လင်ဂတ်ခေါ်ယူမယ့် စားပွဲမှာ ဝင်ထိုင်လာတဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျက်ဆီလင်ဂတ်ကို ခေါ်ယူဖို့ အတွက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သတင်းတွေကဖော်ပြလာကြပါတယ်။

အဲဒီအနေအထားဟာ ဝက်စ်ဟမ်းအသင်းနှင့်အပြိုင် ဖြစ်လာမှာပါ။ ကွင်းလယ်လူ လင်ဂတ်ဟာ ယူနိုက်တက်အသင်းတွင် ပုံမှန်ကစားခွင့်မရရှိတာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလက လန်ဒန်အခြေစိုက် ဝက်စ်ဟမ်းအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်း အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၈ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် လက်ရှိမှာတော့ ဝက်စ်ဟမ်း အသင်းဟာ လည်းသူ့ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။

တစ်ဖက်မှာ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ရိုက်စ်ကို ခေါ်ယူရေးအတွက် လင်ဂတ်ကို ကစားသမား အလဲအထပ်အဖြစ် အသုံးပြုဖို့ ကြိုးစားနေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ လင်ဂတ်ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လူငယ် ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ အိုဒီဂတ်ကို မခေါ်ယူနိုင်ပါက လင်ဂတ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းဝန်းကျင် အသုံးပြုကာ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်တယ်ဆိုပြီး သတင်းထွက်ထားပါတယ်။

အသက် ၂၈နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား လင်ဂတ်ဟာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး၊ ဝက်စ်ဟမ်းမှာ ခြေပြန်ပေါ်လာတာကြောင့် ဆိုးလ်ရှားကပြန်သုံးဖို့ စဉ်းစားထားတယ် ဆိုတဲ့ သတင်းတွေလည်း အစောပိုင်းတုန်းက ထွက်ထားပါတယ်။ အခုတော့ လင်ဂတ်တစ်ယောက် မျက်နှာပွင့်လန်း ခေါ်ချင်သူတွေများနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လင္ဂတ္ေခၚယူမယ့္ စားပြဲမွာ ဝင္ထိုင္လာတဲ့ အာဆင္နယ္

ပရီးမီးယားလိဂ္ နာမည္ႀကီး အသင္းတစ္သင္း ျဖစ္တဲ့ အာဆင္နယ္အသင္းဟာ ယူႏိုက္တက္ အသင္းရဲ႕ အဂၤလန္ ေတာင္ပံကစားသမား ဂ်က္ဆီလင္ဂတ္ကို ေခၚယူဖို႔ အတြက္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ႀကိဳးပမ္းသြားမွာ ျဖစ္ေၾကာင္း သတင္းေတြကေဖာ္ျပလာၾကပါတယ္။

အဲဒီအ​ေနအထားဟာ ဝက္စ္ဟမ္းအသင္းႏွင့္အၿပိဳင္ ျဖစ္လာမွာပါ။ ကြင္းလယ္လူ လင္ဂတ္ဟာ ယူႏိုက္တက္အသင္းတြင္ ပုံမွန္ကစားခြင့္မရရွိတာေၾကာင့္ ၿပီးခဲ့တဲ့
ဇန္နဝါရီလက လန္ဒန္အေျခစိုက္ ဝက္စ္ဟမ္းအသင္းဆီကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာပါ။

လင္ဂတ္ဟာ ဝက္စ္ဟမ္းအသင္း အတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ ၈ပြဲ ပါဝင္ ကစားထားရာ သြင္းဂိုး ၆ဂိုး သြင္းယူထားႏိုင္ၿပီး ဂိုးဖန္တီးမႈ ၃ႀကိမ္ ျပဳလုပ္ထားႏိုင္တာေၾကာင့္ လက္ရွိမွာေတာ့ ဝက္စ္ဟမ္း အသင္းဟာ လည္းသူ႔ကို အၿပီးသတ္ ေခၚယူႏိုင္ဖို႔ အတြက္ ႀကိဳးစားေနပါတယ္။

တစ္ဖက္မွာ ယူႏိုက္တက္ဟာ ဝက္စ္ဟမ္းကြင္းလယ္ၾကယ္ပြင့္ ႐ိုက္စ္ကို ေခၚယူေရးအတြက္ လင္ဂတ္ကိုကစားသမား အလဲအထပ္အျဖစ္ အသုံးျပဳဖို႔ ႀကိဳးစား​ေနတဲ့ အပိုင္း​ေတြလည္း ရွိပါတယ္။

လက္ရွိမွာေတာ့ အာဆင္နယ္အသင္းဟာ လင္ဂတ္ရဲ႕ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီး ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ လူငယ္ ကြင္းလယ္တိုက္စစ္ ကစားသမား ျဖစ္သူ အိုဒီဂတ္ကို မေခၚယူႏိုင္ပါက လင္ဂတ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၀သန္းဝန္းက်င္ အသုံးျပဳကာ ေခၚယူဖို႔ ႀကိဳးစားသြားမွာ ျဖစ္တယ္ဆိုၿပီး သတင္းထြက္ထားပါတယ္။

အသက္ ၂၈ႏွစ္အ႐ြယ္ အဂၤလန္ ေတာင္ပံကစားသမား လင္ဂတ္ဟာ ယူႏိုက္တက္အသင္းရဲ႕ လူငယ္ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမား တစ္ဦးျဖစ္ၿပီး၊ ၀က္စ္ဟမ္းမွာ ​ေျချပန္​ေပၚလာတာ​ေၾကာင့္ ဆိုးလ္ရွားကျပန္သုံးဖို႔ စဥ္းစားထားတယ္ ဆိုတဲ့ သတင္း​​ေတြလည္း အ​ေစာပိုင္းတုန္းက ထြက္ထားပါတယ္။ အခု​ေတာ့ လင္ဂတ္တစ္​ေယာက္ မ်က္ႏွာပြင့္လန္း ​ေခၚခ်င္သူ​ေတြမ်ား​ေနပါၿပီ။