လင်ဂတ်အတွက် စီးရီးအေအသင်းကြီး ၄ သင်းကို ကမ်းလှမ်းပေးထားတဲ့ အေးဂျင့်ရွိုင်အိုလာ

photo-gettyimages

photo-gettyimages

သူ့ရဲ့အေးဂျင့်အသစ်ဖြစ်သူ ရွိုင်အိုလာက ကစားသမားအတွက် စီးရီးအေအသင်းကြီး ၄ သင်းကို ကမ်းလှမ်းမှုပြုလုပ်ပေးထားတဲ့အတွက် လင်ဂတ်ရဲ့မန်ယူကစားသမားဘဝဟာ အဆုံးသတ်တော့မယ့် အခြေအနေမှာ ရှိပါတယ်။ ၂၇ နှစ်အရွယ် အဲဒီတိုက်စစ်အသားပေးကွင်းလယ်လူဟာ ဒီရာသီမှာလည်း ခြေစွမ်းပုံမှန်အောက်ရောက်နေကာ နေရာရဖို့အတွက်တောင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်လုံး သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တစ်ခုတစ်လေမှ မရှိခဲ့ပါဘူး။ ဒီလထဲမှာပဲ နာမည်ကြီးအေးဂျင့်ရွိုင်အိုလာနဲ့ စတင်လက်တွဲလိုက်ပြီးကတည်းက လင်ဂတ်ရဲ့မန်ယူအနာဂါတ်ဟာ မသေချာတော့တာပါ။

photo-gettyimages

မကြာသေးခင်တုန်းက ကွင်းလယ်လူပေ့ါဂ်ဘာရဲ့ကိစ္စနဲ့ပတ်သက်ပြီး မန်ယူနဲ့ ရွိုင်အိုလာတို့ကြား အကွဲအပြဲဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးက နောက်နောင်အလုပ်အတူလုပ်ဖို့ အစီအစဉ်မရှိကြတော့ပါဘူး။ ဒီလိုအချိန်မှာမှ လင်ဂတ်ဟာ သူ့ရဲ့အေးဂျင့်သစ်အဖြစ် ရွိုင်အိုလာကို လက်တွဲလိုက်လို့ မန်ယူဘက်က အမြင်မကြည်ဖြစ်ခဲ့ရတယ်။ နာမည်ကြီးအေးဂျင့်ပီပီ ရွိုင်အိုလာကလည်း လင်ဂတ်အတွက် အခုကတည်းက ပြောင်းရွှေ့နိုင်အောင် ချက်ချင်းပဲ အကောင်အထည်ဖော်ပေးနေပါတယ်။

photo-gettyimages

သူဟာ စီးရီးအေအသင်းကြီး ၄ သင်းဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်၊ ရိုးမားနဲ့ နာပိုလီတို့ထံ လင်ဂတ်ကိုခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းမှုလုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ လင်ဂတ်နဲ့သတင်းအထွက်ဆုံးက အေစီမီလန်ဖြစ်ပါတယ်။ လင်ဂတ်နဲ့ မန်ယူတို့ရဲ့စာချုပ်သက်တမ်းကလည်း ၂၀၂၁ ဇွန်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

[Zawgyi]

လင္ဂတ္အတြက္ စီးရီးေအအသင္းႀကီး ၄ သင္းကို ကမ္းလွမ္းေပးထားတဲ့ ေအးဂ်င့္ရြိဳင္အိုလာ

သူ႔ရဲ႕ေအးဂ်င့္အသစ္ျဖစ္သူ ရြိဳင္အိုလာက ကစားသမားအတြက္ စီးရီးေအအသင္းႀကီး ၄ သင္းကို ကမ္းလွမး္မႈျပဳလုပ္ေပးထားတဲ့အတြက္ လင္ဂတ္ရဲ႕မန္ယူကစားသမားဘ၀ဟာ အဆုံးသတ္ေတာ့မယ့္ အေျခအေနမွာ ရွိပါတယ္။ ၂၇ ႏွစ္အရြယ္ အဲဒီတိုက္စစ္အသားေပးကြင္းလယ္လူဟာ ဒီရာသီမွာလည္း ေျခစြမး္ပုံမွန္ေအာက္ေရာက္ေနကာ ေနရာရဖို႔အတြက္ေတာင္ ရုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္မွာ ၿပီးခဲ့တဲ့ ၂၀၁၉ တစ္ႏွစ္လုံး သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ တစ္ခုတစ္ေလမွ မရွိခဲ့ပါဘူး။ ဒီလထဲမွာပဲ နာမည္ႀကီးေအးဂ်င့္ရြိဳင္အိုလာနဲ႔ စတင္လက္တြဲလုိက္ၿပီးကတည္းက လင္ဂတ္ရဲ႕မန္ယူအနာဂါတ္ဟာ မေသခ်ာေတာ့တာပါ။

မၾကာေသးခင္တုန္းက ကြင္းလယ္လူေပ့ါဂ္ဘာရဲ႕ကိစၥနဲ႔ပတ္သက္ၿပီး မန္ယူနဲ႔ ရြိဳင္အိုလာတုိ႔ၾကား အကြဲအၿပဲျဖစ္ခဲ့ၿပီး ႏွစ္ဖက္စလုံးက ေနာက္ေနာင္အလုပ္အတူလုပ္ဖို႔ အစီအစဥ္မရွိၾကေတာ့ပါဘူး။ ဒီလုိအခ်ိန္မွာမွ လင္ဂတ္ဟာ သူ႔ရဲ႕ေအးဂ်င့္သစ္အျဖစ္ ရြိဳင္အိုလာကို လက္တြဲလိုက္လုိ႔ မန္ယူဘက္က အျမင္မၾကည္ျဖစ္ခဲ့ရတယ္။ နာမည္ႀကီးေအးဂ်င့္ပီပီ ရြိဳင္အိုလာကလည္း လင္ဂတ္အတြက္ အခုကတည္းက ေျပာင္းေရႊ႕ႏိုင္ေအာင္ ခ်က္ခ်င္းပဲ အေကာင္အထည္ေဖာ္ေပးေနပါတယ္။

သူဟာ စီးရီးေအအသင္းႀကီး ၄ သင္းျဖစ္တ့ဲ ေအစီမီလန္၊ အင္တာမီလန္၊ ရိုးမားနဲ႔ နာပိုလီတုိ႔ထံ လင္ဂတ္ကိုေခၚယူႏိုင္ေၾကာင္း ကမ္းလွမ္းမႈလုပ္ထားတာ ျဖစ္ပါတယ္။ အဲဒီထဲမွာ လင္ဂတ္နဲ႔သတင္းအထြက္ဆံုးက ေအစီမီလန္ျဖစ္ပါတယ္။ လင္ဂတ္နဲ႔ မန္ယူတို႔ရဲ႕စာခ်ဳပ္သက္တမ္းကလည္း ၂၀၂၁ ဇြန္လမွာ ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။