လမ်းပတ်ဆီကနေ ဂုဏ်ပြုစကားရရှိခဲ့တဲ့ တူချယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးနည်းပြတွေကတော့ ရာထူးကဖယ်ခံရလည်း စိတ်မကောင်းဖြစ်တာကိုသပ်သပ်ခံစားကာ၊ နောက်တက်လာတဲ့ သူကို ဂုဏ်ပြုစကားဆိုကြပါသေးတယ်။

ချဲလ်ဆီး အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ လမ်းပတ်ဟာ သူ့ကို ကံကောင်းပါစေလို့ မက်ဆေ့ချ်ပေးပို့ခဲ့ကြောင်း နည်းပြသစ်တူချယ်က ထုတ်ဖော်ပြောကြားလာပါတယ်။

လမ်းပတ်ဟာပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း စီနီယာ အသင်း အတွက် ကစားသမားသစ် ၇ဦးကို ပေါင်သန်း ၂၂၀ ကျော် သုံးစွဲကာ ၊ ခေါ်ယူအားဖြည့်ခဲ့ပါတယ် ။ ရာထူးကနေအထုတ်မခံရမီ ၊ တစ်လအလွန် က လမ်းပတ် ဟာ ချဲလ်ဆီး အသင်း နဲ့ အတူ ပြိုင်ပွဲစုံ ၁၇ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ရရှိခဲ့ပါသေးတယ်။

ပရိသတ်အချို့ကတော့ လမ်းပတ်ကို အသင်းကနေထုတ်ပယ်လိုက်ကြတဲ့အတွက် ဝုဗ်အသင်းနဲ့ပွဲမှာ ကွင်းပြင်ပကနေ ဆန္ဒပြခဲ့ကြပါသေးတယ်။ဘယ်ကိစ္စမဆို သဘောမတူသူ၊ မကြိုက်သူက အနည်းနဲ့ အများတော့ရှိပါတယ်။ ဒါပေမယ့် ဆန္ဒပြတိုင်း အသင်းဘက်ကလမ်းပတ်ကို ပြန်ခန့်မှာမဟုတ်ပါဘူး။

ချဲလ်ဆီး ပရိသတ်တွေထဲမှာ သူ့အပေါ် ထောက်ခံသူ နဲ့ မထောက်ခံသူတွေ ဆိုပြီး အုပ်စု ကွဲနေတဲ့ကိစ္စ၊ နည်းပြဟောင်း လမ်းပတ်က ဂုဏ်ပြုစကားပြောတဲ့ ကိစ္စတွေကို နည်းပြသစ်တူချယ်က အခုလိုပြောထားပါတယ်။

“လမ်းပတ်ကို ထုတ်ပယ်လိုက်တဲ့အတွက် ပရိသတ်တွေစိတ်ပျက်နေကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အခြားသူတွေအကုန်လုံးအပေါ်မှာ လေးစားမှုအပြည့်ရှိပါတယ်။”

”ပရိသတ်တွေရဲ့ ထောက်ခံမှု မရတာက အသင်း အပေါ် အတော်လေး အခက်တွေ့စေမှာပါ ။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တို့ဟာလည်း တခြား ကလပ်တွေလိုပဲ ၊ အနောက်ကနေ ပံ့ပိုး ထောက်ခံပေးမယ့် ပရိသတ်တွေ လိုအပ်လို့ပါ။ပြီးတော့ ကျွန်တော်က လမ်းပတ်ရဲ့ အမာခံပရိသတ်ပါ။ သူကိုင်ခဲ့တဲ့ပွဲတွေကို ကျွန်တော်ကြည့်ဖြစ်ပါတယ်။”

“လမ်းပတ်ကိုကျွန်တော်လေးစားပြီးသားပါ။ သူ့ဆီကနေ လည်း ကျွန်တော့်ကို နည်းပြသစ် ရာထူး အတွက် အကောင်းဆုံး ဖြစ်ပါစေ ဆိုတဲ့ ဂုဏ်ပြု မက်ဆေ့ချ် ကို လက်ခံရရှိခဲ့ပါသေးတယ် ။ အနာဂတ် မှာ ဖြစ်နိုင်ရင် သူနဲ့ အတူ အပြင်မှာ ဆုံတွေ့ချင်ပါသေးတယ် ။ ”ဆိုပြီးပြောပါတယ်။

တူချယ်ရဲ့ပထမဆုံးပွဲကတော့ ရလဒ်မကောင်းခဲ့ဘဲ ဝုဗ် အသင်းကို သရေသာ ကန်နိုင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ တူချယ်ရဲ့ ချဲလ်ဆီးဟာ ဘန်လေ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လမ္းပတ္ဆီကေန ဂုဏ္ျပဳစကားရရွိခဲ့တဲ့ တူခ်ယ္

ေဘာလုံးနည္းျပေတြကေတာ့ ရာထူးကဖယ္ခံရလည္း စိတ္မေကာင္းျဖစ္တာကိုသပ္သပ္ခံစားကာ၊ ေနာက္တက္လာတဲ့ သူကို ဂုဏ္ျပဳစကားဆိုၾကပါေသးတယ္။ ခ်ဲလ္ဆီး အသင္းကေန ထုတ္ပယ္ခံခဲ့ရတဲ့ လမ္းပတ္ဟာ သူ႔ကို ကံေကာင္းပါေစလို႔ မက္ေဆ့ခ်္ေပးပို႔ခဲ့ေၾကာင္း နည္းျပသစ္တူခ်ယ္က ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ လမ္းပတ္ဟာၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေဈးကြက္ အတြင္း စီနီယာ အသင္း အတြက္ ကစားသမားသစ္ ၇ဦးကို ေပါင္သန္း ၂၂၀ ေက်ာ္ သုံးစြဲကာ ၊ ေခၚယူအားျဖည့္ခဲ့ပါတယ္ ။

ရာထူးကေနအထုတ္မခံရမီ ၊ တစ္လအလြန္ က လမ္းပတ္ ဟာ ခ်ဲလ္ဆီး အသင္း နဲ႔ အတူ ၿပိဳင္ပြဲစုံ ၁၇ပြဲဆက္ ရႈံးပြဲမရွိ မွတ္တမ္း ရရွိခဲ့ပါေသးတယ္။ ပရိသတ္အခ်ိဳ႕ကေတာ့ လမ္းပတ္ကို အသင္းကေနထုတ္ပယ္လိုက္ၾကတဲ့အတြက္ ဝုဗ္အသင္းနဲ႔ပြဲမွာ ကြင္းျပင္ပကေန ဆႏၵျပခဲ့ၾကပါေသးတယ္။ဘယ္ကိစၥမဆို သေဘာမတူသူ၊ မႀကိဳက္သူက အနည္းနဲ႔ အမ်ားေတာ့ရွိပါတယ္။ ဒါေပမယ့္ ဆႏၵျပတိုင္း အသင္းဘက္ကလမ္းပတ္ကို ျပန္ခန႔္မွာမဟုတ္ပါဘူး။ ခ်ဲလ္ဆီး ပရိသတ္ေတြထဲမွာ သူ႔အေပၚ ေထာက္ခံသူ နဲ႔ မေထာက္ခံသူေတြ ဆိုၿပီး အုပ္စု ကြဲေနတဲ့ကိစၥ၊ နည္းျပေဟာင္း လမ္းပတ္က ဂုဏ္ျပဳစကားေျပာတဲ့ ကိစၥေတြကို နည္းျပသစ္တူခ်ယ္က အခုလိုေျပာထားပါတယ္။

“လမ္းပတ္ကို ထုတ္ပယ္လိုက္တဲ့အတြက္ ပရိသတ္ေတြစိတ္ပ်က္ေနၾကမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္အျခားသူေတြအကုန္လုံးအေပၚမွာ ေလးစားမႈအျပည့္ရွိပါတယ္။” ”ပရိသတ္ေတြရဲ႕ ေထာက္ခံမႈ မရတာက အသင္း အေပၚ အေတာ္ေလး အခက္ေတြ႕ေစမွာပါ ။ ဘာလို႔လဲ ဆိုေတာ့ ကြၽန္ေတာ္ တို႔ဟာလည္း တျခား ကလပ္ေတြလိုပဲ ၊ အေနာက္ကေန ပံ့ပိုး ေထာက္ခံေပးမယ့္ ပရိသတ္ေတြ လိုအပ္လို႔ပါ။ၿပီးေတာ့ ကြၽန္ေတာ္က လမ္းပတ္ရဲ႕ အမာခံပရိသတ္ပါ။ သူကိုင္ခဲ့တဲ့ပြဲေတြကို ကြၽန္ေတာ္ၾကည့္ျဖစ္ပါတယ္။”

“လမ္းပတ္ကိုကြၽန္ေတာ္ေလးစားၿပီးသားပါ။ သူ႔ဆီကေန လည္း ကြၽန္ေတာ့္ကို နည္းျပသစ္ ရာထူး အတြက္ အေကာင္းဆုံး ျဖစ္ပါေစ ဆိုတဲ့ ဂုဏ္ျပဳ မက္ေဆ့ခ်္ ကို လက္ခံရရွိခဲ့ပါေသးတယ္ ။ အနာဂတ္ မွာ ျဖစ္ႏိုင္ရင္ သူနဲ႔ အတူ အျပင္မွာ ဆုံေတြ႕ခ်င္ပါေသးတယ္ ။ ”ဆိုၿပီး​ေျပာပါတယ္။ တူခ်ယ္ရဲ႕ပထမဆုံးပြဲကေတာ့ ရလဒ္မေကာင္းခဲ့ဘဲ ဝုဗ္ အသင္းကို သေရသာ ကန္ႏိုင္ခဲ့ပါတယ္။ တနဂၤေႏြေန႔မွာေတာ့ တူခ်ယ္ရဲ႕ ခ်ဲလ္ဆီးဟာ ဘန္ေလ အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။