လစာ၊ လက္မွတ္ထိုးေၾကးနဲ႔ ဒဏ္ရာေနာက္ခံတို႔ေၾကာင့္ ၀ဲလ္ဘတ္ကိုေခၚမယ္႔အသင္းမရွိဘဲျဖစ္ေန

မန္ယူနဲ႔အာဆင္နယ္တိုက္စစ္မွဴ းေဟာင္း ဒန္နီ၀ဲလ္ဘတ္ဟာၿပီးခဲ့တဲ႔ ရာသီကုန္ခ်ိန္ကအာဆင္နယ္နဲ႔လမ္းခြဲခဲ့ရေပမယ္႔ ကလပ္အသစ္တစ္ခုရဖို႔ ရုန္းကန္ေနရဆဲျဖစ္တယ္လို႔ သိရပါတယ္။ သူ႔ကိုအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ရမွာျဖစ္ေပမယ္႔ ဘယ္ကလပ္ကမွ ကမ္းလွမ္းျခင္းမရွိေသးပါဘူး။

ဒီလိုျဖစ္ရတာကလည္း သူ႔ရဲ႕လစာျမင့္မားမႈ၊ လက္မွတ္ထိုးေၾကးေပးဖို႔လိုအပ္မႈနဲ႔ ဒဏ္ရာေနာက္ခံသမိုင္းတို႔ေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။ သူဟာၿပီးခဲ့တဲ႔ႏို၀င္ဘာလက စပို႔တင္းလစၥဘြန္းနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ႔ ယူရိုပါလိဂ္ပြဲစဥ္မွာ ေျခခ်င္း၀တ္ဒဏ္ရာရၿပီးေနာက္ တစ္ရာသီလုံးနီးပါးအနားယူခဲ့ရသူျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ႔ ၀ဲလ္ဘတ္ဟာသူ႔ကိုေခၚရင္ တစ္ပတ္လစာေပါင္ ၁၀၀၀၀၀ ေပးရမယ္႔အျပင္လက္မွတ္ထိုးေၾကးေပါင္ ၅ သန္းလည္းေပးရမွာပါ။ ဒါ့အျပင္သူဟာ ဒဏ္ရာမၾကခဏရတတ္တဲ႔ သမိုင္းေၾကာင္းလည္းရွိခဲ့လို႔ ေခၚယူလိုတဲ႔အသင္းေတြအားလုံး လက္တြန္႔ေနၾကတာျဖစ္ပါတယ္။သူ႔ကိုလာဇီယိုအပါအ၀င္ ပရီးမီးယားလိဂ္ကလပ္အခ်ိဳ႕ကေစာင့္ၾကည့္ေနတယ္လို႔လည္း သိရပါတယ္။

သူဟာအာဆင္နယ္နဲ႔ေနာက္ဆုံး ၄ ရာသီမွာဒဏ္ရာျပႆ     နာေတြေၾကာင့္ ရုန္းကန္ရမႈနဲ႔အတူ ပရီးမီးယားလိဂ္မွာ ၄၆ ပြဲသာကစားခဲ့ရလို႔ သူ႔ကိုေခၚယူဖို႔အတြက္ အသင္းတိုင္းကအရာရာခ်ိန္ဆေနရၿပီး ဒဏ္ရာထပ္ရခဲ့ရင္ ေငြေၾကးအရဆုံးရႈံးမႈျဖစ္မွာကိုလည္းစိုးရိမ္ေနၾကတာျဖစ္ပါတယ္။

သူဟာ ၂၀၁၄ မွာမန္ယူကေနအာဆင္နယ္ကိုေျပာင္းေရႊ႕ၿပီးတဲ႔ေနာက္ အဲဒီလန္ဒန္ၿမိဳ႕ခံကလပ္အတြက္ စုစုေပါင္း ၁၂၆ ပြဲကစားၿပီး ၃၂ ဂိုးသြင္းကာ ၁၅ ဂိုးဖန္တီးေပးခဲ့ပါတယ္။ အာဆင္နယ္မွာရွိစဥ္ကာလအတြင္းမွာ ၀ဲလ္ဘတ္ဟာစုစုေပါင္း ၁၂၃ ပြဲလြဲေခ်ာ္ခဲ့တယ္လို႔လည္းသိရပါတယ္။ သူဟာအဂၤလန္လက္ေရြးစင္အသင္းမွာေတာ႔ ဂိုးသြင္းမွတ္တမ္းေကာင္းမြန္ၿပီး ၄၂ ပြဲဘဲကစားခဲ့ရေပမယ္႔ ၁၆ ဂိုးေတာင္သြင္းယူႏိုင္ခဲ့ပါတယ္။

Unicode

လစာ၊ လက်မှတ်ထိုးကြေးနဲ့ ဒဏ်ရာနောက်ခံတို့ကြောင့် ဝဲလ်ဘတ်ကိုခေါ်မယ့်အသင်းမရှိဘဲဖြစ်နေ
မန်ယူနဲ့အာဆင်နယ်တိုက်စစ်မှူ းဟောင်း ဒန်နီဝဲလ်ဘတ်ဟာပြီးခဲ့တဲ့ ရာသီကုန်ချိန်ကအာဆင်နယ်နဲ့လမ်းခွဲခဲ့ရပေမယ့် ကလပ်အသစ်တစ်ခုရဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ သူ့ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ရမှာဖြစ်ပေမယ့် ဘယ်ကလပ်ကမှ ကမ်းလှမ်းခြင်းမရှိသေးပါဘူး။

ဒီလိုဖြစ်ရတာကလည်း သူ့ရဲ့လစာမြင့်မားမှု၊ လက်မှတ်ထိုးကြေးပေးဖို့လိုအပ်မှုနဲ့ ဒဏ်ရာနောက်ခံသမိုင်းတို့ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ သူဟာပြီးခဲ့တဲ့နိုဝင်ဘာလက စပို့တင်းလစ္စဘွန်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရပြီးနောက် တစ်ရာသီလုံးနီးပါးအနားယူခဲ့ရသူဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဝဲလ်ဘတ်ဟာသူ့ကိုခေါ်ရင် တစ်ပတ်လစာပေါင် ၁၀၀၀၀၀ ပေးရမယ့်အပြင်လက်မှတ်ထိုးကြေးပေါင် ၅ သန်းလည်းပေးရမှာပါ။ ဒါ့အပြင်သူဟာ ဒဏ်ရာမကြခဏရတတ်တဲ့ သမိုင်းကြောင်းလည်းရှိခဲ့လို့ ခေါ်ယူလိုတဲ့အသင်းတွေအားလုံး လက်တွန့်နေကြတာဖြစ်ပါတယ်။သူ့ကိုလာဇီယိုအပါအဝင် ပရီးမီးယားလိဂ်ကလပ်အချို့ကစောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

သူဟာအာဆင်နယ်နဲ့နောက်ဆုံး ၄ ရာသီမှာဒဏ်ရာပြဿ     နာတွေကြောင့် ရုန်းကန်ရမှုနဲ့အတူ ပရီးမီးယားလိဂ်မှာ ၄၆ ပွဲသာကစားခဲ့ရလို့ သူ့ကိုခေါ်ယူဖို့အတွက် အသင်းတိုင်းကအရာရာချိန်ဆနေရပြီး ဒဏ်ရာထပ်ရခဲ့ရင် ငွေကြေးအရဆုံးရှုံးမှုဖြစ်မှာကိုလည်းစိုးရိမ်နေကြတာဖြစ်ပါတယ်။

သူဟာ ၂၀၁၄ မှာမန်ယူကနေအာဆင်နယ်ကိုပြောင်းရွှေ့ပြီးတဲ့နောက် အဲဒီလန်ဒန်မြို့ခံကလပ်အတွက် စုစုပေါင်း ၁၂၆ ပွဲကစားပြီး ၃၂ ဂိုးသွင်းကာ ၁၅ ဂိုးဖန်တီးပေးခဲ့ပါတယ်။ အာဆင်နယ်မှာရှိစဉ်ကာလအတွင်းမှာ ဝဲလ်ဘတ်ဟာစုစုပေါင်း ၁၂၃ ပွဲလွဲချော်ခဲ့တယ်လို့လည်းသိရပါတယ်။ သူဟာအင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ ဂိုးသွင်းမှတ်တမ်းကောင်းမွန်ပြီး ၄၂ ပွဲဘဲကစားခဲ့ရပေမယ့် ၁၆ ဂိုးတောင်သွင်းယူနိုင်ခဲ့ပါတယ်။