လန်ဒန်ဒါဘီအတွက် အာဆင်နယ်ကို မော်ရင်ဟို တော်ကီ စပစ်ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စကားစစ်ထိုး (Mind Game) လုပ်တဲ့နေရာမှာ ဆရာကျသလို တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်တဲ့ မော်ရင်ဟိုဟာ မနက်ဖြန် ကစားမယ့် လန်ဒန်ဒါဘီပွဲအတွက် အာဆင်နယ်အသင်းကို နှိပ်ကွပ်တဲ့ စကားတွေနဲ့ စကားလုံးတိုက်ပွဲ စတင်လိုက်ပါတယ်။ လက်ရှိအချိန်မှာ စပါးက အာဆင်နယ်ကို ၇မှတ် အသာစီးရနေတာဖြစ်ပြီး ဒီပွဲမှာသာ အနိုင်ရလိုက်ရင် ၁၀မှတ်အထိ ဖြတ်ထားနိုင်မှာလည်းဖြစ်ပါတယ်။

မော်ရင်ဟိုက သူ့အနေနဲ့ စပါးအသင်းထက် ရပ်တည်မှုနိမ့်နေတဲ့ အသင်းတွေကို မကြည့်ဘဲ အပေါ်အသင်းတွေကိုပဲ ကြည့်လေ့ရှိတယ်လို့ ခနဲ့ခဲ့တာပါ။ သူက ” ကျွန်တော်က အမြဲတမ်း ကိုယ့်အပေါ်မှာရှိတဲ့ အရာတွေကိုပဲ ကြည့်ပါတယ်။ ဘယ်တော့မှ အောက်ကို မကြည့်ပါဘူး။ တကယ်လို့ အာဆင်နယ်က ကျွန်တော်တို့ထက် ၇မှတ် သာနေတယ်ဆိုရင်တော့ ကျွန်တော် အာရုံစိုက်ကြည့်မိမှာပါ။ ဒါပေမယ့် အခုက ကျွန်တော်တို့က ၇မှတ် သာနေတာပါ။

ကျွန်တော်တို့အနေနဲ့ ကိုယ်နဲ့ယှဉ်ပြိုင်ကစားရမယ့် နောက်ပွဲက အသင်းဟာ ဗီလာဖြစ်ဖြစ် နယူးကာဆယ်ဖြစ်ဖြစ် ခံစားမှုအတူတူပါပဲ။ လက်ရှိ ရောက်နေတဲ့အဆင့်ထက် စပါးအသင်းခြေစွမ်းက ပိုကောင်းတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် အဆင့်ပိုကောင်းအောင်အတွက် အမှတ်တွေရှာရမှာပါ။ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က အရေးမကြီးပါဘူး။ လန်ဒန်ဒါဘီဖြစ်နေမယ်ဆိုရင်တောင်ပေါ့၊ ပစ်မှတ်က အဆင့် ၄ အတွင်းဝင်ဖို့ပါ။ ပရီးမီးယားလိဂ်မှာ သိပ်ခက်ခဲပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ရီးမီးယားလိဂ်ကို စတင်ခြေချခဲ့တဲ့ ၂၀၀၄ခုနှစ် အာစင်ဝင်းဂါးလက်ထက်ကတည်းက အာဆင်နယ်ကို အသာစီးရခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက သူ့အနေနဲ့ စပါးအသင်းမှာ ရှိနေတာကို ဂုဏ်ယူကြောင်း၊ အာဆင်နယ်လို ကြီးကျယ်တဲ့ သမိုင်းကြောင်းရှိတဲ့ အသင်းမျိုးကိုလည်း လေးစားကြောင်း၊ အာဆင်နယ်အသင်းဟာ စပါးအသင်းလိုပဲ အနာဂါတ်အတွက် ကြိုးစားတည်ဆောက်နေတဲ့အသင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

ယူရိုပါလိဂ်ပွဲစဉ်တွေမှာ စပါးနဲ့ အာဆင်နယ်တို့ဟာ ပြိုင်ဘက်တွေကို ဂိုးပြတ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ည်းပြ အာတီတာက စပါးအသင်းရဲ့ ဟယ်ရီကိန်း-ဆွန်ဟောင်မင်-၈ါရတ်ဘေးလ် တို့တိုက်စစ်အတွဲကို ချီကျူးစကားဆိုထားပါတယ်။ အာတီတာက “သူတို့ ၃ယောက်အကြားမှာ အရည်အသွေး၊ နားလည်မှု၊ အချိတ်အဆက်မိတာတွေက အရမ်းအားကောင်းပြီး ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်အစုအဖွဲ့တွေထဲက တစ်ခုပါပဲ။

ဂိုးရဖို့အခွင့်အရေးတွေလည်း ဖန်တီးနိုင်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အကောင်းဆုံးထိန်းချုပ်နိုင်ဖို့ ပြင်ဆင်ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ လန်ဒန်ဒါဘီကို တနင်္ဂနွေမှာ အာဆင်နယ်ရဲ့ အီမာရိတ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပအကျော့တုန်းက စပါးက ၂-၀ နဲ့ အနိုင်ရထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စကားစစ္ထိုး (Mind Game) လုပ္တဲ့ေနရာမွာ ဆရာက်သလို ေတာ္ကီတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္တဲ့ ေမာ္ရင္ဟိုဟာ မနက္ျဖန္ ကစားမယ့္ လန္ဒန္ဒါဘီပြဲအတြက္ အာဆင္နယ္အသင္းကို ႏွိပ္ကြပ္တဲ့ စကားေတြနဲ႔ စကားလုံးတိုက္ပြဲ စတင္လိုက္ပါတယ္။ လက္ရွိအခ်ိန္မွာ စပါးက အာဆင္နယ္ကို ၇မွတ္ အသာစီးရေနတာျဖစ္ၿပီး ဒီပြဲမွာသာ အႏိုင္ရလိုက္ရင္ ၁၀မွတ္အထိ ျဖတ္ထားႏိုင္မွာလည္းျဖစ္ပါတယ္။

ေမာ္ရင္ဟိုက သူ႔အေနနဲ႔ စပါးအသင္းထက္ ရပ္တည္မႈနိမ့္ေနတဲ့ အသင္းေတြကို မၾကည့္ဘဲ အေပၚအသင္းေတြကိုပဲ ၾကည့္ေလ့ရွိတယ္လို႔ ခနဲ႔ခဲ့တာပါ။ သူက ” ကြၽန္ေတာ္က အၿမဲတမ္း ကိုယ့္အေပၚမွာရွိတဲ့ အရာေတြကိုပဲ ၾကည့္ပါတယ္။ ဘယ္ေတာ့မွ ေအာက္ကို မၾကည့္ပါဘူး။ တကယ္လို႔ အာဆင္နယ္က ကြၽန္ေတာ္တို႔ထက္ ၇မွတ္ သာေနတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ အာ႐ုံစိုက္ၾကည့္မိမွာပါ။ ဒါေပမယ့္ အခုက ကြၽန္ေတာ္တို႔က ၇မွတ္ သာေနတာပါ။

ကြၽန္ေတာ္တို႔အေနနဲ႔ ကိုယ္နဲ႔ယွဥ္ၿပိဳင္ကစားရမယ့္ ေနာက္ပြဲက အသင္းဟာ ဗီလာျဖစ္ျဖစ္ နယူးကာဆယ္ျဖစ္ျဖစ္ ခံစားမႈအတူတူပါပဲ။ လက္ရွိ ေရာက္ေနတဲ့အဆင့္ထက္ စပါးအသင္းေျခစြမ္းက ပိုေကာင္းတယ္လို႔ ခံစားရပါတယ္။ ဒါေၾကာင့္ အဆင့္ပိုေကာင္းေအာင္အတြက္ အမွတ္ေတြရွာရမွာပါ။ ရင္ဆိုင္ရမယ့္ၿပိဳင္ဘက္က အေရးမႀကီးပါဘူး။ လန္ဒန္ဒါဘီျဖစ္ေနမယ္ဆိုရင္ေတာင္ေပါ့၊ ပစ္မွတ္က အဆင့္ ၄ အတြင္းဝင္ဖို႔ပါ။ ပရီးမီးယားလိဂ္မွာ သိပ္ခက္ခဲပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ ရီးမီးယားလိဂ္ကို စတင္ေျခခ်ခဲ့တဲ့ ၂၀၀၄ခုႏွစ္ အာစင္ဝင္းဂါးလက္ထက္ကတည္းက အာဆင္နယ္ကို အသာစီးရခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ေမာ္ရင္ဟိုက သူ႔အေနနဲ႔ စပါးအသင္းမွာ ရွိေနတာကို ဂုဏ္ယူေၾကာင္း၊ အာဆင္နယ္လို ႀကီးက်ယ္တဲ့ သမိုင္းေၾကာင္းရွိတဲ့ အသင္းမ်ိဳးကိုလည္း ေလးစားေၾကာင္း၊ အာဆင္နယ္အသင္းဟာ စပါးအသင္းလိုပဲ အနာဂါတ္အတြက္ ႀကိဳးစားတည္ေဆာက္ေနတဲ့အသင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။

ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာ စပါးနဲ႔ အာဆင္နယ္တို႔ဟာ ၿပိဳင္ဘက္ေတြကို ဂိုးျပတ္ေတြနဲ႔ အႏိုင္ယူႏိုင္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ည္းျပ အာတီတာက စပါးအသင္းရဲ႕ ဟယ္ရီကိန္း-ဆြန္ေဟာင္မင္-၈ါရတ္ေဘးလ္ တို႔တိုက္စစ္အတြဲကို ခ်ီက်ဴးစကားဆိုထားပါတယ္။ အာတီတာက “သူတို႔ ၃ေယာက္အၾကားမွာ အရည္အေသြး၊ နားလည္မႈ၊ အခ်ိတ္အဆက္မိတာေတြက အရမ္းအားေကာင္းၿပီး ဥေရာပရဲ႕ အေကာင္းဆုံးတိုက္စစ္အစုအဖြဲ႕ေတြထဲက တစ္ခုပါပဲ။

ဂိုးရဖို႔အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ၾကပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ သူတို႔ကို အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ဖို႔ ျပင္ဆင္ႀကိဳးစားသြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ လန္ဒန္ဒါဘီကို တနဂၤေႏြမွာ အာဆင္နယ္ရဲ႕ အီမာရိတ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ပအေက်ာ့တုန္းက စပါးက ၂-၀ နဲ႔ အႏိုင္ရထားပါတယ္။