လမ်းပတ်နေရာ တူချယ်နဲ့ အစားထိုးဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းဟာ နည်းပြ ဖရန့်လမ်းပတ်နေရာကို သောမတ် တူချယ်နဲ့ အစားထိုးသွားဖို့ရှိကြောင်း The Athletic သတင်းစာအရ သိရပါတယ်။ လမ်းပတ်ဟာ တနင်္လာနေ့မှာ ချဲလ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ရှိနေပြီး ဂန္တဝင်ကစားသမားကို ပီအက်စ်ဂျီ မန်နေဂျာဟောင်းနဲ့ အစားထိုးမယ်လို့ သိရပါတယ်။

အသင်းပိုင်ရှင် အေဗရာဟီမိုဗစ်ကလည်း တူချယ်ကို စတမ်းဖို့ဒ်ဘရစ်ထံ ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ သောမတ်တူချယ်ကို လေးနှစ်ခွဲ စာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း သိရပါတယ်။

The Telegraph သတင်းစာအရ ဖရန့် လမ်းပတ်ဟာ လူတန်တောင်းအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဥ်အပြီး ( ၂၄ ) နာရီအတွင်း ချယ်ဆီးအသင်းနည်းပြ အဖြစ်ကနေ ထုတ်ပယ်ခံရဖို့ ရှိနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က လက်စတာ စီးတီးအသင်းကို ( ၂ – ၀ ) ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပြီး လမ်းပတ်က သူ့အနာဂတ်နဲ့ ပတ်သက်ပြီး သေချာမှုမရှိတော့ ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ Source ; The Athletic

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လမ္းပတ္ေနရာ တူခ်ယ္နဲ႔ အစားထိုးဖို႔ရွိေန

ခ်ဲလ္ဆီးအသင္းဟာ နည္းျပ ဖရန႔္လမ္းပတ္ေနရာကို ေသာမတ္ တူခ်ယ္နဲ႔ အစားထိုးသြားဖို႔ရွိေၾကာင္း The Athletic သတင္းစာအရ သိရပါတယ္။ လမ္းပတ္ဟာ တနလၤာေန႔မွာ ခ်ဲလ္ဆီးနည္းျပရာထူးကေန ထုတ္ပယ္ခံရဖို႔ရွိေနၿပီး ဂႏၲဝင္ကစားသမားကို ပီအက္စ္ဂ်ီ မန္ေနဂ်ာေဟာင္းနဲ႔ အစားထိုးမယ္လို႔ သိရပါတယ္။ အသင္းပိုင္ရွင္ ေအဗရာဟီမိုဗစ္ကလည္း တူခ်ယ္ကို စတမ္းဖို႔ဒ္ဘရစ္ထံ ေခၚယူဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေသာမတ္တူခ်ယ္ကို ေလးႏွစ္ခြဲ စာခ်ဳပ္ ခ်ဳပ္ဆိုဖြယ္ရွိေၾကာင္း သိရပါတယ္။ The Telegraph သတင္းစာအရ ဖရန႔္ လမ္းပတ္ဟာ လူတန္ေတာင္းအသင္းကို အႏိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္အၿပီး ( ၂၄ ) နာရီအတြင္း ခ်ယ္ဆီးအသင္းနည္းျပ အျဖစ္ကေန ထုတ္ပယ္ခံရဖို႔ ရွိေနေၾကာင္း သိရပါတယ္။

ၿပီးခဲ့တဲ့ အပတ္က လက္စတာ စီးတီးအသင္းကို ( ၂ – ၀ ) ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး လမ္းပတ္က သူ႔အနာဂတ္နဲ႔ ပတ္သက္ၿပီး ေသခ်ာမႈမရွိေတာ့ ေၾကာင္း ဝန္ခံေျပာၾကားခဲ့ပါတယ္။ Source ; The Athletic