာ ဥကၠ႒သစ္ျဖစ္လာေပမယ့္ မက္ဆီကို ဆက္ထိန္းႏိုင္ဖို႔ မေသခ်ာ

ဘာစီလိုနာအသင္း ဥကၠ႒ေ႐ြးေကာက္ပြဲမွာ ယိုဟန္လာေပၚတာ အႏိုင္ရခဲ့ၿပီး သူက မက္ဆီကို ဆက္ထိန္းႏိုင္ဖို႔ အဓိကႀကိဳးပမ္းသြားမယ္လို႔ အခိုင္အမာေျပာေနေပမယ့္လည္း မက္ဆီဟာ ႏွစ္ေပါင္း(၂၀)ၾကာကစားခဲ့တဲ့ ဘာစီလိုနာအသင္းနဲ႔ လမ္းခြဲဖို႔နီးစပ္ေနၿပီဆိုတဲ့ သတင္းေတြထြက္ေပၚေနပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ လာမယ့္ေႏြရာသီက်ရင္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ မေသခ်ာေသးပါဘူး။ အားကစားအစီအစဥ္ ႐ုပ္သံတင္ဆက္သူတစ္ဦးျဖစ္တဲ့ ခရစၥရွန္မာတင္က ဥကၠ႒ေ႐ြးေကာက္ပြဲမွာ လာေပၚတာ အႏိုင္ရခဲ့ေပမယ့္ မက္ဆီကေတာ့ သူ႔အနာဂတ္ကို တျခားအသင္းတစ္သင္းနဲ႔ ျဖတ္သန္းဖို႔ ဆုံးျဖတ္ထားတယ္လို႔ သူ႔ Twitter မွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။

မက္ဆီကို ေခၚယူဖို႔ ဥေရာပထိပ္သီးကလပ္ေတြျဖစ္တဲ့ မန္စီးတီး၊ PSG အသင္းတို႔က စိတ္ဝင္စားေနၾကေပမယ့္ သူ႔ရဲ႕ျမင့္မားတဲ့လစာေငြေၾကာင့္ ေခၚယူဖို႔ အခက္ေတြ႕ေနၾကတာပါ။ လက္ရွိအခ်ိန္မွာ ဘာစီလိုနာအသင္းဟာ ျပည္တြင္းၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈရဖို႔႐ုန္းကန္ေနရတဲ့အျပင္ ဒီရာသီ ခ်န္ပီယံလိဂ္မွာလည္း PSG အသင္းကို ႏွစ္ေက်ာ့ေပါင္းရလဒ္(၅-၂)ဂိုးနဲ႔ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရၿပီျဖစ္ၿပီး ၂၀၀၆-၀၇ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ရႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ခဲ့ရတာျဖစ္ပါတယ္။ ေနာက္ၿပီး ဘာစီလိုနာအသင္းဘုတ္အဖြဲ႕က အသင္းတိုက္စစ္မႉး ဆြာရက္ဇ္ကို အက္သလက္တီကိုအသင္းဆီ ေရာင္းခ်ခဲ့တဲ့အေပၚ မက္ဆီအပါအဝင္ စီနီယာကစားသမားတခ်ိဳ႕က မေက်မနပ္ျဖစ္ခဲ့သလို ဆြာရက္ဇ္ဟာ အက္သလက္တီကိုအသင္းမွာ ေျခစြမ္းျပေနဆဲျဖစ္လို႔ ဘာစီလိုနာအသင္းအတြက္ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ျဖစ္ခဲ့ရပါတယ္။ မက္ဆီအေနနဲ႔ ဘာစီလိုနာပရိသတ္ေတြနဲ႔ သံေယာဇဥ္ႀကီးမားေနဆဲဆိုေပမယ့္ သူဟာ ဆုဖလားေတြ ထပ္မံရရွိဖို႔နဲ႔ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔အတြက္ တျခားထိပ္သီးအသင္းတစ္သင္းဆီ ေျပာင္းေ႐ႊ႕မယ့္အေနအထားပါပဲ။

အခုေလာေလာဆယ္မွာလည္း ဘာစီလိုနာအသင္းဟာ ကိုဗစ္ေရာဂါဆိုး႐ိုက္ခတ္မႈေၾကာင့္ ဘ႑ာေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ စီနီယာကစားသမားေတြရဲ႕ လစာေငြကို ေလွ်ာ့ခ်ခဲ့ရေပမယ့္ သူတို႔အသင္းရဲ႕ ေႂကြးၿမီပမာဏက အဆမတန္မ်ားေနတာေၾကာင့္ မက္ဆီကို ဆက္ထိန္းထားႏိုင္ဖို႔ ခက္ခဲေနပါၿပီ။ လက္ရွိေဘာလုံးကလပ္ေတြမွာလည္း မက္ဆီကို ေခၚႏိုင္ေလာက္တဲ့အေနအထားရွိတာဆိုလို႔ PSG ၊ မန္စီးတီးအသင္းတို႔သာရွိေနတာေၾကာင့္ တကယ္လို႔ မက္ဆီသာ ဘာစီလိုနာနဲ႔ လမ္းခြဲျဖစ္ခဲ့ရင္ ဘယ္အသင္းကိုေ႐ြးခ်ယ္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။