လာကာဇက်တီရဲ့တစ်လုံးတည်းသောနောက်ကျဂိုးနဲ့ အဝေးကွင်းနိုင်ခဲ့တဲ့ အာဆင်နယ်

photo-daily mail

photo-gettyimages

အာဆင်နယ်ဟာ ဂရိကလပ်အိုလံပီယာကော့စ်နဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ တိုက်စစ်မှုးလာကာဇက်တီရဲ့တစ်လုံးတည်းသောနောက်ကျဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဝေးကွင်းမှာ ပေးဂိုးမရှိနိုင်ခဲ့တာဆိုတော့ အာတီတာရဲ့အသင်းဟာ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားတဲ့ သဘောလည်း ဖြစ်ပါတယ်။

photo-gettyimages

ဒီပွဲရဲ့အာဆင်နယ်ပွဲထွက်စာရင်းမှာ အိုဇေးလ်မပါတာကလွဲလို့ အူဘာမီယန်၊လာကာဇက်တီတို့နဲ့ တိုက်စစ်ပိုင်းက လူစုံခဲ့ပါတယ်။ စံချိန်တင်ကြေးရှင်ပီပီလည်း ဒုတိယပိုင်းမှာ ဝင်ကစားသွားတယ်။ ဒါပေမဲ့ နယူးကာဆယ်နဲ့ပွဲတုန်းကလိုပဲ အာဆင်နယ်ရဲ့ပထမပိုင်းကစားပုံဟာ ကျေျနပ်အားရစရာ မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း လာကာဇက်တီဟာ ပထမပိုင်းမှာ အကောင်းဆုံးအခွင့်အလမ်းတစ်ကြိမ်ရခဲ့ပါသေးတယ်။ အာဆင်နယ်အနေနဲ့ တစ်လုံးတည်းသောဂိုးရဖို့အတွက် စိတ်ရှည်ရှည်နဲ့စောင့်ခဲ့ရတာပါ။

photo-gettyimages

ဒုတိယပိုင်း ၈၁ မိနစ်ရောက်မှ လူငယ်ကစားသမားလေးဆာကာရဲ့ဂိုးရှေ့ဖြတ်ပို့ပေးမှုကနေ လာကာဇက်တီက တစ်လုံးတည်းသောအနိုင်ဂိုးအဖြစ် အနီးကပ်ပိတ်သွင်းခဲ့တာပါ။ လာကာဇက်တီဟာ ပြီးခဲ့တဲ့တနင်္ဂနွေ နယူးကာဆယ်နဲ့ပွဲမှာ ၉ ပွဲဆက်ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့သလို အခုပွဲမှာလည်း အရေးပါတဲ့ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့ဒီနိုင်ပွဲမှာ ဂိုးသမားဘန်းလီနိုရဲ့စွမ်းဆောင်မှုကလည်း အရေးပါခဲ့ပြီး သူဟာ လက်စွမ်းပြကာကွယ်မှု နှစ်ကြိမ်တိုင်လုပ်ခဲ့ရတာပါ။

[Zawgyi]

လာကာဇက္တီရဲ႕တစ္လုံးတည္းေသာေနာက္က်ဂိုးနဲ႔ အေ၀းကြင္းႏိုင္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ဟာ ဂရိကလပ္အိုလံပီယာေကာ့စ္နဲ႔ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ ပထမအေက်ာ့အေ၀းကြင္းပြဲစဥ္မွာ တိုက္စစ္မႈးလာကာဇက္တီရဲ႕တစ္လုံးတည္းေသာေနာက္က်ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။ အေ၀းကြင္းမွာ ေပးဂိုးမရွိႏိုင္ခဲ့တာဆုိေတာ့ အာတီတာရဲ႕အသင္းဟာ ေနာက္တစ္ဆင့္အတြက္ အေျခအေနေကာင္းသြားတဲ့ သေဘာလည္း ျဖစ္ပါတယ္။

ဒီပြဲရဲ႕အာဆင္နယ္ပြဲထြက္စာရင္းမွာ အုိေဇးလ္မပါတာကလြဲလို႔ အူဘာမီယန္၊လာကာဇက္တီတို႔နဲ႔ တိုက္စစ္ပိုင္းက လူစုံခဲ့ပါတယ္။ စံခ်ိန္တင္ေၾကးရွင္ပီပီလည္း ဒုတိယပိုင္းမွာ ၀င္ကစားသြားတယ္။ ဒါေပမဲ့ နယူးကာဆယ္နဲ႔ပြဲတုန္းကလုိပဲ အာဆင္နယ္ရဲ႕ပထမပိုင္းကစားပုံဟာ ေက််နပ္အားရစရာ မရွိခဲ့ပါဘူး။ ဒါေပမဲ့လည္း လာကာဇက္တီဟာ ပထမပိုင္းမွာ အေကာင္းဆုံးအခြင့္အလမ္းတစ္ႀကိမ္ရခဲ့ပါေသးတယ္။ အာဆင္နယ္အေနနဲ႔ တစ္လုံးတည္းေသာဂိုးရဖုိ႔အတြက္ စိတ္ရွည္ရွည္နဲ႔ေစာင့္ခဲ့ရတာပါ။

ဒုတိယပိုင္း ၈၁ မိနစ္ေရာက္မွ လူငယ္ကစားသမားေလးဆာကာရဲ႕ဂိုးေရွ႕ျဖတ္ပို႔ေပးမႈကေန လာကာဇက္တီက တစ္လုံးတည္းေသာအႏိုင္ဂိုးအျဖစ္ အနီးကပ္ပိတ္သြင္းခဲ့တာပါ။ လာကာဇက္တီဟာ ၿပီးခဲ့တဲ့တနဂၤေႏြ နယူးကာဆယ္နဲ႔ပြဲမွာ ၉ ပြဲဆက္ဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္ႏိုင္ခဲ့သလို အခုပြဲမွာလည္း အေရးပါတဲ့ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အာဆင္နယ္ရဲ႕ဒီႏိုင္ပြဲမွာ ဂိုးသမားဘန္းလီႏိုရဲ႕စြမ္းေဆာင္မႈကလည္း အေရးပါခဲ့ၿပီး သူဟာ လက္စြမ္းျပကာကြယ္မႈ ႏွစ္ႀကိမ္တိုင္လုပ္ခဲ့ရတာပါ။