လမ်းပတ်နောက်ပိုင်း ဥရောပပြိုင်ပွဲမှာ ဝက်စ်ဟမ်းအတွက်အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် ဒီကလန်ရိုက်စ်မှတ်တမ်းဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဒီကလန်ရိုက်စ်ဟာ အသင်းနာမည်ကျော်ကစားသမားဟောင်းလမ်းပတ်နောက်ပိုင်း ဥရောပပြိုင်ပွဲတစ်ခုမှာ ဝက်စ်ဟမ်းအသင်းအတွက် အသက်အငယ်ဆုံးဂိုးသွင်းခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။

မနေ့က,ကစားခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲတွေမှာ ဝက်စ်ဟမ်းအသင်းက အဝေးကွင်းမှာ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းကို (၂-၀)ဂိုးနဲ့အနိုင်ယူပြီးတော့ အဖွင့်လှခဲ့ပြီး ဝက်စ်ဟမ်းအသင်းအတွက်ဂိုးတွေကို (၂၁)မိနစ်မှာ အန်တိုနီယို၊ ဒုတိယပိုင်းမိနစ်(၅၀)မှာ ဒီကလန်ရိုက်စ်တို့က သွင်းယူခဲ့ကြတာပါ။

ဒီကလန်ရိုက်စ်ဟာ ကိုယ့်ကွင်းဘက်ခြမ်းမှာ ဒိုင်နမိုဇာဂရက်ကစားသမားဆီကနေ ဘောလုံးလုယူပြီးတော့ ပြိုင်ဘက်နောက်ခံလူနှစ်ဦးကို ကျော်ဖြတ်ပြီး ဂိုးသမားရဲ့ခြေထောက်ကြားထဲ အနိမ့်ကန်ချက်နဲ့သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဒီကလန်ရိုက်စ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)က ဝက်စ်ဟမ်းအသင်းအတွက် လမ်းပတ်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် ဥရောပပြိုင်ပွဲတစ်ခုမှာ ဝက်စ်ဟမ်းအသင်းရဲ့ အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

၁၉၉၉-၀၀ ရာသီတုန်းက UEFA ဖလား(အခု ယူရိုပါလိဂ်)ပွဲစဉ်အဖြစ် NK Osijek အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လမ်းပတ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ဂိုးသွင်းယူခဲ့သလို

အဲဒီအချိန်က လမ်းပတ်ရဲ့အသက်ဟာ (၂၂)နှစ်၊ (၈၈)ရက်သာရှိသေးလို့ စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး အခု ဒီကလန်ရိုက်စ်က (၂၂)နှစ်၊ (၂၄၅)ရက်နဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့တာပါ။

ဝက်စ်ဟမ်းအကယ်ဒမီကနေ ထွက်ပေါ်ခဲ့သူ ဒီကလန်ရိုက်စ်ဟာ ၂၀၁၆-၁၇ ရာသီမှာ စီနီယာအသင်းအတွက်ပွဲထွက်ခွင့်ရခဲ့ပြီးနောက်ပိုင်း နောက်ရာသီကစလို့ အသင်းရဲ့အဓိကကွင်းလယ်လူအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး အခုဆိုရင် ပြိုင်ပွဲစုံမှာ ပွဲပေါင်း(၁၅၀)အထိကစားခဲ့ပြီးပါပြီ။

ဒိုင်နမိုဇာဂရက်နဲ့ပွဲကဂိုးဟာ ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းကစားသမားဘဝ (၆)ဂိုးမြောက်ဖြစ်သလို အဝေးကွင်းမှာ ပထမဆုံးအဖြစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ဒီကလန်ရိုက်စ်ဟာ အခုလက်ရှိအချိန်အထိ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လမ္းပတ္ေနာက္ပိုင္း ဥေရာပၿပိဳင္ပြဲမွာ ဝက္စ္ဟမ္းအတြက္အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ ဒီကလန္႐ိုက္စ္မွတ္တမ္းဝင္

ဝက္စ္ဟမ္းအသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူဒီကလန္႐ိုက္စ္ဟာ အသင္းနာမည္ေက်ာ္ကစားသမားေဟာင္းလမ္းပတ္ေနာက္ပိုင္း ဥေရာပၿပိဳင္ပြဲတစ္ခုမွာ ဝက္စ္ဟမ္းအသင္းအတြက္ အသက္အငယ္ဆုံးဂိုးသြင္းခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။ မေန႔က,ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္အုပ္စုအဖြင့္ပြဲေတြမွာ ဝက္စ္ဟမ္းအသင္းက အေဝးကြင္းမွာ ခ႐ိုေအးရွားကလပ္ ဒိုင္နမိုဇာဂရက္အသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့ အဖြင့္လွခဲ့ၿပီး ဝက္စ္ဟမ္းအသင္းအတြက္ဂိုးေတြကို (၂၁)မိနစ္မွာ အန္တိုနီယို၊ ဒုတိယပိုင္းမိနစ္(၅၀)မွာ ဒီကလန္႐ိုက္စ္တို႔က သြင္းယူခဲ့ၾကတာပါ။

ဒီကလန္႐ိုက္စ္ဟာ ကိုယ့္ကြင္းဘက္ျခမ္းမွာ ဒိုင္နမိုဇာဂရက္ကစားသမားဆီကေန ေဘာလုံးလုယူၿပီးေတာ့ ၿပိဳင္ဘက္ေနာက္ခံလူႏွစ္ဦးကို ေက်ာ္ျဖတ္ၿပီး ဂိုးသမားရဲ႕ေျခေထာက္ၾကားထဲ အနိမ့္ကန္ခ်က္နဲ႔သြင္းယူခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဒီကလန္႐ိုက္စ္ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၂၀)က ဝက္စ္ဟမ္းအသင္းအတြက္ လမ္းပတ္ဂိုးသြင္းယူခဲ့ၿပီးတဲ့ေနာက္ ဥေရာပၿပိဳင္ပြဲတစ္ခုမွာ ဝက္စ္ဟမ္းအသင္းရဲ႕ အသက္အငယ္ဆုံးဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။

၁၉၉၉-၀၀ ရာသီတုန္းက UEFA ဖလား(အခု ယူ႐ိုပါလိဂ္)ပြဲစဥ္အျဖစ္ NK Osijek အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ လမ္းပတ္ဟာ ဝက္စ္ဟမ္းအသင္းအတြက္ ဂိုးသြင္းယူခဲ့သလို အဲဒီအခ်ိန္က လမ္းပတ္ရဲ႕အသက္ဟာ (၂၂)ႏွစ္၊ (၈၈)ရက္သာရွိေသးလို႔ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ၿပီး အခု ဒီကလန္႐ိုက္စ္က (၂၂)ႏွစ္၊ (၂၄၅)ရက္နဲ႔ ဒုတိယေျမာက္အသက္အငယ္ဆုံးကစားသမားျဖစ္ခဲ့တာပါ။

ဝက္စ္ဟမ္းအကယ္ဒမီကေန ထြက္ေပၚခဲ့သူ ဒီကလန္႐ိုက္စ္ဟာ ၂၀၁၆-၁၇ ရာသီမွာ စီနီယာအသင္းအတြက္ပြဲထြက္ခြင့္ရခဲ့ၿပီးေနာက္ပိုင္း ေနာက္ရာသီကစလို႔ အသင္းရဲ႕အဓိကကြင္းလယ္လူအျဖစ္ ပါဝင္ကစားခြင့္ရခဲ့ၿပီး အခုဆိုရင္ ၿပိဳင္ပြဲစုံမွာ ပြဲေပါင္း(၁၅၀)အထိကစားခဲ့ၿပီးပါၿပီ။ ဒိုင္နမိုဇာဂရက္နဲ႔ပြဲကဂိုးဟာ ဒီကလန္႐ိုက္စ္အတြက္ ဝက္စ္ဟမ္းကစားသမားဘဝ (၆)ဂိုးေျမာက္ျဖစ္သလို အေဝးကြင္းမွာ ပထမဆုံးအျဖစ္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး ဒီကလန္႐ိုက္စ္ဟာ အခုလက္ရွိအခ်ိန္အထိ ဂိုးဖန္တီးမႈ(၆)ႀကိမ္ျပဳလုပ္ထားပါတယ္။