လစာလျှော့ယူလိုက်ဖို့ အဆင်ပြေတာနဲ့ မန်ယူပြန်ရောက်မယ့် စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အီတလီမြေမှာ အဆင်မပြေမှုတွေဖြစ်နေတဲ့ စီရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာဖြစ်တဲ့ တစ်ရာသီ ပေါင် ၂၇သန်း (ယူရို ၃၁သန်း) ကိုလျှော့ယူမယ်ဆိုရင် သူ့ရဲ့ အောင်မြင်မှုစတင်ရာ အသင်းဟောင်း မန်ယူအသင်းက လာမယ့်ဈေးကွက်မှာ ပြန်လည်ခေါ်ယူသွားဖို့ ရှိနေပါတယ်။

ဂျူဗင်တပ်အသင်းဟာ ကိုဗစ်ကာလမှာ စီးပွားရေးဝင်ငွေ အကျပ်အတည်းရှိနေပြီး စီရော်နယ်ဒို ပေးချေနေရတဲ မြင်မားတဲ့လစာက ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။

ဒါကြောင့် လာမယ့် ဈေးကွက်မှာ ပေါင် ၂၆သန်းလောက်နဲ့ ရောင်းချလိုနေတာပါ။

အသက် ၃၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုအတွက် မန်ယူဖက်က ပြောင်းရွှေ့ကြေးပေါင် ၂၆သန်းဆိုတာ စာမဖွဲ့ပေမယ့် လစာငွေများပြားနေတာကတော့ အဆင်မပြေပါဘူး။

မန်ယူမှာ လက်ရှိ ဂိုးသမား ဒီဂီယာက လစာအများဆုံးရရှိနေပြီး တပတ် ပေါင် ၃၇၅၀၀၀ ရရှိပြီး ပေါ့ဂ်ဘာက တပတ် ၂၆၀၀၀၀ ရရှိနေပါတယ်။ ဂျူဗင်တပ်အနေနဲ့ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ်မှာ ပေါ်တိုကို မကျော်နိုင်ခဲ့ဘဲ ပြိုင်ပွဲကထွက်ခဲ့ရသလို စီးရီးအေမှာလည်း လက်ရှိ ထိပ်ဆုံးက အင်တာနောက်မှာ ၁၁မှတ်ကွာနေတဲ့အတွက် ချန်ပီယံမဖြစ်နိုင်တော့ဘဲ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

စီရော်နယ်ဒိုကိုယ်တိုင်လည်း ပါးမားနဲ့ပွဲမှာ ပြစ်ဒဏ်ဘောကာကွယ်တဲ့ပုံစံနဲ့ ပတ်သတ်ပြီး လှောင်ပြောင်မှုတွေခံနေရသလို ဂျီနိုအာနဲ့ပွဲမှာ ပွဲအပြီး ဂျူဗင်တပ်ဂျာစီကို ဆွဲချွတ်ပစ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ကစားသမားဟောင်းတွေနဲ့ ပရီသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဏီးရီးအေချန်ပီယံဆုကို ရော်နယ်ဒိုမရောက်ခင်ကတည်းက ၇ကြိမ်ဆက်တိုက် ယူထားနိုင်တဲ့ ဂျူဗင်တပ်အတွက် ဒီနှစ် ၁၀ကြိမ်မြောက် မဖြစ်နိုင်တော့ပါဘူး။

လက်ရှိ မန်ူအသင်း နည်းပြဆိုးလ်ရှားကတော့ တစ်ချိန်က ကစားဖော်ဖြစ်ခဲ့ဖူးတဲ့ စီရော်နယ်ဒို ပြန်လည်ခေါ်ယူလိုနေပြီး လစာကိစ္စ ညှိနှိုင်းလို့အဆင်ပြေရင် ဖြစ်လာဖို့ရှိပါတယ်။ ရီးရဲလ် ဥက္ကဌပီရက်ဇ်ကတော့ စီရော်နယ်ဒို ပြန်လာနိုင်မလားဆိုတု့ မေးခွန်းတွေကို ကောလဟာလတွေအဖြစ် ပြောကြားခဲ့ပြီး ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

စီရော်နယ်ဒိုဟာ ရီးရဲလ်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ၄၃၈ပွဲမှာ ၄၅၁ဂိုးအထိ စံချိန်တင်သွင်းယူထားနိုင်ခဲ့တာပါ။ ၂၀၁၈ခုနှစ်မှာတော့ စီးရီးအေက ဂျူဗင်တပ်အသင်းကို ပေါင် ၈၈သန်းနဲ့ ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လစာေလွ်ာ့ယူလိုက္ဖို႔ အဆင္ေျပတာနဲ႔ မန္ယူျပန္ေရာက္မယ့္ စီေရာ္နယ္ဒို

အီတလီေျမမွာ အဆင္မေျပမႈေတြျဖစ္ေနတဲ့ စီေရာ္နယ္ဒိုအေနနဲ႔ သူ႔ရဲ႕ ျမင့္မားတဲ့ လုပ္ခလစာျဖစ္တဲ့ တစ္ရာသီ ေပါင္ ၂၇သန္း (ယူ႐ို ၃၁သန္း) ကိုေလွ်ာ့ယူမယ္ဆိုရင္ သူ႔ရဲ႕ ေအာင္ျမင္မႈစတင္ရာ အသင္းေဟာင္း မန္ယူအသင္းက လာမယ့္ေဈးကြက္မွာ ျပန္လည္ေခၚယူသြားဖို႔ ရွိေနပါတယ္။ ဂ်ဴဗင္တပ္အသင္းဟာ ကိုဗစ္ကာလမွာ စီးပြားေရးဝင္ေငြ အက်ပ္အတည္းရွိေနၿပီး စီေရာ္နယ္ဒို ေပးေခ်ေနရတဲ ျမင္မားတဲ့လစာက ဝန္ထုပ္ဝန္ပိုး ျဖစ္ေနပါတယ္။ ဒါေၾကာင့္ လာမယ့္ ေဈးကြက္မွာ ေပါင္ ၂၆သန္းေလာက္နဲ႔ ေရာင္းခ်လိုေနတာပါ။

အသက္ ၃၆ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုအတြက္ မန္ယူဖက္က ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၂၆သန္းဆိုတာ စာမဖြဲ႕ေပမယ့္ လစာေငြမ်ားျပားေနတာကေတာ့ အဆင္ေမေျပပါဘူး။
မန္ယူမွာ လက္ရွိ ဂိုးသမား ဒီဂီယာက လစာအမ်ားဆုံးရရွိေနၿပီး တပတ္ ေပါင္ ၃၇၅၀၀၀ ရရွိၿပီး ေပါ့ဂ္ဘာက တပတ္ ၂၆၀၀၀၀ ရရွိေနပါတယ္။ ဂ်ဴဗင္တပ္အေနနဲ႔ ၿပီးခဲ့တဲ့လက ခ်န္ပီယံလိဂ္မွာ ေပၚတိုကို မေက်ာ္ႏိုင္ခဲ့ဘဲ ၿပိဳင္ပြဲကထြက္ခဲ့ရသလို စီးရီးေအမွာလည္း လက္ရွိ ထိပ္ဆုံးက အင္တာေနာက္မွာ ၁၁မွတ္ကြာေနတဲ့အတြက္ ခ်န္ပီယံမျဖစ္ႏိုင္ေတာ့ဘဲ က်ဆုံးမႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။

စီေရာ္နယ္ဒိုကိုယ္တိုင္လည္း ပါးမားနဲ႔ပြဲမွာ ျပစ္ဒဏ္ေဘာကာကြယ္တဲ့ပုံစံနဲ႔ ပတ္သတ္ၿပီး ေလွာင္ေျပာင္မႈေတြခံေနရသလို ဂ်ီႏိုအာနဲ႔ပြဲမွာ ပြဲအၿပီး ဂ်ဴဗင္တပ္ဂ်ာစီကို ဆြဲခြၽတ္ပစ္ခဲ့တဲ့ လုပ္ရပ္ေတြေၾကာင့္ ကစားသမားေဟာင္းေတြနဲ႔ ပရီသတ္ေတြရဲ႕ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ ဏီးရီးေအခ်န္ပီယံဆုကို ေရာ္နယ္ဒိုမေရာက္ခင္ကတည္းက ၇ႀကိမ္ဆက္တိုက္ ယူထားႏိုင္တဲ့ ဂ်ဴဗင္တပ္အတြက္ ဒီႏွစ္ ၁၀ႀကိမ္ေျမာက္ မျဖစ္ႏိုင္ေတာ့ပါဘူး။

လက္ရွိ မႏ္ူအသင္း နည္းျပဆိုးလ္ရွားကေတာ့ တစ္ခ်ိန္က ကစားေဖာ္ျဖစ္ခဲ့ဖူးတဲ့ စီေရာ္နယ္ဒို ျပန္လည္ေခၚယူလိုေနၿပီး လစာကိစၥ ညႇိႏႈိင္းလို႔အဆင္ေျပရင္ ျဖစ္လာဖို႔ရွိပါတယ္။ ရီးရဲလ္ ဥကၠဌပီရက္ဇ္ကေတာ့ စီေရာ္နယ္ဒို ျပန္လာႏိုင္မလားဆိုတု႔ ေမးခြန္းေတြကို ေကာလဟာလေတြအျဖစ္ ေျပာၾကားခဲ့ၿပီး ဘယ္ေတာ့မွ ျဖစ္လာႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။
စီေရာ္နယ္ဒိုဟာ ရီးရဲလ္အသင္းရဲ႕ ထာဝရ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္ၿပီး ၄၃၈ပြဲမွာ ၄၅၁ဂိုးအထိ စံခ်ိန္တင္သြင္းယူထားႏိုင္ခဲ့တာပါ။ ၂၀၁၈ခုႏွစ္မွာေတာ့ စီးရီးေအက ဂ်ဴဗင္တပ္အသင္းကို ေပါင္ ၈၈သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာလည္း ျဖစ္ပါတယ္။