
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ သက်တော်ရှည်ကစားသမားတစ်ဦးဖြစ်သူ နောက်ခံလူဖီးလ်ဂျုံးစ်ဟာ ဝက်စ်ဟမ်းနဲ့ကစားမယ့်လိဂ်ဖလားတတိယအဆင့်ပွဲအတွက် အသင်းလူစာရင်းမှာပါဝင်လာပြီး ဖီးလ်ဂျုံးစ်အတွက် ဒါက လပေါင်း(၂၀)အကြာမှ ပထမဆုံးအကြိမ် အသင်းရဲ့လူစာရင်းမှာပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ဖီးလ်ဂျုံးစ်ဟာ ၂၀၂၀၊ ဇန်နဝါရီလတုန်းက ထရမ်မဲယားနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ ယူနိုက်တက်အသင်းအတွက်ပါဝင်ကစားခဲ့ပြီးကတည်းက ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတာပါ။
ဒါပေမဲ့ အခုအချိန်မှာတော့ ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ဝက်စ်ဟမ်းနဲ့ကစားမယ့်လိဂ်ဖလားပွဲအတွက် လူစာရင်းမှာ ဖီးလ်ဂျုံးစ်ကို ထည့်သွင်းသွားမယ်ဆိုပြီးအတည်ပြုပြောကြားခဲ့ပါတယ်။
ဒဏ်ရာကြောင့်အနားယူခဲ့ရတဲ့ကာလအတွင်း ပရိသတ်တွေရဲ့ဝေဖန်ပြစ်တင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အဲဒီအတွက် စိတ်ထိခိုက်ဝမ်းနည်းခဲ့ရလို့ ကာရင်တန်လေ့ကျင့်ရေးကွင်းကနေ အိမ်ကိုပြန်တဲ့အခါတိုင်း ဝမ်းနည်းတကြီးငိုခဲ့ရတယ်ဆိုပြီး ဖီးလ်ဂျုံးစ်က ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။
အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဖီးလ်ဂျုံးစ်ဟာ ၂၀၁၁ ခုနှစ်တုန်းက ဘလက်ဘန်းအသင်းကနေ ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်အသင်းမှာကစားတာ ဆယ်စုနှစ်တစ်ခုကြာရှိပြီဖြစ်ပေမယ့် အချိန်အများစုက ဒဏ်ရာကြောင့်အနားယူခဲ့ရတာပိုများပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နွေရာသီကာလကစလို့ ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝလာဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့သလို ဒီရာသီအစပိုင်းတုန်းက အိုးလ်ထရက်ဖို့ဒ်မှာကွင်းပိတ်ကစားခဲ့တဲ့ခြေစွမ်းတွေမှာပါဝင်ကစားခဲ့ပြီး ယူနိုက်တက်ယူ-၂၃ပွဲတွေမှာလည်း ဖီးလ်ဂျုံးစ် ပါဝင်ကစားခဲ့ပါသေးတယ်။
ယူနိုက်တက်ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း(၂၂၄)ပွဲကစား၊ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်၊ FA ဖလား၊ လိဂ်ဖလားတွေရယူခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ နွေရာသီကာလတုန်းက အသင်းနဲ့လမ်းခွဲမယ်လို့သတင်းထွက်ခဲ့ပေမယ့်လည်း
နည်းပြဆိုးလ်ရှားကတော့ သူ့ကို ယုံယုံကြည်ကြည်နဲ့အချိန်ပေးခဲ့ပြီး အခု ဝက်စ်ဟမ်းနဲ့ကစားမယ့်ပွဲအတွက် လူစာရင်းမှာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီည(မြန်မာစံတော်ချိန် ကြာသပတေးမနက် ၁:၁၅)မှာ ဝက်စ်ဟမ်းအသင်းနဲ့ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေပွဲတုန်းက အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့တဲ့
လင်ဂတ်၊ ပွဲကစားခွင့်သိပ်မရသေးတဲ့ ကွင်းလယ်လူဗန်ဒီဘိခ်တို့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖို့ရှိပေမယ့် ဆိုးလ်ရှာဟာ စီရော်နယ်လ်ဒို၊ လုခ်ရှော၊ ဒီဂီယာစတဲ့ အဓိက,ကစားသမားတချို့ကို အနားပေးသွားဖို့ရှိနေပါပြီ။
Facebook Page => https://bit.ly/3AQZRVp | App Download Link => https://bit.ly/3k41mc4
zawgyi
လေပါင္း(၂၀)အၾကာမွာ ပထမဆုံးအႀကိမ္အျဖစ္ ယူႏိုက္တက္အသင္းလူစာရင္းမွာ ျပန္လည္ပါဝင္ခဲ့တဲ့ဖီးလ္ဂ်ဳံးစ္
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ သက္ေတာ္ရွည္ကစားသမားတစ္ဦးျဖစ္သူ ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဟာ ဝက္စ္ဟမ္းနဲ႔ကစားမယ့္လိဂ္ဖလားတတိယအဆင့္ပြဲအတြက္ အသင္းလူစာရင္းမွာပါဝင္လာၿပီး ဖီးလ္ဂ်ဳံးစ္အတြက္ ဒါက လေပါင္း(၂၀)အၾကာမွ ပထမဆုံးအႀကိမ္ အသင္းရဲ႕လူစာရင္းမွာပါဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ဖီးလ္ဂ်ဳံးစ္ဟာ ၂၀၂၀၊ ဇန္နဝါရီလတုန္းက ထရမ္မဲယားနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ ယူႏိုက္တက္အသင္းအတြက္ပါဝင္ကစားခဲ့ၿပီးကတည္းက ဒူးဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရတာပါ။
ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားက ဝက္စ္ဟမ္းနဲ႔ကစားမယ့္လိဂ္ဖလားပြဲအတြက္ လူစာရင္းမွာ ဖီးလ္ဂ်ဳံးစ္ကို ထည့္သြင္းသြားမယ္ဆိုၿပီးအတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဒဏ္ရာေၾကာင့္အနားယူခဲ့ရတဲ့ကာလအတြင္း ပရိသတ္ေတြရဲ႕ေဝဖန္ျပစ္တင္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရၿပီး အဲဒီအတြက္ စိတ္ထိခိုက္ဝမ္းနည္းခဲ့ရလို႔ ကာရင္တန္ေလ့က်င့္ေရးကြင္းကေန အိမ္ကိုျပန္တဲ့အခါတိုင္း ဝမ္းနည္းတႀကီးငိုခဲ့ရတယ္ဆိုၿပီး ဖီးလ္ဂ်ဳံးစ္က ဝန္ခံေျပာဆိုခဲ့ဖူးပါတယ္။ အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဖီးလ္ဂ်ဳံးစ္ဟာ ၂၀၁၁ ခုႏွစ္တုန္းက ဘလက္ဘန္းအသင္းကေန ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး ယူႏိုက္တက္အသင္းမွာကစားတာ ဆယ္စုႏွစ္တစ္ခုၾကာရွိၿပီျဖစ္ေပမယ့္ အခ်ိန္အမ်ားစုက ဒဏ္ရာေၾကာင့္အနားယူခဲ့ရတာပိုမ်ားပါတယ္။
ဒါေပမဲ့ ၿပီးခဲ့တဲ့ေႏြရာသီကာလကစလို႔ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈျပည့္ဝလာဖို႔အတြက္ အေကာင္းဆုံးႀကိဳးစားခဲ့သလို ဒီရာသီအစပိုင္းတုန္းက အိုးလ္ထရက္ဖို႔ဒ္မွာကြင္းပိတ္ကစားခဲ့တဲ့ေျခစြမ္းေတြမွာပါဝင္ကစားခဲ့ၿပီး ယူႏိုက္တက္ယူ-၂၃ပြဲေတြမွာလည္း ဖီးလ္ဂ်ဳံးစ္ ပါဝင္ကစားခဲ့ပါေသးတယ္။ ယူႏိုက္တက္ကစားသမားဘဝတစ္ေလွ်ာက္ ပြဲေပါင္း(၂၂၄)ပြဲကစား၊ ပရီးမီးယားလိဂ္၊ ယူ႐ိုပါလိဂ္၊ FA ဖလား၊ လိဂ္ဖလားေတြရယူခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္ဟာ ေႏြရာသီကာလတုန္းက အသင္းနဲ႔လမ္းခြဲမယ္လို႔သတင္းထြက္ခဲ့ေပမယ့္လည္း နည္းျပဆိုးလ္ရွားကေတာ့ သူ႔ကို ယုံယုံၾကည္ၾကည္နဲ႔အခ်ိန္ေပးခဲ့ၿပီး အခု ဝက္စ္ဟမ္းနဲ႔ကစားမယ့္ပြဲအတြက္ လူစာရင္းမွာ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ဒီည(ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးမနက္ ၁:၁၅)မွာ ဝက္စ္ဟမ္းအသင္းနဲ႔ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့တနဂၤေႏြပြဲတုန္းက အေရးပါတဲ့အႏိုင္ဂိုးသြင္းယူခဲ့တဲ့ လင္ဂတ္၊ ပြဲကစားခြင့္သိပ္မရေသးတဲ့ ကြင္းလယ္လူဗန္ဒီဘိခ္တို႔ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္လာဖို႔ရွိေပမယ့္ ဆိုးလ္ရွာဟာ စီေရာ္နယ္လ္ဒို၊ လုခ္ေရွာ၊ ဒီဂီယာစတဲ့ အဓိက,ကစားသမားတခ်ိဳ႕ကို အနားေပးသြားဖို႔ရွိေနပါၿပီ။