လမ်းခွဲဇာတ်လမ်းရိုက်နိုင်တဲ့ ရာမို့စ်နဲ့ ရီးရဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရာမို့စ်တစ်ယောက် ရီးရဲလ် အသင်းမှာ ဆက်ရှိမလားဆိုတာ မသေချာဘူးလို့ နည်းပြ ဇီဒန်းက ပြောဆိုလာပါတယ်။အသင်းခေါင်းဆောင် ရာမို့စ် နဲ့ ရီးရဲလ် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေဟာ အများအပြားထွက်ပေါ်နေတာဖြစ်ပါတယ်။ နည်းပြ ဇီဒန်းက “ကျွန်တော် အရိုးသားဆုံး ပြောရရင် သူနဲ့ ပတ်သက်ပြီး ဘာဖြစ်မယ်ဆိုတာ မသိသေးပါဘူး။ သူ့ကို ဒီမှာ ဆက်နေစေချင်ပါတယ်။

သူက အသင်းအတွက် အရေးပါဆုံး ကစားသမားတစ်ယောက်ပါ” “သူ့ကို ဆက်ရှိစေချင်ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ဒီလိုပဲ ကျွန်တော် ပြောချင်ပါတယ်။ အသက် ၄၀ လောက်အထိ ကစားမယ်လို့ သူ ပြောခဲ့ဖူးပါတယ်။ သူက ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ။ ရာမို့စ်ရဲ့ အားထုတ်မှုက တကယ်ကောင်းပါတယ်။နှစ်တိုင်း သူ့မှာ ကောင်းမွန်တဲ့ ပုံစံရှိပြီး၊ သူ အလိုရှိတယ်ဆိုရင်အသက်၄၀ထိ ကစားနိုင်ပါတယ်”လို့ ပြောပါတယ်။

ရာမို့်စ် ကိုယ်တိုင်ကလည်း သူ့ရဲ့အနာဂတ် နဲ့ ပတ်သက်ပြီး ပြောစရာ ဘာသတင်းမှ မရှိသေးဘူးလို့ မကြာသေးခင်က ပြောဆိုထားတာဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်က ဆီဗီလာ အသင်းကနေ ရောက်ရှိလာတဲ့ ရာမို့စ် ဟာ ရီးရဲလ် အသင်းနဲ့ အတူ ကစားနေတဲ့ (၁၆)နှစ်တာကာလ အတွင်းမှာ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်၊ စပိန်လာလီဂါ (၅)ကြိမ်အပါအဝင် ဆုဖလားအများအပြားကို ရရှိထားတာဖြစ်ပါတယ်။

ရာမို့စ်ဟာ မက်ထရစ်ရဲ့ ဂန္တဝင်တစ်ဦး ဖြစ်တာကြောင့် အသင်းက ထွက်ခွာမယ်ဆိုရင်တော့ ရီးရဲလ်အတွက် ထိုးနှက်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ ရာမို့စ် ကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်၊ စပါးနဲ့ ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လမ္းခြဲဇာတ္လမ္း႐ိုက္ႏိုင္တဲ့ ရာမို႔စ္နဲ႔ ရီးရဲလ္

ရာမို႔စ္တစ္ေယာက္ ရီးရဲလ္ အသင္းမွာ ဆက္ရွိမလားဆိုတာ မေသခ်ာဘူးလို႔ နည္းျပ ဇီဒန္းက ေျပာဆိုလာပါတယ္။အသင္းေခါင္းေဆာင္ ရာမို႔စ္ နဲ႔ ရီးရဲလ္ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ဒီရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္တဲ့ ထင္ေၾကးေတြဟာ အမ်ားအျပားထြက္ေပၚေနတာျဖစ္ပါတယ္။

နည္းျပ ဇီဒန္းက “ကြၽန္ေတာ္ အ႐ိုးသားဆုံး ေျပာရရင္ သူနဲ႔ ပတ္သက္ၿပီး ဘာျဖစ္မယ္ဆိုတာ မသိေသးပါဘူး။ သူ႔ကို ဒီမွာ ဆက္ေနေစခ်င္ပါတယ္။ သူက အသင္းအတြက္ အေရးပါဆုံး ကစားသမားတစ္​ေယာက္ပါ” “သူ႔ကို ဆက္ရွိ​ေစခ်င္ပါတယ္။ နည္းျပတစ္ေယာက္အေနနဲ႔ ဒီလိုပဲ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။ အသက္၄၀​​ေလာက္အထိ ကစားမယ္လို႔ သူ ေျပာခဲ့ဖူးပါတယ္။ သူက ထူးျခားတဲ့ ကစားသမားတစ္​ေယာက္ပါ။”

“ရာမို႔စ္ရဲ႕ အားထုတ္မႈက တကယ္ေကာင္းပါတယ္။ ႏွစ္တိုင္း သူ႔မွာ ေကာင္းမြန္တဲ့ ပုံစံရွိၿပီး၊ သူ အလိုရွိတယ္ဆိုရင္အသက္၄၀ထိ ကစားႏိုင္ပါတယ္”လို႔ ေျပာပါတယ္။
ရာမို႔္စ္ ကိုယ္တိုင္ကလည္း သူ႔ရဲ႕အနာဂတ္ နဲ႔ ပတ္သက္ၿပီး ေျပာစရာ ဘာသတင္းမွ မရွိေသးဘူးလို႔ မၾကာေသးခင္က ေျပာဆိုထားတာျဖစ္ပါတယ္။

၂၀၀၅ခုႏွစ္က ဆီဗီလာ အသင္းကေန ေရာက္ရွိလာတဲ့ ရာမို႔စ္ ဟာ ရီးရဲလ္ အသင္းနဲ႔ အတူ ကစားေနတဲ့ (၁၆)ႏွစ္တာကာလ အတြင္းမွာ ခ်န္ပီယံလိဂ္ဖလား (၄)ႀကိမ္၊ စပိန္လာလီဂါ (၅)ႀကိမ္အပါအဝင္ ဆုဖလားအမ်ားအျပားကို ရရွိထားတာျဖစ္ပါတယ္။ ရာမို႔စ္ဟာ မက္ထရစ္ရဲ႕ ဂႏၲဝင္တစ္ဦး ျဖစ္တာေၾကာင့္ အသင္းက ထြက္ခြာမယ္ဆိုရင္ေတာ့ ရီးရဲလ္အတြက္ ထိုးႏွက္ခ်က္တစ္ခုပဲ ျဖစ္ပါတယ္။ ရာမို႔စ္ ကို ေခၚယူဖို႔ အတြက္ ယူႏိုက္တက္၊ စပါးနဲ႔ ပီအက္စ္ဂ်ီ အသင္းတို႔က စိတ္ဝင္စားေနတာျဖစ္ပါတယ္။