လာကာဇက်လို အသံပြဲကြီးနဲ့ အော်ဟစ်မယ်ဆိုရင် ကစားသမားတွေ အဝါကတ်ပြခံရဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးကဏ္ဍနဲ့ပတ်သက်ပြီး စည်းမျဉ်းဥပဒေတွေကို ချမှတ်လေ့ရှိတဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (IFAB)က ဘောလုံးသမားတွေအနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခံရတဲ့အခါ မလိုအပ်ဘဲ အသံအကျယ်ကြီးအော်ဟစ်မယ်ဆိုရင် အဝါကတ်ပြခံရမယ်လို့ သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဘန်လေနဲ့အာဆင်နယ်တို့ကစားခဲ့တဲ့ပွဲမှာ ဘန်လေကစားသမား အဲရစ်ပီတာစ်က လာကာဇက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး လာကာဇက်ဟာ ကမ္ဘာ့စံချိန်တင်လောက်တဲ့ အသံပြဲကြီးနဲ့ အသည်းအသန်အော်ဟစ်ခဲ့တာကြောင့် ပရိသတ်တွေရော၊ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေအအဖြစ် ဆောင်ရွက်နေတဲ့ နာမည်ကျော်ဘောလုံးသမားတွေက လာကာဇက်ကို အကြီးအကျယ်လှောင်ပြောင်ခဲ့ကြပါတယ်။

ပိုဆိုးတာက ကွင်းထဲမှာ ပရိသတ်မရှိဘဲကစားရတာကြောင့် လာကာဇက်ရဲ့ အသံကြီးက ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်ခဲ့ပြီး ဒဏ်ရာအကြီးအကျယ်ရခဲ့သလားလို့တောင် ထင်မှတ်ရတာပါ။ ဒါပေမဲ့ အဲဒီပွဲကို တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် မာရီနာက အဲရစ်ပီတာစ်ကို အဝါကတ်ပြသခံခဲ့ပြီးနောက်မှာတော့ လာကာဇက်ဟာ ဘာမှမဖြစ်သလို ချက်ချင်းပဲပြေးလွှားကစားခဲ့တာကြောင့် အများဝေဖန်ချင်စရာဖြစ်ခဲ့ရပါတယ်။

အဲဒီပွဲအပြီးမှာ ဘန်လေနည်းပြရှောင်ဒိုက်စ်က လာကာဇက်ဟာ ကမ္ဘာ့စံချိန်တင်လောက်တဲ့ အသံနဲ့ အော်ဟစ်ခဲ့တယ်ဆိုပြီး လှောင်ပြောင်ခဲ့ပါသေးတယ်။

အဲဒီလိုအရှက်ရစရာကောင်းတဲ့အဖြစ်အပျက်တွေ ထပ်မဖြစ်ဖို့အတွက် IFAB က ဒိုင်လူကြီးတွေကို လုပ်ပိုင်ခွင့်ပိုပေးခဲ့ပြီး ဘောလုံးသမားတစ်ဦး ဟန်ဆောင်လှဲချရင် အဝါကတ်ပြခွင့်ရှိသလို ကစားသမားတွေအနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခံရတဲ့အခါ ပြိုင်ဘက်ကစားသမား အရေးယူခံရဖို့အတွက် လုပ်ကြံဇာတ်ခင်း အသံပြဲကြီးနဲ့အော်ဟစ်မယ်ဆိုရင် အဝါကတ်ပြခွင့်ရှိတယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အရင်တုန်းက ဘောလုံးပွဲတွေမှာ ပရိသတ်တွေရဲ့အသံကြောင့် ကစားသမားတစ်ဦး အသံပြဲနဲ့ အော်ဟစ်တာကို ဒိုင်လူကြီးတွေကြားချင်မှကြားပေမယ့် အခုအချိန်မှာတော့ ပရိသတ်မရှိဘဲကစားနေရတဲ့အတွက် ဟန်ဆောင်အော်ဟစ်မယ်ဆိုရင် ကွင်းလယ်ဒိုင်သာမကဘဲ ကွင်းဘေးနားက အရန်ကစားသမားတွေရော၊ နည်းပြတွေပါ အတိုင်းသားကြားနေရတာပါ။

ပရီးမီးယားလိဂ်နာမည်ကျော် ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်သူ ကလက်တန်ဘတ်က “ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးအဖြစ် ကျွန်တော်ဆောင်ရွက်တဲ့အချိန်တုန်းက ပရိသတ်တွေအသံနဲ့ ဆူညံနေတာကြောင့် ဘောလုံးသမားတွေ အော်ဟစ်တဲ့အသံကို မကြားမိခဲ့ပါဘူး။ အခုအချိန်မှာတော့ ဒိုင်လူကြီးတွေရော၊ ကျွန်တော်တို့လိုပွဲကြည့်တဲ့ပရိသတ်တွေပါ ကွင်းထဲမှာ အော်ဟစ်နေပြီဆိုရင် အကုန်လုံးကြားနေရတာပါ။

နောက်ထပ်ပြဿနာက ကွင်းဘေးက နည်းပြဧရိယာထဲကနေ ဒိုင်လူကြီးတွေကို လှမ်းအော်ပြီးစောဒကတက်တဲ့အသံတွေကိုပါ ကြားနေရတာဖြစ်ပါတယ်။ ဒိုင်လူကြီးတွေကတော့ သူတို့မြင်တဲ့အတိုင်း ပြစ်ဒဏ်ဘောသတ်မှတ်တာဖြစ်ပြီး အော်သံကြားတိုင်း ပြစ်ဒဏ်ဘောပေးတာမဟုတ်ပါဘူး။

အဲဒါကြောင့် ကစားသမားတွေ ပြစ်ဒဏ်ကျူးလွန်ခံရတဲ့အခါ အသံအကျယ်ကြီးအော်ဟစ်တာက အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ဒိုင်လူကြီးတွေကို လှည့်စားလို့ရမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာကာဇက္လို အသံၿပဲႀကီးနဲ႔ ေအာ္ဟစ္မယ္ဆိုရင္ ကစားသမားေတြ အဝါကတ္ျပခံရဖို႔ရွိ

ေဘာလုံးက႑နဲ႔ပတ္သက္ၿပီး စည္းမ်ဥ္းဥပေဒေတြကို ခ်မွတ္ေလ့ရွိတဲ့ ႏိုင္ငံတကာေဘာလုံးအဖြဲ႕ခ်ဳပ္ (IFAB)က ေဘာလုံးသမားေတြအေနနဲ႔ ျပစ္ဒဏ္က်ဴးလြန္ခံရတဲ့အခါ မလိုအပ္ဘဲ အသံအက်ယ္ႀကီးေအာ္ဟစ္မယ္ဆိုရင္ အဝါကတ္ျပခံရမယ္လို႔ သတိေပးခ်က္ထုတ္ျပန္လိုက္ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့စေနေန႔က ဘန္ေလနဲ႔အာဆင္နယ္တို႔ကစားခဲ့တဲ့ပြဲမွာ ဘန္ေလကစားသမား အဲရစ္ပီတာစ္က လာကာဇက္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီး လာကာဇက္ဟာ ကမာၻ႔စံခ်ိန္တင္ေလာက္တဲ့ အသံၿပဲႀကီးနဲ႔ အသည္းအသန္ေအာ္ဟစ္ခဲ့တာေၾကာင့္ ပရိသတ္ေတြေရာ၊ ေဘာလုံးပြဲေဝဖန္သုံးသပ္သူေတြအအျဖစ္ ေဆာင္႐ြက္ေနတဲ့ နာမည္ေက်ာ္ေဘာလုံးသမားေတြက လာကာဇက္ကို အႀကီးအက်ယ္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ပိုဆိုးတာက ကြင္းထဲမွာ ပရိသတ္မရွိဘဲကစားရတာေၾကာင့္ လာကာဇက္ရဲ႕ အသံႀကီးက က်ယ္က်ယ္ေလာင္ေလာင္ကို ထြက္ေပၚခဲ့ၿပီး ဒဏ္ရာအႀကီးအက်ယ္ရခဲ့သလားလို႔ေတာင္ ထင္မွတ္ရတာပါ။ ဒါေပမဲ့ အဲဒီပြဲကို တာဝန္ယူခဲ့တဲ့ ကြင္းလယ္ဒိုင္ မာရီနာက အဲရစ္ပီတာစ္ကို အဝါကတ္ျပသခံခဲ့ၿပီးေနာက္မွာေတာ့ လာကာဇက္ဟာ ဘာမွမျဖစ္သလို ခ်က္ခ်င္းပဲေျပးလႊားကစားခဲ့တာေၾကာင့္ အမ်ားေဝဖန္ခ်င္စရာျဖစ္ခဲ့ရပါတယ္။

အဲဒီပြဲအၿပီးမွာ ဘန္ေလနည္းျပေရွာင္ဒိုက္စ္က လာကာဇက္ဟာ ကမာၻ႔စံခ်ိန္တင္ေလာက္တဲ့ အသံနဲ႔ ေအာ္ဟစ္ခဲ့တယ္ဆိုၿပီး ေလွာင္ေျပာင္ခဲ့ပါေသးတယ္။ အဲဒီလိုအရွက္ရစရာေကာင္းတဲ့အျဖစ္အပ်က္ေတြ ထပ္မျဖစ္ဖို႔အတြက္ IFAB က ဒိုင္လူႀကီးေတြကို လုပ္ပိုင္ခြင့္ပိုေပးခဲ့ၿပီး ေဘာလုံးသမားတစ္ဦး ဟန္ေဆာင္လွဲခ်ရင္ အဝါကတ္ျပခြင့္ရွိသလို ကစားသမားေတြအေနနဲ႔ ျပစ္ဒဏ္က်ဴးလြန္ခံရတဲ့အခါ ၿပိဳင္ဘက္ကစားသမား အေရးယူခံရဖို႔အတြက္ လုပ္ႀကံဇာတ္ခင္း အသံၿပဲႀကီးနဲ႔ေအာ္ဟစ္မယ္ဆိုရင္ အဝါကတ္ျပခြင့္ရွိတယ္လို႔ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ အရင္တုန္းက ေဘာလုံးပြဲေတြမွာ ပရိသတ္ေတြရဲ႕အသံေၾကာင့္ ကစားသမားတစ္ဦး အသံၿပဲနဲ႔ ေအာ္ဟစ္တာကို ဒိုင္လူႀကီးေတြၾကားခ်င္မွၾကားေပမယ့္ အခုအခ်ိန္မွာေတာ့ ပရိသတ္မရွိဘဲကစားေနရတဲ့အတြက္ ဟန္ေဆာင္ေအာ္ဟစ္မယ္ဆိုရင္ ကြင္းလယ္ဒိုင္သာမကဘဲ ကြင္းေဘးနားက အရန္ကစားသမားေတြေရာ၊ နည္းျပေတြပါ အတိုင္းသားၾကားေနရတာပါ။

ပရီးမီးယားလိဂ္နာမည္ေက်ာ္ ဒိုင္လူႀကီးေဟာင္းတစ္ဦးျဖစ္သူ ကလက္တန္ဘတ္က “ပရီးမီးယားလိဂ္မွာ ဒိုင္လူႀကီးအျဖစ္ ကြၽန္ေတာ္ေဆာင္႐ြက္တဲ့အခ်ိန္တုန္းက ပရိသတ္ေတြအသံနဲ႔ ဆူညံေနတာေၾကာင့္ ေဘာလုံးသမားေတြ ေအာ္ဟစ္တဲ့အသံကို မၾကားမိခဲ့ပါဘူး။ အခုအခ်ိန္မွာေတာ့ ဒိုင္လူႀကီးေတြေရာ၊ ကြၽန္ေတာ္တို႔လိုပြဲၾကည့္တဲ့ပရိသတ္ေတြပါ ကြင္းထဲမွာ ေအာ္ဟစ္ေနၿပီဆိုရင္ အကုန္လုံးၾကားေနရတာပါ။ ေနာက္ထပ္ျပႆနာက ကြင္းေဘးက နည္းျပဧရိယာထဲကေန ဒိုင္လူႀကီးေတြကို လွမ္းေအာ္ၿပီးေစာဒကတက္တဲ့အသံေတြကိုပါ ၾကားေနရတာျဖစ္ပါတယ္။ ဒိုင္လူႀကီးေတြကေတာ့ သူတို႔ျမင္တဲ့အတိုင္း ျပစ္ဒဏ္ေဘာသတ္မွတ္တာျဖစ္ၿပီး ေအာ္သံၾကားတိုင္း ျပစ္ဒဏ္ေဘာေပးတာမဟုတ္ပါဘူး။ အဲဒါေၾကာင့္ ကစားသမားေတြ ျပစ္ဒဏ္က်ဴးလြန္ခံရတဲ့အခါ အသံအက်ယ္ႀကီးေအာ္ဟစ္တာက အေတြ႕အႀကဳံရင့္ေနၿပီျဖစ္တဲ့ ဒိုင္လူႀကီးေတြကို လွည့္စားလို႔ရမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။