photo-AP
photo-tottenham
စပါးနည်းပြသစ်ဖြစ်သွားတဲ့ ဆရာဟောင်းမော်ရင်ဟိုအတွက် ချဲလ်ဆီးအသင်းခေါင်းဆောင်အက်ပီလီကူတာက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အဲဒီစပိန်သားနောက်ခံလူဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မော်ရင်ဟိုလက်အောက် ၂ နှစ်ကြာကစားခဲ့ပြီး ၂၀၁၄-၁၅ ရာသီမှာ မော်ရင်ဟိုနဲ့အတူ ပရီးမီးယားလိဂ်နဲ့အင်္ဂလန်လိဂ်ဖလားအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ နောက်တစ်နှစ်ရောက်မှသာ မော်ရင်ဟိုဟာ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
photo-gettyimages
အက်ပီလီကူတာဟာ ချဲလ်ဆီးက မော်ရင်ဟိုလက်အောက် နှစ်ရာသီစလုံးမှာ ပုံမှန်ကစားခွင့်လည်း ရရှိခဲ့ပါတယ်။ အခုလည်း မော်ရင်ဟိုက သူတို့ရဲ့လန်ဒန်ပြိုင်ဘက်တစ်သင်းကို ပြောင်းသွားပေမယ့် အက်ပီလီကူတာကတော့ သူ့ရဲ့ဆရာဟောင်းနဲ့ပတ်သက်လို့ အတူပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကို ပြန်လည်စားမြို့ပြန်ခဲ့ပြီး လန်ဒန်မြောက်ပိုင်းမှာ အကောင်းဆုံးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင် တောင်းပေးခဲ့ပါသေးတယ်။ လန်ဒန်ပြိုင်ဘက်အသင်းကြီးအချင်းချင်းမို့ ချဲလ်ဆီးနဲ့စပါးတို့ကြားမှာ အပြင်းထန်ဆုံးမဟုတ်တောင် သင့်တင့်တဲ့ပြိုင်ဆိုင်မှုတော့ ရှိနေကြတာပါ။
photo-gettyimages
”ကျွန်တော်တို့ ဆုဖလားတွေ အတူရခဲ့ကြတယ်။ အခုတော့ ဘောလုံးက ဆက်လက်ရွေ့လျားနေပါတယ်။ ပြိုင်ဘက်တစ်သင်းဆီ သူပြောင်းသွားပေမယ့် အကောင်းဆုံးဖြစ်ပါစေကြောင်း သူ့အတွက် ဆုမွန်ကောင်းတောင်းပါတယ်။ ကျွန်တော်ဟာ မော်ရင်ဟိုနဲ့အတူ အမှတ်တရကောင်းတွေရှိခဲ့တာပါ။ သူ့လက်အောက်မှာရော သူနဲ့ပြိုင်ဘက်အဖြစ်ရော ပွဲတွေအများကြီးကစားခဲ့ဖူးပါတယ်။ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတဲ့အချိန်တွေမှာတော့ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ကိုယ့်အသင်းတွေအတွက် နိုင်ချင်ကြတာပါ။ သူအဆင်ပြေပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်”လို့ အက်ပီလီကူတာက sky sports သတင်းဌာနကို ပြောကြားခဲ့တာပါ။
[Zawgyi]
လန်ဒန်ပြိုင်ဘက်ကိုပြောင်းသွားပေမယ့် ဆရာဟောင်းမော်ရင်ဟိုကို ဆုမွန်ကောင်းပေးပို့ခဲ့တဲ့ အက်ပီလီကူတာ