လမ်းပတ်ကို ချဲလ်ဆီးနည်းပြ အဖြစ်ကနေ ယနေ့ ထုတ်ပယ် သွားဖွယ်ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

The Athletic သတင်းစာအရ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ ထုတ်ပယ်ခံရဖို့ အနီးစပ်ဆုံး အနေအထား ရာက်ရှိနေကြောင်း သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ လမ်းပတ်ကို ထုတ်ပယ်ဖို့ ရည်ရွယ်ေနပြီး ယနေ့ အတည်ပြုချက် ထွက်လာနိုင်တယ်လို့ သိရပါတယ်။

လမ်းပတ်ဟာ ဒီရာသီမှာ ရလာဒ်တွေ ဆိုးရွားနေပြီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ရဲ့ ( ၁၄ ) ကြိမ် မြောက် ထုတ်ပယ်ခံရတဲ့ နည်းပြဖြစ်လာဖို့ ရေပန်းစားနေပါတယ် ။
The Telegraph သတင်းစာရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ လမ်းပတ်အပေါ် စိတ်ရှည်မှု ကုန်ဆုံးသွားပြီး စတမ်းဖို့ဒ်ဘရစ်မှာ ( ၁၈ ) လတာ တာဝန်ထမ်းဆောင်ပြီးနောက် ထုတ်ပယ်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။


ဖရန့် လမ်းပတ်ကို လူတန်တောင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်အပြီး ( ၂၄ ) နာရီအတွင်း ထုတ်ပယ်ဖွယ်ရှိနေပါတယ်။ ထုတ်ပယ်ကြောင်းအတည်ပြုချက်ကို ယနေ့ ကြေညာသွားဖွယ်ရှိပြီး ချဲလ်ဆီးကစားသမားတွေကိုလည်း နေ့လည်မတိုင်ခင်ထိ လေ့ကျင့်ရေးကွင်းကို မလာရောက်ဖို့ ပြောကြားထားကြောင်း သိရပါတယ်။

ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးအသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် နှင့် အက်ဖ်အေဖလား ဗိုလ်လုပွဲ ‌ေရာက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ Source ;The Telegraph

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လမ္းပတ္ကို ခ်ဲလ္ဆီးနည္းျပ အျဖစ္ကေန ယေန႔ ထုတ္ပယ္ သြားဖြယ္ရွိေန

The Athletic သတင္းစာအရ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ ထုတ္ပယ္ခံရဖို႔ အနီးစပ္ဆုံး အေနအထား ရာက္ရွိေနေၾကာင္း သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လမ္းပတ္ကို ထုတ္ပယ္ဖို႔ ရည္႐ြယ္ေနၿပီး ယေန႔ အတည္ျပဳခ်က္ ထြက္လာႏိုင္တယ္လို႔ သိရပါတယ္။ လမ္းပတ္ဟာ ဒီရာသီမွာ ရလာဒ္ေတြ ဆိုး႐ြားေနၿပီး အသင္းပိုင္ရွင္ ေအဗရာမိုဗစ္ရဲ႕ ( ၁၄ ) ႀကိမ္ ေျမာက္ ထုတ္ပယ္ခံရတဲ့ နည္းျပျဖစ္လာဖို႔ ေရပန္းစားေနပါတယ္။

The Telegraph သတင္းစာရဲ႕ အဆိုအရ ခ်ဲလ္ဆီးအသင္းဟာ လမ္းပတ္အေပၚ စိတ္ရွည္မႈ ကုန္ဆုံးသြားၿပီး စတမ္းဖို႔ဒ္ဘရစ္မွာ ( ၁၈ ) လတာ တာဝန္ထမ္းေဆာင္ၿပီးေနာက္ ထုတ္ပယ္ဖို႔ ရည္႐ြယ္ေနတာ ျဖစ္ပါတယ္။ ဖရန႔္ လမ္းပတ္ကို လူတန္ေတာင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အၿပီး ( ၂၄ ) နာရီအတြင္း ထုတ္ပယ္ဖြယ္ရွိေနပါတယ္။

ထုတ္ပယ္ေၾကာင္းအတည္ျပဳခ်က္ကို ယေန႔ ေၾကညာသြားဖြယ္ရွိၿပီး ခ်ဲလ္ဆီးကစားသမားေတြကိုလည္း ေန႔လည္မတိုင္ခင္ထိ ေလ့က်င့္ေရးကြင္းကို မလာေရာက္ဖို႔ ေျပာၾကားထားေၾကာင္း သိရပါတယ္။ ဖရန႔္လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ ႏွင့္ အက္ဖ္ေအဖလား ဗိုလ္လုပြဲ ‌ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ Source ;The Telegraph