လမ်းပတ်ဒေါသကိုသွားဆွလို့ သတင်းထောက်တွေ ပြန်ဖိုက်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြလမ်းပတ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီဝက် နောက်ဆုံးပွဲမှာ လက်စတာ အသင်း ကို အဝေးကွင်းမှာ ၂ – ၀ ရလဒ် နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ၊ ရာထူး က အထုတ်ခံရဖို့ ရေပန်းစားခဲ့ပါတယ်။ရာထူးက အဖယ်ရှားခံရဖို့နဲ့ ဆိုင်တဲ့မေးခွန်းတွေနဲ့ ပတ်သက်ပြီး မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြလမ်းပတ်တစ်ယောက် သတင်းထောက်တွေကို ရင့်ရင့်သီးသီး တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

”ကျွန်တော်တို့က နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ အရေးနိမ့်ခဲ့တယ်။ အဲဒီမတိုင်ခင်က အနိုင်ရခဲ့တယ်။ ကစားရတဲ့ ပွဲတိုင်းကိုတော့ ကျွန်တော်တို့လည်း နိုင်ချင်တာပေါ့။” “ဘောလုံးပွဲ တွေက တစ်ပွဲပြီး တစ်ပွဲ ကစားနေရတာ။ ဒီအတွက် ချက်ချင်း တုန့်ပြန်ကြရတာပါ ။ ရလဒ်တွေ ဆိုတာ အပြင်က တိုင်းတာတဲ့ အရာတွေ ဖြစ်ပါတယ် ။ ”

“ခင်ဗျားတို့က လိုရာဆွဲအတည်ပြုချက်တွေကိုအသုံးချပြီး သတင်းလုပ်နေကြတာ။ အဆိုးတုံ့ပြန်မှုတွေရအောင်လည်း ခင်ဗျားတို့က လုပ်ကြသေးတယ်။” “မှန်တာပြောရရင် လက်ရှိအချိန်မှာ ခင်ဗျားတို့ရေးနေတဲ့သတင်းအတိုအစတွေကို ဖတ်ရရင် အသင်းသားတွေကသူတို့ရဲ့ယုံကြည်မှုကပျောက်ဆုံးကြမယ်လို့ ကျွန်တော်ထင်ပါတယ်။”

“လိုရာဆွဲပြီး သတင်းတွေထုတ်နေတာ ဘာနဲ့တူလဲဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ အရေမရ၊အဖတ်မရအာချောင်နေတဲ့သူတွေက ပွဲဖြစ်အောင် တုံ့ပြန်မှုတစ်ခုခုရအောင်ကြိုးစားတာနဲ့ အတူတူနီးပါးလောက်ပါပဲ။”

“ကျွန်တော်တို့အဆင်ပြေနေတုန်းက ရေးတဲ့ သတင်းတိုတွေကိုလည်း ကျွန်တော်ဖတ်ခဲ့တာပါပဲ။ အဲဒါတွေကလည်း ဘာအတွက်မှကောင်းကျိုးမပေးပါဘူး။”” နည်းပြနေရာအတွက် အပြင်က ခန့်မှန်းမှုတွေကို နားမထောင်ဖို့လိုပါတယ် ။ဝေဖန်လျှောက်ပြောတာတွေက နေရာတိုင်းမှာ ရှိနေတတ်ပါတယ်။”

”ကျွန်တော်က ခပ်တုံးတုံး လူတစ်ယောက်မဟုတ်ပါဘူး။ထိပ်တန်းအဆင့် ကလပ်တစ်သင်းကို ကိုင်တွယ်ရတဲ့ ဖိအားအကြောင်းကို ကျွန်တော်သိပြီးသားပါ ။ ကျွန်တော်ကကိုယ့်အလုပ် ကိုယ်လုပ်နေသူပါ ။ အဲဒီအတွက်ကိုပဲ ကျွန်တော် ဂရုစိုက်ပါတယ်။ ” စတဲ့ စကားတွေနဲ့ နည်းပြလမ်းပတ်တစ်ယောက် သတင်းစာရှင်းလင်းပွဲမှာ ပွဲကြမ်းခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လမ္းပတ္ေဒါသကိုသြားဆြလို႔ သတင္းေထာက္ေတြ ျပန္ဖိုက္ခံရ

နည္းျပလမ္းပတ္ဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ရာသီဝက္ ေနာက္ဆုံးပြဲမွာ လက္စတာ အသင္း ကို အေဝးကြင္းမွာ ၂ – ၀ ရလဒ္ နဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ ၊ ရာထူး က အထုတ္ခံရဖို႔ ေရပန္းစားခဲ့ပါတယ္။ရာထူးက အဖယ္ရွားခံရဖို႔နဲ႔ ဆိုင္တဲ့ေမးခြန္းေတြနဲ႔ ပတ္သက္ၿပီး မေန႔က သတင္းစာ ရွင္းလင္းပြဲမွာ နည္းျပလမ္းပတ္တစ္ေယာက္ သတင္းေထာက္ေတြကို ရင့္ရင့္သီးသီး တုန႔္ျပန္ ေျဖၾကားခဲ့ပါတယ္။

”ကြၽန္ေတာ္တို႔က ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲမွာ အေရးနိမ့္ခဲ့တယ္။ အဲ ဒီမတိုင္ခင္က အႏိုင္ရခဲ့တယ္။ ကစားရတဲ့ ပြဲတိုင္းကိုေတာ့ ကြၽန္ေတာ္တို႔လည္း ႏိုင္ခ်င္တာေပါ့။” “ေဘာလုံးပြဲ ေတြက တစ္ပြဲၿပီး တစ္ပြဲ ကစားေနရတာ။ ဒီအတြက္ ခ်က္ခ်င္း တုန႔္ျပန္ၾကရတာပါ ။ ရလဒ္ေတြ ဆိုတာ အျပင္က တိုင္းတာတဲ့ အရာေတြ ျဖစ္ပါတယ္။”

“ခင္ဗ်ားတို႔က လိုရာဆြဲအတည္ျပဳခ်က္ေတြကိုအသုံးခ်ၿပီး သတင္းလုပ္ေနၾကတာ။ အဆိုးတုံ႔ျပန္မႈေတြရေအာင္ လည္း ခင္ဗ်ားတို႔က လုပ္ၾကေသးတယ္။” “မွန္တာေျပာရရင္ လက္ရွိအခ်ိန္မွာ ခင္ဗ်ားတို႔ေရးေနတဲ့သတင္းအတိုအစေတြကို ဖတ္ရရင္ အသင္းသားေတြကသူတို႔ရဲ႕ယုံၾကည္မႈကေပ်ာက္ဆုံးၾကမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။” “လိုရာဆြဲၿပီး သတင္းေတြထုတ္ေနတာ ဘာနဲ႔တူလဲဆိုေတာ့ ဆိုရွယ္မီဒီယာေပၚမွာ အေရမရ၊အဖတ္မရအာေခ်ာင္ေနတဲ့သူေတြက ပြဲျဖစ္ေအာင္ တုံ႔ျပန္မႈတစ္ခုခုရေအာင္ႀကိဳးစားတာနဲ႔ အတူတူနီးပါးေလာက္ပါပဲ။”

“ကြၽန္ေတာ္တို႔အဆင္ေျပေနတုန္းက ေရးတဲ့ သတင္းတိုေတြကိုလည္း ကြၽန္ေတာ္ဖတ္ခဲ့တာပါပဲ။အဲ ဒါေတြကလည္း ဘာအတြက္မွေကာင္းက်ိဳးမေပးပါဘူး။”” နည္းျပေနရာအတြက္ အျပင္က ခန႔္မွန္းမႈေတြကို နားမေထာင္ဖို႔လိုပါတယ္ ။ေဝဖန္ေလွ်ာက္ေျပာတာေတြက ေနရာတိုင္းမွာ ရွိေနတတ္ပါတယ္။” ”ကြၽန္​ေတာ္က ခပ္တုံးတုံး လူတစ္​ေယာက္မဟုတ္ပါဘူး။ထိပ္တန္းအဆင့္ ကလပ္ တစ္သင္း ကို ကိုင္တြယ္ရတဲ့ ဖိအား အေၾကာင္း ကို ကြၽန္ေတာ္ သိၿပီးသားပါ ။ ကြၽန္ေတာ္ကကိုယ့္အလုပ္ ကိုယ္လုပ္ေနသူပါ ။ အဲဒီအတြက္ကိုပဲ ကြၽန္ေတာ္ ဂ႐ုစိုက္ပါတယ္။ ” စတဲ့ စကား​ေတြနဲ႔ နည္းျပလမ္းပတ္တစ္​ေယာက္ သတင္းစာရွင္းလင္းပြဲမွာ ပြဲၾကမ္းခဲ့ပါတယ္။