
photo-the sun
photo-the sun
လမ်းလျှောက်ထွက်လာရင်း အသင်းကွင်းလယ်လူအယ်လီနဲ့တွေ့တော့ စပါးနည်းပြမော်ရင်ဟိုဟာ လမ်းတစ်ဖက်တစ်ချက်ကနေပဲ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေက ၂၄ နှစ်ပြည့်ခဲ့တဲ့အယ်လီဟာ လန်ဒန်မြောက်ပိုင်းက သူ့နေအိမ်ရှေ့အပြင်ဘက်မှာ ရှိနေခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာရှိရမယ်ဆိုတဲ့ထုတ်ပြန်ထားမှုကို လိုက်နာတဲ့အနေနဲ့ မော်ရင်ဟိုဟာ အယ်လီကို ခပ်လှမ်းလှမ်းကနေပဲ ဟက်ပီးဘတ်ဒေးလုပ်ခဲ့တာပါ။
photo-the sun
အဲဒီပေါ်တူဂီသားနည်းပြဟာ အခုအပတ်အစောပိုင်းကပဲ လန်ဒန်က ပန်းခြံတစ်ခုမှာ စပါးအသင်းသားအချို့နဲ့အတူ လေ့ကျင့်မှုပြုလုပ်စေခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။ အဲဒီကတည်းက မော်ရင်ဟိုဟာ သူ့အပြုအမူအတွက် တောင်းပန်ခဲ့ပြီး မွေးနေ့ရှင်အယ်လီနဲ့လမ်းမှာတွေ့တော့ ခပ်လှမ်းလှမ်းကပဲ စကားပြောခဲ့တာပါ။
photo-the sun
မော်ရင်ဟိုဟာ သူ့နည်းပြအဖွဲ့ဝင်အချို့နဲ့အတူ Mask တပ်ပြီး နေထွက်ချိန် လမ်းလျှောက်ထွက်နေတာ ဖြစ်ပါတယ်။ လမ်းလျှောက်ထွက်ရင်းနဲ့ တစ်နေရာအရောက်မှာ ဖုန်းထုတ်ပြီး ဓာတ်ပုံတောင် ရိုက်လိုက်ပါသေးတယ်။ မော်ရင်ဟိုနဲ့အယ်လီတို့ဟာ လန်ဒန်မြောက်ပိုင်းမှာ တစ်ရပ်ကွက်တည်းသားတွေဖြစ်ပြီး အယ်လီရဲ့အိမ်က မော်ရင်ဟိုရဲ့အိမ်နဲ့ဆို ၅ မိနစ်စာလမ်းလျှောက်ရသလောက်ပဲ ဝေးပါတယ်။
[Zawgyi]
လမ္းေပၚမွာေတြ႕ေတာ့ ခပ္လွမ္းလွမး္ကေန အယ္လီကို ေမြးေန႔ဆုေတာင္းေပးခဲ့တဲ့ ေမာ္ရင္ဟို
လမ္းေလွ်ာက္ထြက္လာရင္း အသင္းကြင္းလယ္လူအယ္လီနဲ႔ေတြ႕ေတာ့ စပါးနည္းျပေမာ္ရင္ဟိုဟာ လမ္းတစ္ဖက္တစ္ခ်က္ကေနပဲ ေမြးေန႔ဆုေတာင္းေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့စေနက ၂၄ ႏွစ္ျပည့္ခဲ့တဲ့အယ္လီဟာ လန္ဒန္ေျမာက္ပိုင္းက သူ႔ေနအိမ္ေရွ႕အျပင္ဘက္မွာ ရွိေနခဲ့တာျဖစ္ၿပီး ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ၆ ေပအကြာရွိရမယ္ဆုိတဲ့ထုတ္ျပန္ထားမႈကို လုိက္နာတဲ႔အေနနဲ႔ ေမာ္ရင္ဟိုဟာ အယ္လီကို ခပ္လွမး္လွမ္းကေနပဲ ဟက္ပီးဘတ္ေဒးလုပ္ခဲ့တာပါ။
အဲဒီေပၚတူဂီသားနည္းျပဟာ အခုအပတ္အေစာပိုင္းကပဲ လန္ဒန္က ပန္းၿခံတစ္ခုမွာ စပါးအသင္းသားအခ်ိဳ႕နဲ႔အတူ ေလ့က်င့္မႈျပဳလုပ္ေစခဲ့လုိ႔ ေ၀ဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရပါေသးတယ္။ အဲဒီကတည္းက ေမာ္ရင္ဟိုဟာ သူ႔အျပဳအမူအတြက္ ေတာင္းပန္ခဲ့ၿပီး ေမြးေန႔ရွင္အယ္လီနဲ႔လမ္းမွာေတြ႕ေတာ့ ခပ္လွမ္းလွမ္းကပဲ စကားေျပာခဲ့တာပါ။
ေမာ္ရင္ဟိုဟာ သူ႔နည္းျပအဖြဲ႕၀င္အခ်ိဳ႕နဲ႔အတူ Mask တပ္ၿပီး ေနထြက္ခ်ိန္ လမ္းေလွ်ာက္ထြက္ေနတာ ျဖစ္ပါတယ္။ လမ္းေလွ်ာက္ထြက္ရင္းနဲ႔ တစ္ေနရာအေရာက္မွာ ဖုန္းထုတ္ၿပီး ဓာတ္ပုံေတာင္ ရိုက္လုိက္ပါေသးတယ္။ ေမာ္ရင္ဟိုနဲ႔အယ္လီတို႔ဟာ လန္ဒန္ေျမာက္ပိုင္းမွာ တစ္ရပ္ကြက္တည္းသားေတြျဖစ္ၿပီး အယ္လီရဲ႕အိမ္က ေမာ္ရင္ဟုိရဲ႕အိမ္နဲ႔ဆုိ ၅ မိနစ္စာလမ္းေလွ်ာက္ရသေလာက္ပဲ ေ၀းပါတယ္။