လမ်းပတ်ကို အနိုင်ရဖို့ မော်ရင်ဟိုမျှော်လင့်ထား

photo internet

နည်းပြတွေပြောင်းလိုက်ရင် အဲဒီအသင်းရဲ့ရလဒ်တွေဟာ တစ်မျိုးတစ်မည်တော့ဖြစ်တတ်ပါတယ်။ နည်းပြသစ်မော်ရင်ဟိုကြောင့် စပါးအသင်းဟာ ရလဒ်တွေသိပ်မဆိုးတော့ဘဲ ချယ်လ်ဆီးအသင်းနဲ့ ရမှတ်ကွာဟတဲ့အနေအထား နည်းပါးလာခဲ့ပါတယ်။ ဒါကြောင့်စပါးနဲ့ချယ်လ်ဆီးတို့တွေ့ရမယ့်ပွဲဟာ အသင်းနှစ်သင်းစလုံးအတွက်သာမက နည်းပြတွေအတွက်လည်း အရမ်းအရေးပါပါတယ်။

photo internet

မော်ရင်ဟိုတစ်ယောက် မန်ချက်စတာနည်းပြဘဝမှာတုန်းက လမ်းပတ်ရဲ့အသင်းကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါကြောင့်အခုပြန်လည်တွေ့ဆုံတဲ့ပွဲဟာ ရှုံးကြွေးပြန်ဆပ်တဲ့ပွဲဖြစ်သွားနိုင်သလို၊ နောက်ထပ်ရှုံးကြွေးထပ်တိုးတဲ့ပွဲ လည်းဖြစ်သွားနိုင်ပါတယ်။ မော်ရင်ဟိုကတော့ သူဟာလမ်းပတ်ကိုသဘောကျပေမယ့် အခုတွေ့မယ့်ပွဲမှာတော့ လမ်းပတ်ကိုရှုံးစေချင်ကြောင်း ပြောဆိုလာပါတယ်။ အခုပွဲမှာ ဆရာ၊တပည့်နှစ်ယောက်ဘယ်သူက လက်စောင်းပိုထက်လဲဆိုတာတွေ့ရပါမယ်။

photo internet

“ကျွန်တော်အခုအချိန်အထိဘယ်နည်းပြကိုမှ ဝိုင်အတူတူသောက်ဖို့ မဖိတ်ဖူးပါဘူး။ ပွဲမစခင်နဲ့ပွဲအပြီးမှာတော့ ကျွန်တော်တို့တွေတစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်နှုတ်ဆက်ကြမှာပါ။ ပွဲရဲ့ရလဒ်ကဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ခံစားကြမှာပါ။မနှစ်က သူ့ကိုကျွန်တော်ရှုံးထားတာကြောင့် လာမယ့်တနင်္ဂနွေပွဲမှာတော့ သူ့ကိုကျွန်တော်ရှုံးစေချင်ပါတယ်”လို့ မော်ရင်ဟိုကပြောပါတယ်။

photo internet

ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ချယ်လ်ဆီးနဲ့ စပါးတို့ဟာ ရမှတ် ၃မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ ဒါကြောင့်အခုတွေ့ဆုံပွဲဟာ အကြိတ်အနယ်ဖြစ်နေပါတယ်။ နည်းပြလမ်းပတ်ကတော့ သူ့အနေနဲ့ သူ့ကိုယ်သူ မော်ရင်ဟိုကိုယ်ပွားအဖြစ်မခံဘူးလို့တော့ ပြောဆိုထားပါတယ်။ ပရိသတ်တွေရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ၊ အနိုင်ရမယ့်အသင်းက စပါးဖြစ်မှာလား၊ချယ်လ်ဆီးဖြစ်မှာပါလား?

photo internet

(Zawgyi Version)

လမ္းပတ္ကို အႏိုင္ရဖုိ႔ ေမာ္ရင္ဟိုေမွ်ာ္လင့္ထား

နည္းျပေတြေျပာင္းလုိက္ရင္ အဲဒီအသင္းရဲ႕ရလဒ္ေတြဟာ တစ္မ်ဳိးတစ္မည္ေတာ့ျဖစ္တတ္ပါတယ္။ နည္းျပသစ္ေမာ္ရင္ဟိုေၾကာင့္ စပါးအသင္းဟာ ရလဒ္ေတြသိပ္မဆုိးေတာ့ဘဲ ခ်ယ္လ္ဆီးအသင္းနဲ႔ ရမွတ္ကြာဟတဲ့အေနအထား နည္းပါးလာခဲ့ပါတယ္။ ဒါေၾကာင့္စပါးနဲ႔ခ်ယ္လ္ဆီးတို႔ေတြ႔ရမယ့္ပြဲဟာ အသင္းႏွစ္သင္းစလုံးအတြက္သာမက နည္းျပေတြအတြက္လည္း အရမ္းအေရးပါပါတယ္။

ေမာ္ရင္ဟိုတစ္ေယာက္ မန္ခ်က္စတာနည္းျပဘ၀မွာတုန္းက လမ္းပတ္ရဲ႕အသင္းကို ရႈံးနိမ့္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္အခုျပန္လည္ေတြ႕ဆုံတဲ့ပြဲဟာ ရႈံးေၾကြးျပန္ဆပ္တဲ့ပြဲျဖစ္သြားႏိုင္သလို၊ ေနာက္ထပ္ရႈံးေၾကြးထပ္တိုးတဲ့ပြဲ လည္းျဖစ္သြားႏိုင္ပါတယ္။ ေမာ္ရင္ဟုိကေတာ့ သူဟာလမ္းပတ္ကိုသေဘာက်ေပမယ့္ အခုေတြ႕မယ့္ပြဲမွာေတာ့ လမ္းပတ္ကိုရႈံးေစခ်င္ေၾကာင္း ေျပာဆိုလာပါတယ္။ အခုပြဲမွာ ဆရာ၊တပည့္ႏွစ္ေယာက္ဘယ္သူက လက္ေစာင္းပိုထက္လဲဆုိတာေတြ႕ရပါမယ္။

“ကၽြန္ေတာ္အခုအခ်ိန္အထိဘယ္နည္းျပကိုမွ ၀ိုင္အတူတူေသာက္ဖုိ႔ မဖိတ္ဖူးပါဘူး။ ပြဲမစခင္နဲ႔ပြဲအၿပီးမွာေတာ့ ကၽြန္ေတာ္တို႔ေတြတစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႕ဖက္ႏႈတ္ဆက္ၾကမွာပါ။ ပြဲရဲ႕ရလဒ္ကဘယ္လိုပဲျဖစ္ပါေစ ကၽြန္ေတာ္တို႔ လြတ္လြတ္လပ္လပ္ခံစားၾကမွာပါ။မႏွစ္က သူ႔ကိုကၽြန္ေတာ္ရႈံးထားတာေၾကာင့္ လာမယ့္တနဂၤေႏြပြဲမွာေတာ့ သူ႔ကိုကၽြန္ေတာ္ရႈံးေစခ်င္ပါတယ္”လို႔ ေမာ္ရင္ဟုိကေျပာပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ ခ်ယ္လ္ဆီးနဲ႔ စပါးတို႔ဟာ ရမွတ္ ၃မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။ ဒါေၾကာင့္အခုေတြ႕ဆုံပြဲဟာ အႀကိတ္အနယ္ျဖစ္ေနပါတယ္။ နည္းျပလမ္းပတ္ကေတာ့ သူ႔အေနနဲ႔ သူ႔ကိုယ္သူ ေမာ္ရင္ဟိုကိုယ္ပြားအျဖစ္မခံဘူးလို႔ေတာ့ ေျပာဆိုထားပါတယ္။ ပရိသတ္ေတြရဲ႕အျမင္ကေရာဘယ္လုိရိွပါသလဲ၊ အႏိုင္ရမယ့္အသင္းက စပါးျဖစ္မွာလား၊ခ်ယ္လ္ဆီးျဖစ္မွာပါလား?