

ချဲလ်ဆီးအသင်းဟာ နော်ဝေလူငယ်တိုက်စစ်မှူ း ဘရိုင်ယန်ဖီယာဘီမာ ကိုခေါ်ယူလိုက်ပြီးနောက် နည်းပြလမ်းပတ်လက်ထက် ပထမဆုံးခေါ်ယူမှုကိုပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ သူဟာအသက် ၁၆ နှစ်သာရှိသေးပြီး နော်ဝေကလပ် ထရိုမိုဆိုရဲ့ ကစားသမားလည်းဖြစ်ပါတယ်။
နော်ဝေလူငယ်လက်ရွေးစင်ဖြစ်တဲ့ ဖီယာဘီမာဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ချဲလ်ဆီးမှာ လာရောက်စမ်းသပ်ခံခဲ့ပြီးနောက် သူ့ခြေစွမ်းကို သဘောကျလို့ အခုလိုခေါ်ယူလိုက်တာဖြစ်ပါတယ်။ သူဟာလာမယ့် ဖေဖေါ်ဝါရီလ ၁၆ မှာအသက် ၁၇ နှစ်ပြည့်မှာဖြစ်ပြီး အဲဒီအချိန်ကျရင် ကလပ်နဲ့ပရော်ဖက်ရှင်နယ်စာချုပ်ကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။

သူဟာနော်ေ၀ လူငယ်အသင်းအတွက် ၈ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ချဲလ်ဆီးအကျီၤကိုကိုင်ကာ ကလပ်တာဝန်ရှိသူတွေနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ ချဲလ်ဆီးဟာ သူ့ကိုပေါင် ၁ သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ထရိုမိုဆိုအသင်းဟာ ဖီယာဘီမာရဲ့အနာဂတ်ပြောင်းရွှေ့မှုတွေမှာ ပြောင်းရွှေ့ကြေးတစ်စိတ်တစ်ပိုင်းကိုခံစားခွင့်ရှိမယ်လို့ လည်းသိရပါတယ်။

ချဲလ်ဆီးဟာ ဖီဖာရဲ့အပြောင်းအရွေ့ပိတ်ပင်တဲ့ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရခဲ့ပြီးနောက် ပထမဆုံးခေါ်ယူမှုက ဖီယာဘီမာ ဖြစ်လာပါတယ်။ သူဟာစနေနေ့က ချဲလ်ဆီးက ဘန်လေကို စတမ်းဖို့ဘရစ်ချ်မှာ ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲကိုလည်း လာကြည့်သွားခဲ့ပြီး ပွဲအပြီးမှာ အိုဒွိုင်းနဲ့ ဓါတ်ပုံအတူတွဲရိုက်သွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဖီယာဘီမာကို ယူ-၁၈ နဲ့ ယူ-၂၃ အသင်းတွေမှာစတင်အသုံးပြုသွားမှာဖြစ်ပြီး ခြေစွမ်းပြနိုင်ရင် ယူအီးအက်ဖ်အေရဲ့လူငယ်လိဂ်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ အခြားသတင်းတစ်ရပ်မှာတော့ ချဲလ်ဆီးဟာ ထရိုမိုဆိုနောက်ခံလူ ဂျိုဆက်ဖ်ဘက္ကေးကိုလည်းခေါ်ယူဖို့နီးစပ်နေတယ်လို့ ဖော်ပြသွားပါတယ်။

Zawgyi
လမး္ပတ္လက္ထက္ ပထမဆုံးေခၚယူလိုက္တာ ဘယ္သူလဲ…..
ခ်ဲလ္ဆီးအသင္းဟာ ေနာ္ေ၀လူငယ္တိုက္စစ္မွဴ း ဘရုိင္ယန္ဖီယာဘီမာ ကိုေခၚယူလိုက္ၿပီးေနာက္ နည္းျပလမ္းပတ္လက္ထက္ ပထမဆုံးေခၚယူမႈကိုျပဳလုပ္လိုက္တယ္လို႔ သိရပါတယ္။ သူဟာအသက္ ၁၆ ႏွစ္သာရွိေသးၿပီး ေနာ္ေ၀ကလပ္ ထရိုမိုဆိုရဲ႕ ကစားသမားလည္းျဖစ္ပါတယ္။
ေနာ္ေ၀လူငယ္လက္ေရြးစင္ျဖစ္တဲ႔ ဖီယာဘီမာဟာ ၿပီးခဲ့တဲ႔ဒီဇင္ဘာလက ခ်ဲလ္ဆီးမွာ လာေရာက္စမ္းသပ္ခံခဲ့ၿပီးေနာက္ သူ႔ေျခစြမ္းကို သေဘာက်လို႔ အခုလိုေခၚယူလိုက္တာျဖစ္ပါတယ္။ သူဟာလာမယ္႔ ေဖေဖၚ၀ါရီလ ၁၆ မွာအသက္ ၁၇ ႏွစ္ျပည့္မွာျဖစ္ၿပီး အဲဒီအခ်ိန္က်ရင္ ကလပ္နဲ႔ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးသြားမွာျဖစ္ပါတယ္။
သူဟာေနာ္ေ၀ လူငယ္အသင္းအတြက္ ၈ ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးအက်ီၤကိုကိုင္ကာ ကလပ္တာ၀န္ရွိသူေတြနဲ႔ ဓါတ္ပုံတြဲရိုက္ခဲ့ပါေသးတယ္။ ခ်ဲလ္ဆီးဟာ သူ႔ကိုေပါင္ ၁ သန္း၀န္းက်င္နဲ႔ေခၚယူခဲ့တာျဖစ္ၿပီး ထရိုမိုဆိုအသင္းဟာ ဖီယာဘီမာရဲ႕အနာဂတ္ေျပာင္းေရႊ႕မႈေတြမွာ ေျပာင္းေရႊ႕ေၾကးတစ္စိတ္တစ္ပိုင္းကိုခံစားခြင့္ရွိမယ္လို႔ လည္းသိရပါတယ္။
ခ်ဲလ္ဆီးဟာ ဖီဖာရဲ႕အေျပာင္းအေရြ႕ပိတ္ပင္တဲ႔ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ရခဲ့ၿပီးေနာက္ ပထမဆုံးေခၚယူမႈက ဖီယာဘီမာ ျဖစ္လာပါတယ္။ သူဟာစေနေန႔က ခ်ဲလ္ဆီးက ဘန္ေလကို စတမ္းဖို႔ဘရစ္ခ်္မွာ ၃-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲကိုလည္း လာၾကည့္သြားခဲ့ၿပီး ပြဲအၿပီးမွာ အိုဒြိဳင္းနဲ႔ ဓါတ္ပုံအတူတြဲရိုက္သြားခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာ ဖီယာဘီမာကို ယူ-၁၈ နဲ႔ ယူ-၂၃ အသငး္ေတြမွာစတင္အသုံးျပဳသြားမွာျဖစ္ၿပီး ေျခစြမ္းျပႏိုင္ရင္ ယူအီးအက္ဖ္ေအရဲ႕လူငယ္လိဂ္မွာ အသုံးျပဳသြားမွာျဖစ္ပါတယ္။ အျခားသတင္းတစ္ရပ္မွာေတာ႔ ခ်ဲလ္ဆီးဟာ ထရိုမိုဆိုေနာက္ခံလူ ဂိ်ဳဆက္ဖ္ဘေကၠးကိုလည္းေခၚယူဖို႔နီးစပ္ေနတယ္လို႔ ေဖာ္ျပသြားပါတယ္။