လစာမရတဲ့အောက်တန်းလိဂ်ကစားသမားတွေကို ငွေလှူဒါန်းခဲ့တဲ့ စီရော်နယ်ဒို

photo-AFP

photo-gettyimages

ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း သူ့ဇာတိပေါ်တူဂီက ရုန်းကန်နေရတဲ့အောက်တန်းလိဂ်ကစားသမားတွေကို ငွေကြေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီဂျူဗင်တပ်စူပါစတားဟာ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းအတွက် ယူရို ၂၀၂၀ ခြေစစ်ပွဲဘောနပ်စ်တွေကို  ပေါ်တူဂီကစားသမားတွေလှူဒါန်းမှုပြုလုပ်တော့လည်း ဦးဆောင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ လိုကိုမိုးတစ်မော်စကိုမှာ အငှားကစားနေတဲ့ အင်တာကြယ်ပွင့်ဂျာအိုမာရီယိုက စီရော်နယ်ဒိုရဲ့ဦးဆောင်မှုနဲ့အတူ ကျန်းမာရေးလုပ်သားတွေနဲ့ ဆီမီးပရိုဘောလုံးသမားတွေအပါအဝင် တခြားသူတွေ အသက်ရှုချောင်သွားအောင် လှူဒါန်းမှုလုပ်နိုင်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

photo-the sun

”အားလုံးအတွက် ခက်ခဲတဲ့အခြေအနေတစ်ခုပါ။ အခုလိုအခြေအနေမျိုးဆိုရင် ပိုလို့တောင် ဆိုးပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့အကူအညီလိုအပ်နေတာပါ။ အထူးသဖြင့် ပရော်ဖက်ရှင်နယ်စာချုပ်မရှိဘဲ ရုန်းကန်နေရတဲ့ကစားသမားတွေကို ကျွန်တော်တို့အားလုံးကူညီဖို့ စီရော်နယ်ဒိုက ဦးစီးဦးဆောင်လုပ်ခဲ့တာပါ။ သူဟာ စံပြအနေနဲ့ဖြစ်အောင် အမြဲတမ်းကြိုးစားပါတယ်။ ပေါ်တူဂီအတွက် ဒီအခြေအနေမှာ သူဘယ်လောက်လုပ်ပေးနေတယ်ဆိုတာ ကျွန်တော်တို့မြင်နိုင်ပါတယ်”လို့ ပေါ်တူဂီလက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်သူ ဂျာအိုမာရီယိုက ပြောခဲ့တာပါ။

photo-credit

မကြာသေးခင်ကလည်း စီရော်နယ်ဒိုဟာ အမေများနေ့အတွက်ဆိုပြီး သူ့မိခင်ဒိုလိုရက်စ်ကို မာစီးဒီးကားသစ်တစ်စီးဝယ်ပေးခဲ့ပါသေးတယ်။ လောလောဆယ်တော့ သူဟာ လေ့ကျင့်ခန်းဆင်းဖို့အတွက် ဂျူဗင်တပ်ကို ပြန်သွားရဖို့ ရှိပေမယ့် သူ့ရဲ့ပေါင်သန်း ၃၀ တန်ကိုယ်ပိုင်ဂျက်လေယာဉ်က စပိန်မှာ ပိတ်မိနေလို့ ပေါ်တူဂီက ဇာတိမာဒိုင်ရာကျွန်းမှာပဲ ဆက်ရှိနေပါတယ်။

[Zawgyi]

လစာမရတဲ့ေအာက္တန္းလိဂ္ကစားသမားေတြကို ေငြလွဴဒါန္းခဲ့တဲ့ စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုဟာ ကိုရိုနာဗုိင္းရပ္စ္ကပ္ေဘးကာလအတြင္း သူ႔ဇာတိေပၚတူဂီက ရုန္းကန္ေနရတဲ့ေအာက္တန္းလိဂ္ကစားသမားေတြကို ေငြေၾကးလွဴဒါန္းခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီဂ်ဴဗင္တပ္စူပါစတားဟာ ကိုရိုနာဗုိင္းရပ္စ္အက်ပ္အတည္းအတြက္ ယူရို ၂၀၂၀ ေျခစစ္ပြဲေဘာနပ္စ္ေတြကို  ေပၚတူဂီကစားသမားေတြလွဴဒါန္းမႈျပဳလုပ္ေတာ့လည္း ဦးေဆာင္လႈပ္ရွားခဲ့သူ ျဖစ္ပါတယ္။ လိုကိုမိုးတစ္ေမာ္စကိုမွာ အငွားကစားေနတဲ့ အင္တာၾကယ္ပြင့္ဂ်ာအုိမာရီယိုက စီေရာ္နယ္ဒိုရဲ႕ဦးေဆာင္မႈနဲ႔အတူ က်န္းမာေရးလုပ္သားေတြနဲ႔ ဆီမီးပရိုေဘာလုံးသမားေတြအပါအ၀င္ တျခားသူေတြ အသက္ရႈေခ်ာင္သြားေအာင္ လွဴဒါန္းမႈလုပ္ႏိုင္ခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

”အားလုံးအတြက္ ခက္ခဲတဲ့အေျခအေနတစ္ခုပါ။ အခုလုိအေျခအေနမ်ိဳးဆုိရင္ ပိုလုိ႔ေတာင္ ဆုိးပါတယ္။ သူတို႔ဟာ ကၽြန္ေတာ္တို႔ရဲ႕အကူအညီလုိအပ္ေနတာပါ။ အထူးသျဖင့္ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္မရွိဘဲ ရုန္းကန္ေနရတဲ့ကစားသမားေတြကို ကၽြန္ေတာ္တုိ႔အားလုံးကူညီဖုိ႔ စီေရာ္နယ္ဒုိက ဦးစီးဦးေဆာင္လုပ္ခဲ့တာပါ။ သူဟာ စံျပအေနနဲ႔ျဖစ္ေအာင္ အၿမဲတမ္းႀကိဳးစားပါတယ္။ ေပၚတူဂီအတြက္ ဒီအေျခအေနမွာ သူဘယ္ေလာက္လုပ္ေပးေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ျမင္ႏိုင္ပါတယ္”လုိ႔ ေပၚတူဂီလက္ေရြးစင္ကစားသမားတစ္ေယာက္ျဖစ္သူ ဂ်ာအိုမာရီယုိက ေျပာခဲ့တာပါ။

မၾကာေသးခင္ကလည္း စီေရာ္နယ္ဒိုဟာ အေမမ်ားေန႔အတြက္ဆိုၿပီး သူ႔မိခင္ဒိုလိုရက္စ္ကို မာစီးဒီးကားသစ္တစ္စီး၀ယ္ေပးခဲ့ပါေသးတယ္။ ေလာေလာဆယ္ေတာ့ သူဟာ ေလ့က်င့္ခန္းဆင္းဖုိ႔အတြက္ ဂ်ဴဗင္တပ္ကို ျပန္သြားရဖုိ႔ ရွိေပမယ့္ သူ႔ရဲ႕ေပါင္သန္း ၃၀ တန္ကိုယ္ပိုင္ဂ်က္ေလယာဥ္က စပိန္မွာ ပိတ္မိေနလို႔ ေပၚတူဂီက ဇာတိမာဒိုင္ရာကၽြန္းမွာပဲ ဆက္ရွိေနပါတယ္။