လစာအများကြီး ဒဏ်ရိုက်ခံရလို့ နာပိုလီကနေထွက်ဖို့ ကူလီဘာလီပြင်ဆင်နေ

Photo- Internet
Photo- Internet

နာပိုလီအသင်းပိုင်ရှင် ဒီလော်ရန်တစ်ဟာ သူ့ကစားသမားတွေလေ့ကျင့်ခန်းမဆင်းဘဲ ကလပ်ကိုပုန်ကန်ခဲ့မှုအတွက် အသင်းသားတွေကို ဒဏ်ရိုက်ခဲ့ပြီး ဒီအထဲမှာ အင်ဆိုင်းနဲ့ ကူလီဘာလီတို့ဟာ ဒဏ်ငွေပမာဏအများဆုံးပေးခဲ့ရတဲ့ သူတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ကူလီဘာလီဟာ နာပိုလီကနေထွက်ခွာဖို့အထိစီစဉ်နေတယ်လို့လည်း အီတလီသတင်းတွေမှာဖော်ပြသွားခဲ့ပါတယ်။

Photo- Internet

ပြီးခဲ့တဲ့လတုန်းက အိမ်ကွင်းမှာ ဆဲလ်ဘတ်နဲ့ချန်ပီယံလိဂ် ကစားခဲ့တဲ့ပွဲမှာ သရေကျပြီးတဲ့နောက် အသင်းသားတွေကို တစ်ပတ်လုံးလေ့ကျင့်ခန်းပြုလုပ်ဖို့ ဒီလော်ရန်တစ်က ညွှန်ကြားခဲ့တာပါ။ ဒါပေမယ့် ကစားသမားတွေကပြင်းပယ်ခဲ့ကြလို့ သူကဒေါသထွက်ပြီး ကလပ်ပုံရိပ်ကိုထိခိုက်စေမှုနဲ့ ကစားသမားတွေကို ဒဏ်ရိုက်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ငွေအများဆုံးထိခဲ့သူတွေကတော့ ပုန်ကန်ရာမှာ ဦးဆောင်သူအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ အင်ဆိုင်းဖြစ်ပြီး သူ့ရဲ့တစ်လစာ လစာရဲ့ ၅၀% ဒဏ်ရိုက်ခံလိုက်ရတာဖြစ်ပြီး ပေါင် ၃၂၀၀၀၀ ရှိခဲ့ပါတယ်။ ထို့အတူ ကူလီဘာလီဟာလည်း ဦးဆောင်သူဖြစ်တဲ့အတွက် ပေါင် ၁၉၂၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။

Photo- Internet

အင်ဆိုင်းဟာ ကလပ်ရဲ့ဒုတိယဥက္ကဋ္ဌ လည်းဖြစ်၊ ဒီလော်ရန်တစ်ရဲ့သားလည်းဖြစ်တဲ့ ဆိုင်ဒိုနဲ့လည်း ပြဿ     နာတက်ခဲ့လို့ အခုလောက်ဒဏ်ငွေများပြားသွားခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့အသင်းသားအများစုကတော့ လစာရဲ့ ၂၅% ပေးဆောင်ကြရမှာဖြစ်ပါတယ်။ အခုဖြစ်ရပ်ကြောင့် နာပိုလီကစားသမားအများစုဟာ အသင်းကနေထွက်ဖို့ ပြင်ဆင်နေကြပြီး ကူလီဘာလီဆိုရင်လည်း ထွက်ခွာဖို့ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အခုဒဏ်ရိုက်ခံရသူတွေထဲမှာ ဒူးဒဏ်ရာကြောင့်ရေရှည်အနားယူနေရတဲ့ နောက်ခံလူ မယ်လ်ကစ် တစ်ဦးဘဲရှိပါတယ်။ ကစားသမားတွေအပြင် နည်းပြ အန်ဆလော့တီလည်း မကြာခင်မှာထုတ်ပယ်ခံရဖို့ရှိနေတယ်လို့လည်း သတင်းတွေမှာဖော်ပြနေကြပါတယ်။

Photo- Internet

Zawgyi

လစာအမ်ားႀကီး ဒဏ္ရိုက္ခံရလို႔ နာပိုလီကေနထြက္ဖို႔ ကူလီဘာလီျပင္ဆင္ေန

နာပိုလီအသင္းပိုင္ရွင္ ဒီေလာ္ရန္တစ္ဟာ သူ႔ကစားသမားေတြေလ႔က်င့္ခန္းမဆင္းဘဲ ကလပ္ကိုပုန္ကန္ခဲ့မႈအတြက္ အသင္းသားေတြကို ဒဏ္ရိုက္ခဲ့ၿပီး ဒီအထဲမွာ အင္ဆိုင္းနဲ႔ ကူလီဘာလီတို႔ဟာ ဒဏ္ေငြပမာဏအမ်ားဆံုးေပးခဲ့ရတဲ႔ သူေတြျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လည္း ကူလီဘာလီဟာ နာပိုလီကေနထြက္ခြာဖို႔အထိစီစဥ္ေနတယ္လို႔လည္း အီတလီသတင္းေတြမွာေဖာ္ျပသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ႔လတုန္းက အိမ္ကြင္းမွာ ဆဲလ္ဘတ္နဲ႔ခ်န္ပီယံလိဂ္ ကစားခဲ့တဲ႔ပြဲမွာ သေရက်ၿပီးတဲ႔ေနာက္ အသင္းသားေတြကို တစ္ပတ္လုံးေလ႔က်င့္ခန္းျပဳလုပ္ဖို႔ ဒီေလာ္ရန္တစ္က ညႊန္ၾကားခဲ့တာပါ။ ဒါေပမယ္႔ ကစားသမားေတြကျပင္းပယ္ခဲ့ၾကလို႔ သူကေဒါသထြက္ၿပီး ကလပ္ပုံရိပ္ကိုထိခိုက္ေစမႈနဲ႔ ကစားသမားေတြကို ဒဏ္ရိုက္ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။ ဒဏ္ေငြအမ်ားဆုံးထိခဲ့သူေတြကေတာ႔ ပုန္ကန္ရာမွာ ဦးေဆာင္သူအျဖစ္သတ္မွတ္ခံခဲ့ရတဲ႔ အင္ဆိုင္းျဖစ္ၿပီး သူ႔ရဲ႕တစ္လစာ လစာရဲ႕ ၅၀% ဒဏ္ရိုက္ခံလိုက္ရတာျဖစ္ၿပီး ေပါင္ ၃၂၀၀၀၀ ရွိခဲ့ပါတယ္။ ထို႔အတူ ကူလီဘာလီဟာလည္း ဦးေဆာင္သူျဖစ္တဲ႔အတြက္ ေပါင္ ၁၉၂၀၀၀ ေပးေဆာင္ရမွာျဖစ္ပါတယ္။

အင္ဆိုင္းဟာ ကလပ္ရဲ႕ဒုတိယဥကၠ႒ လည္းျဖစ္၊ ဒီေလာ္ရန္တစ္ရဲ႕သားလည္းျဖစ္တဲ႔ ဆိုင္ဒိုနဲ႔လည္း ျပႆ     နာတက္ခဲ့လို႔ အခုေလာက္ဒဏ္ေငြမ်ားျပားသြားခဲ့တာျဖစ္ပါတယ္။ က်န္တဲ႔အသင္းသားအမ်ားစုကေတာ႔ လစာရဲ႕ ၂၅% ေပးေဆာင္ၾကရမွာျဖစ္ပါတယ္။ အခုျဖစ္ရပ္ေၾကာင့္ နာပိုလီကစားသမားအမ်ားစုဟာ အသင္းကေနထြက္ဖို႔ ျပင္ဆင္ေနၾကၿပီး ကူလီဘာလီဆိုရင္လည္း ထြက္ခြာဖို႔ဆုံးျဖတ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ အခုဒဏ္ရိုက္ခံရသူေတြထဲမွာ ဒူးဒဏ္ရာေၾကာင့္ေရရွည္အနားယူေနရတဲ႔ ေနာက္ခံလူ မယ္လ္ကစ္ တစ္ဦးဘဲရွိပါတယ္။ ကစားသမားေတြအျပင္ နည္းျပ အန္ဆေလာ႔တီလည္း မၾကာခင္မွာထုတ္ပယ္ခံရဖို႔ရွိေနတယ္လို႔လည္း သတင္းေတြမွာေဖာ္ျပေနၾကပါတယ္။