လစာပြဿနာကြောင့် ဘာစီလိုနာအသင်း အဂွဲရိုးအပါအဝင် ကစားသမားသစ်တွေတစ်ယောက်မှ စာရင်းသွင်းခွင့်မရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လာလီဂါထိပ်သီး ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အခုအချိန်မှာ အဂွဲရိုးအပါအဝင် သူတို့ခေါ်ယူထားတဲ့ကစားသမားသစ်တွေကို လာလီဂါအဖွဲ့ချုပ်ဆီမှာ စာရင်းသွင်းခွင့်မရဖြစ်နေပါတယ်။

နာမည်ကျော်အားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့ Goal က ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေကို ပေးချနေတဲ့လစာငွေပမာဏဟာ လာလီဂါအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ပမာဏထက် ကျော်လွန်နေပြီး

အသင်းက ကစားသမားတချို့ကို မရောင်းမချင်း အခုနွေရာသီအပြောင်းအရွှေ့မှာ သူတို့ခေါ်ယူထားတဲ့ အဂွဲရိုး၊ ဒီပိုင်း၊ အဲရစ်ဂါစီယာတို့ကို လာလီဂါမှာ တရားဝင်စာရင်းသွင်းခွင့်မရှိဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ဇွန်လ(၃၀)ရက်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး တာဝန်ရှိသူတွေက စာချုပ်သစ်ပြန်ချုပ်ဖို့ ကြိုးစားနေပေမယ့် အခုလောလောဆယ်မှာ အသင်းရဲ့လစာငွေပမာဏကို လျှော့ချနိုင်ဖို့က ပိုအရေးကြီးနေပါပြီ။

အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ အသင်းမှာ လစာငွေအများဆုံးရရှိနေတဲ့ကစားသမားတွေနဲ့ ပုံမှန်ကစားခွင့်မရတဲ့ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်ပြီးတော့ လစာငွေပမာဏကို လျှော့ချနိုင်ဖို့ ကြိုးစားနေပြီး

နောက်ခံလူဂျူနီယာဖီယာပိုကို လိဒ်စ်အသင်းက ပေါင်(၁၃)သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တဲ့အတွက် ဘာစီလိုနာအသင်း လစာငွေ ပေါင်(၈)သန်းလောက်သက်သာသွားမယ့်အနေအထားပါပဲ။

လူငယ်တောင်ပံတိုက်စစ်ကစားသမားဖြစ်တဲ့ ထရင်ကာအိုဟာလည်း ဝုလ်ဗ်အသင်းဆီ အငှားနဲ့ပြောင်းရွှေ့သွားပြီဖြစ်ပြီး ခြေစွမ်းပြနိုင်ရင် ဝုလ်ဗ်အသင်းက အပြီးသတ်ခေါ်ယူဖို့ သဘောတူညီထားပါတယ်။

နောက်ပြီး အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ တောင်ပံကစားသမားဖြူရန်တေးနဲ့ နောက်ခံလူတိုဒီဘိုတို့ကို မာဆေးလ်၊ နိုက်စ်အသင်းတွေဆီ ရောင်းချခဲ့ပြီး အဲဒီအတွက် လစာငွေပေးချေရမှုမှာ ပေါင်(၉)သန်းအထိသက်သာသွားမှာပါ။

ဒါပေမဲ့ ဒီလောက်ပမာဏက ဘာစီလိုနာအသင်းရဲ့လစာငွေပေးချေရမှုကို သိသိသာသာမလျော့သွားသေးတဲ့အတွက် မြင့်မားတဲ့လစာငွေတွေရရှိနေတဲ့ အမ်တီတီ၊ ယာနစ်၊ ကော်တင်ဟိုတို့ကိုပါ ရောင်းချဖို့စီစဉ်နေပြီး သူတို့(၃)ဦးထွက်သွားရင်တော့ ပေါင်(၁၇၁)သန်းအထိ သက်သာသွားမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို စာချုပ်ပြန်ချုပ်နိုင်ဖို့အတွက်သာမက လာလီဂါအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ လစာငွေစည်းမျဉ်းနဲ့ကိုက်ညီအောင်

အသင်းက ကစားသမားတွေကို ရောင်းချဖို့ အသည်းအသန်ပြင်ဆင်နေတာဖြစ်ပြီး ပေါင်(၁၄၂)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကော်တင်ဟိုကို ပေါင်(၂၁)သန်းလောက်နဲ့ ရောင်းချသွားဖို့ရှိနေပါပြီ။

အခုလောလောဆယ်မှာ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားဆင်နွှဲနေပြီး ပြိုင်ပွဲပြီးသွားရင် ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဖို့ရှိနေပေမယ့်

သူ့ရဲ့မြင့်မားတဲ့လစာငွေက အသင်းအတွက်ပြဿနာဖြစ်နေသလို မက်ဆီကလည်း အသင်းအောင်မြင်မှုရဖို့ ကစားသမားသစ်တွေ ခေါ်ယူစေချင်နေတာကြောင့်

တကယ်လို့ သူ တောင်းဆိုတဲ့အတိုင်း မဖြည့်ဆည်းပေးနိုင်ရင်တော့ စာချုပ်ချုပ်ဆိုဖို့ မသေချာလို့ မက်ဆီကို ခေါ်ယူလိုနေတဲ့အသင်းတွေအတွက် အခွင့်အရေးဖြစ်သွားပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လစာျပႆနာေၾကာင့္ ဘာစီလိုနာအသင္း အဂြဲ႐ိုးအပါအဝင္ ကစားသမားသစ္ေတြတစ္ေယာက္မွ စာရင္းသြင္းခြင့္မရ

လာလီဂါထိပ္သီး ဘာစီလိုနာအသင္းဟာ ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရၿပီး အခုအခ်ိန္မွာ အဂြဲ႐ိုးအပါအဝင္ သူတို႔ေခၚယူထားတဲ့ကစားသမားသစ္ေတြကို လာလီဂါအဖြဲ႕ခ်ဳပ္ဆီမွာ စာရင္းသြင္းခြင့္မရျဖစ္ေနပါတယ္။ နာမည္ေက်ာ္အားကစားဝက္ဘ္ဆိုက္ျဖစ္တဲ့ Goal က ဘာစီလိုနာအသင္းရဲ႕ ကစားသမားေတြကို ေပးခ်ေနတဲ့လစာေငြပမာဏဟာ လာလီဂါအဖြဲ႕ခ်ဳပ္က သတ္မွတ္ထားတဲ့ပမာဏထက္ ေက်ာ္လြန္ေနၿပီး အသင္းက ကစားသမားတခ်ိဳ႕ကို မေရာင္းမခ်င္း အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ သူတို႔ေခၚယူထားတဲ့ အဂြဲ႐ိုး၊ ဒီပိုင္း၊ အဲရစ္ဂါစီယာတို႔ကို လာလီဂါမွာ တရားဝင္စာရင္းသြင္းခြင့္မရွိျဖစ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ ဘာစီလိုနာအသင္းရဲ႕ နာမည္ေက်ာ္ကစားသမား မက္ဆီဟာ ၿပီးခဲ့တဲ့ဇြန္လ(၃၀)ရက္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္ၿပီး တာဝန္ရွိသူေတြက စာခ်ဳပ္သစ္ျပန္ခ်ဳပ္ဖို႔ ႀကိဳးစားေနေပမယ့္ အခုေလာေလာဆယ္မွာ အသင္းရဲ႕လစာေငြပမာဏကို ေလွ်ာ့ခ်ႏိုင္ဖို႔က ပိုအေရးႀကီးေနပါၿပီ။

အဲဒါေၾကာင့္ ဘာစီလိုနာအသင္းဟာ အသင္းမွာ လစာေငြအမ်ားဆုံးရရွိေနတဲ့ကစားသမားေတြနဲ႔ ပုံမွန္ကစားခြင့္မရတဲ့ ကစားသမားေတြထဲက တခ်ိဳ႕ကို ေရာင္းထုတ္ၿပီးေတာ့ လစာေငြပမာဏကို ေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးစားေနၿပီး ေနာက္ခံလူဂ်ဴနီယာဖီယာပိုကို လိဒ္စ္အသင္းက ေပါင္(၁၃)သန္းနဲ႔ ေခၚယူႏိုင္ေတာ့မွာျဖစ္တဲ့အတြက္ ဘာစီလိုနာအသင္း လစာေငြ ေပါင္(၈)သန္းေလာက္သက္သာသြားမယ့္အေနအထားပါပဲ။

လူငယ္ေတာင္ပံတိုက္စစ္ကစားသမားျဖစ္တဲ့ ထရင္ကာအိုဟာလည္း ဝုလ္ဗ္အသင္းဆီ အငွားနဲ႔ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ၿပီး ေျခစြမ္းျပႏိုင္ရင္ ဝုလ္ဗ္အသင္းက အၿပီးသတ္ေခၚယူဖို႔ သေဘာတူညီထားပါတယ္။ ေနာက္ၿပီး အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေတာင္ပံကစားသမားျဖဴရန္ေတးနဲ႔ ေနာက္ခံလူတိုဒီဘိုတို႔ကို မာေဆးလ္၊ ႏိုက္စ္အသင္းေတြဆီ ေရာင္းခ်ခဲ့ၿပီး အဲဒီအတြက္ လစာေငြေပးေခ်ရမႈမွာ ေပါင္(၉)သန္းအထိသက္သာသြားမွာပါ။ ဒါေပမဲ့ ဒီေလာက္ပမာဏက ဘာစီလိုနာအသင္းရဲ႕လစာေငြေပးေခ်ရမႈကို သိသိသာသာမေလ်ာ့သြားေသးတဲ့အတြက္ ျမင့္မားတဲ့လစာေငြေတြရရွိေနတဲ့ အမ္တီတီ၊ ယာနစ္၊ ေကာ္တင္ဟိုတို႔ကိုပါ ေရာင္းခ်ဖို႔စီစဥ္ေနၿပီး သူတို႔(၃)ဦးထြက္သြားရင္ေတာ့ ေပါင္(၁၇၁)သန္းအထိ သက္သာသြားမွာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ မက္ဆီကို စာခ်ဳပ္ျပန္ခ်ဳပ္ႏိုင္ဖို႔အတြက္သာမက လာလီဂါအဖြဲ႕ခ်ဳပ္က သတ္မွတ္ထားတဲ့ လစာေငြစည္းမ်ဥ္းနဲ႔ကိုက္ညီေအာင္ အသင္းက ကစားသမားေတြကို ေရာင္းခ်ဖို႔ အသည္းအသန္ျပင္ဆင္ေနတာျဖစ္ၿပီး ေပါင္(၁၄၂)သန္းနဲ႔ ေခၚယူခဲ့တဲ့ ေကာ္တင္ဟိုကို ေပါင္(၂၁)သန္းေလာက္နဲ႔ ေရာင္းခ်သြားဖို႔ရွိေနပါၿပီ။

အခုေလာေလာဆယ္မွာ မက္ဆီဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ ကိုပါအေမရိကဖလားဆင္ႏႊဲေနၿပီး ၿပိဳင္ပြဲၿပီးသြားရင္ ဘာစီလိုနာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ရွိေနေပမယ့္ သူ႔ရဲ႕ျမင့္မားတဲ့လစာေငြက အသင္းအတြက္ျပႆနာျဖစ္ေနသလို မက္ဆီကလည္း အသင္းေအာင္ျမင္မႈရဖို႔ ကစားသမားသစ္ေတြ ေခၚယူေစခ်င္ေနတာေၾကာင့္ တကယ္လို႔ သူ ေတာင္းဆိုတဲ့အတိုင္း မျဖည့္ဆည္းေပးႏိုင္ရင္ေတာ့ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ မေသခ်ာလို႔ မက္ဆီကို ေခၚယူလိုေနတဲ့အသင္းေတြအတြက္ အခြင့္အေရးျဖစ္သြားပါလိမ့္မယ္။