လစာအမ်ားဆုံးဆယ္ေက်ာ္သက္ကစားသမားတစ္ဦးအျဖစ္ ဟက္ဆန္အိုဒြိဳင္း စာခ်ဳပ္သစ္ခ်ဳပ္ဆို

Photo Credit

Photo Credit

ခ်ဲလ္ဆီးအသင္းေတာင္ပံကစားသမား ဟက္ဆန္အိုဒြိဳင္းဟာ အသင္းနဲ႔ ေပါင္သန္း ၅၀တန္ဖိုးရွိ စာခ်ဳပ္သစ္ခ်ုဳပ္ဆိုလုိက္ၿပီးေနာက္ ကမၻာ့လုပ္ခလစာအမ်ားဆုံးဆယ္ေက်ာ္သက္ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

Photo Credit ; PA

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အသက္ ၁၈ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ ဟက္ဆန္အိုဒြိဳင္းဟာ ၿပီးခဲ့တ့ဲဇူလိုင္လ ၂၄ ရက္ေန႔ကတည္းက ခ်ဲလ္ဆီးနဲ႔ ၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့တာျဖစ္ေၾကာင္း သိရၿပီး စာခ်ဳပ္သစ္အရ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၈၀၀၀၀ ရရွိမွာျဖစ္ကာ အပိုဆုေၾကးေတြပါ ထည့္သြင္းလုိက္ရင္ ေပါင္ ၂၀၀၀၀၀ အထိ ျမင့္တက္လာႏိုင္ပါတယ္။

Photo Credit

ဒီစာခ်ဳပ္သစ္အရ ဟက္ဆန္အုိဒြိဳင္းဟာ အသက္ ၂၀ေအာက္ကစားသမားေတြအနက္ လုပ္ခလစာအမ်ားဆုံးကစားသမားတစ္ဦးျဖစ္လာၿပီး စာခ်ဳပ္သစ္မခ်ဳပ္ဆိုခင္ သူ႕ရဲ႕အနာဂတ္က မေသမခ်ာျဖစ္ခဲ့ပါတယ္။ သူဟာ ဧၿပီလကတည္းက ဖေနာင့္ေၾကာဒဏ္ရာေၾကာင့္ အနားယူခဲ့ရၿပီးေနာက္ ျပန္ကစားႏုိင္ဖို႔ အေတာ္ေလးနီးစပ္ေနၿပီျဖစ္ပါတယ္။

Photo Credit

”အခုလိုစာခ်ဳပ္သစ္ခ်ဳပ္ဆုိႏိုင္ခဲ့လုိ႔ အံ့အားသင့္စရာေကာင္းတဲ့ခံစားမႈျဖစ္ေပၚလာပါတယ္။ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ အၾကာႀကီးေစာင့္လုိက္ရေပမယ့္ အခုေတာ့ ၿပီးဆုံးသြားပါၿပီ။ ကြန္ေတာ္လည္း အရမ္းေပ်ာ္ရႊင္မိပါတယ္။ ကၽြန္ေတာ္ဟာ အသက္ ၈ႏွစ္ကတည္းက ခ်ဲလ္ဆီးကို ေရာက္ေနတာျဖစ္ၿပီး အသင္းနဲ႔အတူ ေအာင္ျမင္မႈေတြရယူဖုိ႔လည္း စိတ္အားထက္သန္ေနပါတယ္”လုိ႔ ဟက္ဆန္အိုဒြိဳင္းက ေျပာပါတယ္။

Photo Credit

ၿပီးခဲ့တ့ဲဇန္န၀ါရီလအတြင္း ဟက္ဆန္အိုဒြိဳင္းကို ေခၚယူဖို႔ ဘုိင္ယန္ျမဴးနစ္အသင္းက အသည္းအသန္ႀကိဳးစားခ့ဲဖူးၿပီး တစ္ပတ္လုပ္ခ ေပါင္ ၂၀၀၀၀၀ နဲ႔ေခၚယူဖုိ႔ ကမ္းလွမ္းခ့ဲသလုိ အဲဒီအခ်ိန္တုန္းက သက္တမ္းကုန္ဆုံးဖို႔ ၁ႏွစ္ခြဲပဲလိုေတာ့တဲ့သူ႕အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅သန္းအထိ ေပးဖို႔ ကမ္းလွမ္းခဲ့ပါတယ္။

Photo Credit

သူ႕ရဲ႕မူလစာခ်ဳပ္သက္တမ္းက လာမယ့္ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ၿပီး ခ်ဲလ္ဆီးအေနနဲ႔ လူငယ္ၾကယ္ပြင့္တစ္ဦးကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ဆုံး႐ံႈးရဖုိ႔ နီးစပ္ခဲ့ေပမယ့္ အခုေတာ့ အသင္းမွာ ၂၀၂၄အထိရွိမယ့္ ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆုိႏိုင္ခဲ့တာျဖစ္ပါတယ္။

Photo Credit

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ရီးရဲလ္ကိုေရာက္သြားတ့ဲ ဟာဇက္ရဲ႕ေနရာမွာ ဟက္ဆန္အိုဒြိင္းနဲ႔ အစားထုိးဖို႔ ျပင္ဆင္ေနၿပီး အခုေတာ့ ေနာက္ထပ္အကယ္ဒမီထြက္ကစားသမားေတြျဖစ္တဲ့ ေနာက္ခံလူ တိုမုိရီ၊ တုိက္စစ္မွဴး ေအဘရာဟမ္နဲ႔ ညာေနာက္ခံလူ ရီဆီဂ်ိမ္းစ္တို႔ကို စာခ်ဳပ္သစ္ေတြခ်ဳပ္ဆုိဖို႔ ဆက္လက္ႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။

Photo Credit

Unicode

လစာအများဆုံးဆယ်ကျော်သက်ကစားသမားတစ်ဦးအဖြစ် ဟက်ဆန်အိုဒွိုင်း စာချုပ်သစ်ချုပ်ဆို

ချဲလ်ဆီးအသင်းတောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းဟာ အသင်းနဲ့ ပေါင်သန်း ၅၀တန်ဖိုးရှိ စာချုပ်သစ်ချုုပ်ဆိုလိုက်ပြီးနောက် ကမ္ဘာ့လုပ်ခလစာအများဆုံးဆယ်ကျော်သက်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ အသက် ၁၈နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် ဟက်ဆန်အိုဒွိုင်းဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၄ ရက်နေ့ကတည်းက ချဲလ်ဆီးနဲ့ ၅နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တာဖြစ်ကြောင်း သိရပြီး စာချုပ်သစ်အရ တစ်ပတ်လုပ်ခလစာ ပေါင် ၁၈၀၀၀၀ ရရှိမှာဖြစ်ကာ အပိုဆုကြေးတွေပါ ထည့်သွင်းလိုက်ရင် ပေါင် ၂၀၀၀၀၀ အထိ မြင့်တက်လာနိုင်ပါတယ်။
ဒီစာချုပ်သစ်အရ ဟက်ဆန်အိုဒွိုင်းဟာ အသက် ၂၀အောက်ကစားသမားတွေအနက် လုပ်ခလစာအများဆုံးကစားသမားတစ်ဦးဖြစ်လာပြီး စာချုပ်သစ်မချုပ်ဆိုခင် သူ့ရဲ့အနာဂတ်က မသေမချာဖြစ်ခဲ့ပါတယ်။ သူဟာ ဧပြီလကတည်းက ဖနောင့်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် ပြန်ကစားနိုင်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်ပါတယ်။
”အခုလိုစာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ အံ့အားသင့်စရာကောင်းတဲ့ခံစားမှုဖြစ်ပေါ်လာပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့ အကြာကြီးစောင့်လိုက်ရပေမယ့် အခုတော့ ပြီးဆုံးသွားပါပြီ။ ကွန်တော်လည်း အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်ဟာ အသက် ၈နှစ်ကတည်းက ချဲလ်ဆီးကို ရောက်နေတာဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေရယူဖို့လည်း စိတ်အားထက်သန်နေပါတယ်”လို့ ဟက်ဆန်အိုဒွိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ဟက်ဆန်အိုဒွိုင်းကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းက အသည်းအသန်ကြိုးစားခဲ့ဖူးပြီး တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ နဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သလို အဲဒီအချိန်တုန်းက သက်တမ်းကုန်ဆုံးဖို့ ၁နှစ်ခွဲပဲလိုတော့တဲ့သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်းအထိ ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
သူ့ရဲ့မူလစာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ လူငယ်ကြယ်ပွင့်တစ်ဦးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရဖို့ နီးစပ်ခဲ့ပေမယ့် အခုတော့ အသင်းမှာ ၂၀၂၄အထိရှိမယ့် ကာလရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ရီးရဲလ်ကိုရောက်သွားတဲ့ ဟာဇက်ရဲ့နေရာမှာ ဟက်ဆန်အိုဒွိင်းနဲ့ အစားထိုးဖို့ ပြင်ဆင်နေပြီး အခုတော့ နောက်ထပ်အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ တိုမိုရီ၊ တိုက်စစ်မှူး အေဘရာဟမ်နဲ့ ညာနောက်ခံလူ ရီဆီဂျိမ်းစ်တို့ကို စာချုပ်သစ်တွေချုပ်ဆိုဖို့ ဆက်လက်ကြိုးစားရတော့မှာဖြစ်ပါတယ်။