လင်ဂတ်၊ မာတာ၊ ဖီးလ်ဂျုံးစ်၊ ဒါလော့တ်တို့ကို ရောင်းချဖို့ ယူနိုက်တက် စီစဉ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူဖို့အတွက် အသင်းရဲ့လက်ရှိကစားသမားတွေထဲက တချို့ကို ရောင်းချပြီးငွေရှာသွားဖို့ရှိနေပါတယ်။

Metro သတင်းဌာနက ဆိုးလ်ရှားအနေနဲ့ အသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့ မာတာ၊ လင်ဂတ်၊ ဖီးလ်ဂျုံးစ်၊ ဒါလော့တ်စတဲ့ ကစားသမားတွေကို ရောင်းချပြီး သူတို့အားလုံးအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀)လောက်ရမယ့်အနေအထားရှိကြောင်း၊ ဆိုးလ်ရှားဟာ လာမယ့်နွေရာသီဈေးကွက်အတွက် ကစားသမားသစ်ခေါ်ယူဖို့ ပေါင်သန်း(၈၀)သာအသုံးပြုခွင့်ရမှာဖြစ်လို့ ဒီကစားသမား(၅)ဦးကို ရောင်းချလို့ရတဲ့ငွေကြေးတွေနဲ့အတူ ကစားသမားသစ်ခေါ်ယူဖို့ ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကိုဗစ်ရောဂါဆိုးရိုက်ခတ်မှုကြောင့် ထိပ်သီးကလပ်တွေရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် ထိခိုက်မှုတွေရှိနေပြီး အဲဒီထဲမှာ ယူနိုက်တက်အသင်းလည်း အပါအဝင်ပါပဲ။ ပြီးခဲ့တဲ့နှစ်၊ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းက ဆိုးလ်ရှားဟာ ဗန်ဒီဘိခ်၊ တဲလက်စ်၊ ပယ်လစ်စထရီ၊ ဒီယာလိုတို့ကို ခေါ်ယူခဲ့ပြီး အဲဒီအတွက် ပေါင်(၉၂.၄)သန်းအထိ သုံးစွဲခဲ့ပေမယ့် လာမယ့်နွေရာသီမှာတော့ ဘတ်ဂျက်ပမာဏက အကန့်အသတ်နဲ့သာ အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ နောက်ခံလူ၊ ကွင်းလယ်ခံစစ်၊ ညာတောင်ပံနဲ့ တိုက်စစ်နေရာတွေအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ယူနိုက်တက်ဘုတ်အဖွဲ့က အသုံးပြုခွင့်ပေးထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း(၈၀)ထက် ပိုကုန်ကျမယ့်အနေအထားပါပဲ။ အဲဒါကြောင့် ဆိုးလ်ရှားက အသင်းအတွက် မလိုအပ်တော့တဲ့ကစားသမားတွေကို ရောင်းချပြီး အဲဒီကရတဲ့ ငွေနဲ့ ကစားသမားသစ်ခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အခုလောလောဆယ် ဝက်စ်ဟမ်း၊ အေစီမီလန်အသင်းတို့မှာ အငှားနဲ့သွားကစားနေတဲ့ လင်ဂတ်နဲ့ ဒါလော့တ်တို့ဟာ သူတို့အသင်းတွေအတွက် ခြေစွမ်းပြကစားနေတာကြောင့် သူတို့နှစ်ဦးကို ရောင်းချရင် ဈေးကောင်းရမယ့်အခြေအနေရှိပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ လင်ဂတ်အတွက် ပေါင်သန်း(၂၀)၊ ဒါလော့တ်အတွက် ပေါ်တိုအသင်းဆီကနေ သူ့ကို ခေါ်ယူခဲ့တုန်းက ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၁၇.၄)သန်းကျော်ထက် ပိုရရှိမယ်ဆိုရင် လက်လွှတ်သွားဖို့ရှိနေပါတယ်။

ဒီရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဝါရင့်ကွင်းလယ်လူမာတာကို အလွတ်နဲ့ လက်မလွှတ်ရဖို့အတွက် (၁)နှစ်စာချုပ်သက်တမ်းတိုးမယ့်အနေအထားရှိနေပြီး သူ့ကို စီးရီးအေထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမားတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၀၊ ဇန်နဝါရီလတုန်းက ထရန်မဲယားနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း ဒဏ်ရာကြောင့် အနားယူနေရသူ နောက်ခံလူဖီးလ်ဂျုံးစ်ကို ပေါင်(၁၀)သန်းလောက်ရရင်ပဲ ရောင်းချသွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လင္ဂတ္၊ မာတာ၊ ဖီးလ္ဂ်ဳံးစ္၊ ဒါေလာ့တ္တို႔ကို ေရာင္းခ်ဖို႔ ယူႏိုက္တက္ စီစဥ္ေန

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားဟာ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ကစားသမားသစ္ေခၚယူဖို႔အတြက္ အသင္းရဲ႕လက္ရွိကစားသမားေတြထဲက တခ်ိဳ႕ကို ေရာင္းခ်ၿပီးေငြရွာသြားဖို႔ရွိေနပါတယ္။ Metro သတင္းဌာနက ဆိုးလ္ရွားအေနနဲ႔ အသင္းမွာ ပုံမွန္ကစားခြင့္မရတဲ့ မာတာ၊ လင္ဂတ္၊ ဖီးလ္ဂ်ဳံးစ္၊ ဒါေလာ့တ္စတဲ့ ကစားသမားေတြကို ေရာင္းခ်ၿပီး သူတို႔အားလုံးအတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၆၀)ေလာက္ရမယ့္အေနအထားရွိေၾကာင္း၊ ဆိုးလ္ရွားဟာ လာမယ့္ေႏြရာသီေဈးကြက္အတြက္ ကစားသမားသစ္ေခၚယူဖို႔ ေပါင္သန္း(၈၀)သာအသုံးျပဳခြင့္ရမွာျဖစ္လို႔ ဒီကစားသမား(၅)ဦးကို ေရာင္းခ်လို႔ရတဲ့ေငြေၾကးေတြနဲ႔အတူ ကစားသမားသစ္ေခၚယူဖို႔ ရွိတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ကိုဗစ္ေရာဂါဆိုး႐ိုက္ခတ္မႈေၾကာင့္ ထိပ္သီးကလပ္ေတြရဲ႕ ဘ႑ာေရးအေျခအေနအေပၚ ထိခိုက္မႈေတြရွိေနၿပီး အဲဒီထဲမွာ ယူႏိုက္တက္အသင္းလည္း အပါအဝင္ပါပဲ။ ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းက ဆိုးလ္ရွားဟာ ဗန္ဒီဘိခ္၊ တဲလက္စ္၊ ပယ္လစ္စထရီ၊ ဒီယာလိုတို႔ကို ေခၚယူခဲ့ၿပီး အဲဒီအတြက္ ေပါင္(၉၂.၄)သန္းအထိ သုံးစြဲခဲ့ေပမယ့္ လာမယ့္ေႏြရာသီမွာေတာ့ ဘတ္ဂ်က္ပမာဏက အကန႔္အသတ္နဲ႔သာ အသုံးျပဳခြင့္ရမွာျဖစ္ပါတယ္။ ဆိုးလ္ရွားဟာ ေနာက္ခံလူ၊ ကြင္းလယ္ခံစစ္၊ ညာေတာင္ပံနဲ႔ တိုက္စစ္ေနရာေတြအတြက္ ကစားသမားသစ္ေတြ ေခၚယူဖို႔ ပစ္မွတ္ထားေနတာေၾကာင့္ ယူႏိုက္တက္ဘုတ္အဖြဲ႕က အသုံးျပဳခြင့္ေပးထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၈၀)ထက္ ပိုကုန္က်မယ့္အေနအထားပါပဲ။ အဲဒါေၾကာင့္ ဆိုးလ္ရွားက အသင္းအတြက္ မလိုအပ္ေတာ့တဲ့ကစားသမားေတြကို ေရာင္းခ်ၿပီး အဲဒီကရတဲ့ ေငြနဲ႔ ကစားသမားသစ္ေခၚယူဖို႔ ျပင္ဆင္ေနတာလည္းျဖစ္ပါတယ္။

အခုေလာေလာဆယ္ ဝက္စ္ဟမ္း၊ ေအစီမီလန္အသင္းတို႔မွာ အငွားနဲ႔သြားကစားေနတဲ့ လင္ဂတ္နဲ႔ ဒါေလာ့တ္တို႔ဟာ သူတို႔အသင္းေတြအတြက္ ေျခစြမ္းျပကစားေနတာေၾကာင့္ သူတို႔ႏွစ္ဦးကို ေရာင္းခ်ရင္ ေဈးေကာင္းရမယ့္အေျခအေနရွိပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ လင္ဂတ္အတြက္ ေပါင္သန္း(၂၀)၊ ဒါေလာ့တ္အတြက္ ေပၚတိုအသင္းဆီကေန သူ႔ကို ေခၚယူခဲ့တုန္းက ေပးခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၁၇.၄)သန္းေက်ာ္ထက္ ပိုရရွိမယ္ဆိုရင္ လက္လႊတ္သြားဖို႔ရွိေနပါတယ္။ ဒီရာသီကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ဝါရင့္ကြင္းလယ္လူမာတာကို အလြတ္နဲ႔ လက္မလႊတ္ရဖို႔အတြက္ (၁)ႏွစ္စာခ်ဳပ္သက္တမ္းတိုးမယ့္အေနအထားရွိေနၿပီး သူ႔ကို စီးရီးေအထိပ္သီးအသင္းေတြျဖစ္တဲ့ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္၊ ႐ိုးမားတို႔က ေခၚယူဖို႔ ပစ္မွတ္ထားေနၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၂၀၊ ဇန္နဝါရီလတုန္းက ထရန္မဲယားနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ပါဝင္ကစားခဲ့ၿပီးေနာက္ပိုင္း ဒဏ္ရာေၾကာင့္ အနားယူေနရသူ ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ကို ေပါင္(၁၀)သန္းေလာက္ရရင္ပဲ ေရာင္းခ်သြားဖို႔ရွိေနပါၿပီ။