
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒေါ့မွန်အသင်းရဲ့ နော်ဝေနာမည်ကျော်လူငယ်တိုက်စစ်မှူးဟာလန်းဟာ ဒဏ်ရာပြဿနာကြောင့် လမ်းလျှောက်ဖို့တောင် ခက်ခက်ခဲခဲကြိုးစားနေရပြီး နော်ဝေအသင်းကစားဖို့ရှိနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။
အသက်(၂၁)နှစ်အရွယ်ရှိပြီဖြစ်သူဟာလန်းဟာ ကြွက်သားဒဏ်ရာရရှိနေတာဖြစ်ပြီး ဒေ့ါမွန်အသင်းကစားခဲ့တဲ့နောက်ဆုံး(၃)ပွဲမှာ အသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။
နော်ဝေအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် တူရကီ၊ မွန်တီနီဂရိုးတို့နဲ့ကစားရမှာဖြစ်လို့ အဲဒီပွဲတွေအမီ ဟာလန်းအနေနဲ့ ဒဏ်ရာကပြန်သက်သာလာဖို့မျှော်လင့်ထားပေမယ့်
ဟာလန်းက လက်ရွေးစင်အသင်းအတွက် သူကစားနိုင်မှာမဟုတ်ဘူးဆိုတာကို ပြီးခဲ့တဲ့တနင်္လာနေ့က အသိပေးအကြောင်းကြားခဲ့ပါတယ်။
ဟာလန်းက သူ့ရဲ့ Twitter မှာ “သူငယ်ချင်းတို့ရေ ..လက်ရွေးစင်အသင်းကစားမယ့်ပွဲတွေမှာ ပါဝင်နိုင်မှာမဟုတ်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။
ကိုယ့်ဒဏ်ရာအနေအထား ကောင်းမွန်လာအောင်ကြိုးစားနေရလို့ပါ။
နော်ဝေအသင်းကံကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်”ဆိုပြီး Post တင်ခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ အခုဒဏ်ရာကြောင့် မိုချန်ဂလာဘတ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပါအဝင် စပို့တင်းလစ္စဘွန်း၊ အော့စ်ဘတ်အသင်းတို့နဲ့ကစားခဲ့တဲ့ပွဲတွေကို လွဲချော်ခဲ့တာပါ။
အော့စ်ဘတ်နဲ့ပွဲအပြီးအင်တာဗျူးမှာ ဒေ့ါမွန်အသင်းနည်းပြမာကိုရို့စ်က “ဟာလန်းဟာ ဘောလုံးပြန်ကစားနိုင်ဖို့ ပြန်ကြိုးစားနေတာဖြစ်ပါတယ်။
သူ့အကြောင်းကိုသိတဲ့လူတွေဆိုရင် ဟာလန်းဟာ ဘောလုံးကစားဖို့ပဲအမြဲဆန္ဒပြင်းပြနေတာကို နားလည်ပြီးသားပါပဲ။
မိုချန်ဂလာဘတ်နဲ့ပွဲကစလို့ ချန်ပီယံလိဂ်ပွဲ၊ အခု(အော့စ်ဘတ်)ပွဲမှာလည်း အသင်းအတွက် ဟာလန်း မကစားနိုင်ခဲ့ပါဘူး။
သူက ကျွန်တော့်ကို ‘ဆရာ ..ကျွန်တော်ဘောလုံးပြန်ကစားချင်ပေမယ့် အခုက စိတ်ရှိတိုင်းလှုပ်ရှားလို့မရတဲ့အခြေအနေဖြစ်နေလို့ပါ…
လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ပါဘူး’လို့ အသိပေးခဲ့ပါတယ်။
ဟာလန်းမကစားနိုင်လို့ နော်ဝေဘောလုံးအဖွဲ့ချုပ် စိတ်ပျက်နေမှာကို ကျွန်တော်ကိုယ်ချင်းစာမိပေမယ့် ဟာလန်းဟာ လူသားတစ်ယောက်ဖြစ်ပြီး စက်ရုပ်မဟုတ်ပါဘူး။
အခုလောလောဆယ် ဟာလန်းကို ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ထပ်တလဲလဲမေးနေတာထက် သူ့ဒဏ်ရာတိုးတက်ကောင်းမွန်အောင် အချိန်ပေးစောင့်ကြည့်တာက အကောင်းဆုံးပါပဲ”လို့ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လမ္းေတာင္မေလွ်ာက္ႏိုင္တဲ့အထိ ဒဏ္ရာအေျခအေနဆိုး႐ြားေနတဲ့ ဟာလန္း ကမာၻ႔ဖလားေျခစစ္ပြဲေတြကို လြဲေခ်ာ္
ေဒါ့မြန္အသင္းရဲ႕ ေနာ္ေဝနာမည္ေက်ာ္လူငယ္တိုက္စစ္မႉးဟာလန္းဟာ ဒဏ္ရာျပႆနာေၾကာင့္ လမ္းေလွ်ာက္ဖို႔ေတာင္ ခက္ခက္ခဲခဲႀကိဳးစားေနရၿပီး ေနာ္ေဝအသင္းကစားဖို႔ရွိေနတဲ့ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ အသက္(၂၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူဟာလန္းဟာ ႂကြက္သားဒဏ္ရာရရွိေနတာျဖစ္ၿပီး ေဒ့ါမြန္အသင္းကစားခဲ့တဲ့ေနာက္ဆုံး(၃)ပြဲမွာ အသင္းအတြက္ မပါဝင္ႏိုင္ခဲ့ပါဘူး။
ေနာ္ေဝအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြအျဖစ္ တူရကီ၊ မြန္တီနီဂ႐ိုးတို႔နဲ႔ကစားရမွာျဖစ္လို႔ အဲဒီပြဲေတြအမီ ဟာလန္းအေနနဲ႔ ဒဏ္ရာကျပန္သက္သာလာဖို႔ေမွ်ာ္လင့္ထားေပမယ့္ ဟာလန္းက လက္ေ႐ြးစင္အသင္းအတြက္ သူကစားႏိုင္မွာမဟုတ္ဘူးဆိုတာကို ၿပီးခဲ့တဲ့တနလၤာေန႔က အသိေပးအေၾကာင္းၾကားခဲ့ပါတယ္။ ဟာလန္းက သူ႔ရဲ႕ Twitter မွာ “သူငယ္ခ်င္းတို႔ေရ ..လက္ေ႐ြးစင္အသင္းကစားမယ့္ပြဲေတြမွာ ပါဝင္ႏိုင္မွာမဟုတ္တဲ့အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။ ကိုယ့္ဒဏ္ရာအေနအထား ေကာင္းမြန္လာေအာင္ႀကိဳးစားေနရလို႔ပါ။ ေနာ္ေဝအသင္းကံေကာင္းပါေစလို႔ ဆုေတာင္းလိုက္ပါတယ္”ဆိုၿပီး Post တင္ခဲ့တာျဖစ္ပါတယ္။
ဟာလန္းဟာ အခုဒဏ္ရာေၾကာင့္ မိုခ်န္ဂလာဘတ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲအပါအဝင္ စပို႔တင္းလစၥဘြန္း၊ ေအာ့စ္ဘတ္အသင္းတို႔နဲ႔ကစားခဲ့တဲ့ပြဲေတြကို လြဲေခ်ာ္ခဲ့တာပါ။ ေအာ့စ္ဘတ္နဲ႔ပြဲအၿပီးအင္တာဗ်ဴးမွာ ေဒ့ါမြန္အသင္းနည္းျပမာကို႐ို႕စ္က “ဟာလန္းဟာ ေဘာလုံးျပန္ကစားႏိုင္ဖို႔ ျပန္ႀကိဳးစားေနတာျဖစ္ပါတယ္။ သူ႔အေၾကာင္းကိုသိတဲ့လူေတြဆိုရင္ ဟာလန္းဟာ ေဘာလုံးကစားဖို႔ပဲအၿမဲဆႏၵျပင္းျပေနတာကို နားလည္ၿပီးသားပါပဲ။ မိုခ်န္ဂလာဘတ္နဲ႔ပြဲကစလို႔ ခ်န္ပီယံလိဂ္ပြဲ၊ အခု(ေအာ့စ္ဘတ္)ပြဲမွာလည္း အသင္းအတြက္ ဟာလန္း မကစားႏိုင္ခဲ့ပါဘူး။ သူက ကြၽန္ေတာ့္ကို ‘ဆရာ ..ကြၽန္ေတာ္ေဘာလုံးျပန္ကစားခ်င္ေပမယ့္ အခုက စိတ္ရွိတိုင္းလႈပ္ရွားလို႔မရတဲ့အေျခအေနျဖစ္ေနလို႔ပါ..လမ္းေတာင္ေကာင္းေကာင္းမေလွ်ာက္ႏိုင္ပါဘူး’လို႔ အသိေပးခဲ့ပါတယ္။
ဟာလန္းမကစားႏိုင္လို႔ ေနာ္ေဝေဘာလုံးအဖြဲ႕ခ်ဳပ္ စိတ္ပ်က္ေနမွာကို ကြၽန္ေတာ္ကိုယ္ခ်င္းစာမိေပမယ့္ ဟာလန္းဟာ လူသားတစ္ေယာက္ျဖစ္ၿပီး စက္႐ုပ္မဟုတ္ပါဘူး။ အခုေလာေလာဆယ္ ဟာလန္းကို ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး ထပ္တလဲလဲေမးေနတာထက္ သူ႔ဒဏ္ရာတိုးတက္ေကာင္းမြန္ေအာင္ အခ်ိန္ေပးေစာင့္ၾကည့္တာက အေကာင္းဆုံးပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။



