လမ်းပတ်ကို လစာဆက်ပေးနေရတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းအနေနဲ့ နည်းပြ ဖရန့် လမ်းပတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပယ်ခဲ့ပေမယ့် လစာဆက်ပေးနေရကြောင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ နာမည်ကြီး The Sun သတင်းစာအရ လမ်းပတ်အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ် နည်းပြဘဝမှာ သဘောတူညီခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ( ၇၅ ၀၀၀ ) ကို ဇူလိုင်လကုန်ထိ ဆက်လက် ရရှိမယ်လို့ သိရပါတယ်။

ဒါပေမယ့် လမ်းပတ်က ဇူလိုင်လ မတိုင်ခင် ဘောလုံးအသင်း တစ်သင်းရဲ့ နည်းပြရာထူးကို တာဝန်ယူ ကိုင်တွယ်ပါက အဆိုပါ သဘောတူညီမှု ပျက်ပြယ်သွားဖို့ ရှိပါတယ်။ အင်္ဂလန် ကွင်းလယ်ကစားသမားဟောင်းဟာ မကြာသေးမီက ဘုန်းမောက် အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လမ်းပတ်က ဒါဘီ နှင့် ချဲလ်ဆီးအသင်းေတွကို ( ၃ ) ရာသီကြာ ကိုင်တွယ်ခဲ့ပြီးေနာက် လက်ရှိ ေဘာလုံးေလာကနဲ့ ကင်းကွာနေချိန်မှာ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဖရန့် လမ်းပတ်နေရာမှာ ပီအက်စ်ဂျီနည်းပြဟောင်း သောမတ် တူချယ်နဲ့ အစားထိုးခဲ့ပါတယ်။ တူချယ်အနေနဲ့ ချဲလ်ဆီးနည်းပြ ဘဝ ပထမဆုံး ( ၅ )ပွဲမှာ ရှုံးပွဲမရှိသေးပဲ ( ၄ ) ပွဲ အနိုင်ရရှိထားကာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ( ၅ ) နေရာမှာ ရပ်တည်နေပါတယ်။

Zawgyi

လမ္းပတ္ကို လစာဆက္ေပးေနရတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းအေနနဲ႔ နည္းျပ ဖရန႔္ လမ္းပတ္ကို ၿပီးခဲ့တဲ့ ဇန္နဝါရီလက ထုတ္ပယ္ခဲ့ေပမယ့္ လစာဆက္ေပးေနရေၾကာင္း သတင္းအရင္းအျမစ္ေတြအရ သိရပါတယ္။

နာမည္ႀကီး The Sun သတင္းစာအရ လမ္းပတ္အေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ နည္းျပ ဘဝမွာ သေဘာတူညီခဲ့တဲ့ တစ္ပတ္လုပ္ခ ေပါင္ ( ၇၅ ၀၀၀ ) ကို ဇူလိုင္လကုန္ထိ ဆက္လက္ ရရွိမယ္လို႔ သိရပါတယ္။

ဒါေပမယ့္ လမ္းပတ္က ဇူလိုင္လ မတိုင္ခင္ ေဘာလုံးအသင္း တစ္သင္းရဲ႕ နည္းျပရာထူးကို တာဝန္ယူ ကိုင္တြယ္ပါက အဆိုပါ သေဘာတူညီမႈ ပ်က္ျပယ္သြားဖို႔ ရွိပါတယ္။ အဂၤလန္ ကြင္းလယ္ကစားသမားေဟာင္းဟာ မၾကာေသးမီက ဘုန္းေမာက္ အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

လမ္းပတ္က ဒါဘီ ႏွင့္ ခ်ဲလ္ဆီးအသင္းေတြကို ( ၃ ) ရာသီၾကာ ကိုင္တြယ္ခဲ့ၿပီးေနာက္ လက္ရွိ ေဘာလုံးေလာကနဲ႔ ကင္းကြာေနခ်ိန္မွာ မိသားစုနဲ႔အတူ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းလ်က္ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဖရန႔္ လမ္းပတ္ေနရာမွာ ပီအက္စ္ဂ်ီနည္းျပေဟာင္း ေသာမတ္ တူခ်ယ္နဲ႔ အစားထိုးခဲ့ပါတယ္။ တူခ်ယ္အေနနဲ႔ ခ်ဲလ္ဆီးနည္းျပ ဘဝ ပထမဆုံး ( ၅ )ပြဲမွာ ရႈံးပြဲမရွိေသးပဲ ( ၄ ) ပြဲ အႏိုင္ရရွိထားကာ လက္ရွိမွာ အမွတ္ေပးဇယား အဆင့္ ( ၅ ) ေနရာမွာ ရပ္တည္ေနပါတယ္။