လင္ဂတ္ရဲ႔အဆင့္အတန္း ပိုၿပီးတိုးတက္ဖို႔လိုေနတယ္လို႔ ဆိုးလ္ရွားေျပာ

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားကကြင္းလယ္လူ လင္ဂတ္အေနနဲ႔ ၂၀၁၈ ကမၻာ႔ဖလားမွာအဂၤလန္အတြက္စြမ္းေဆာင္ျပႏိုင္ခဲ့တဲ႔ ေျခစြမ္းမ်ဳိးျပန္လည္ရရွိဖို႔လိုေနတယ္လို႔ သတိေပးလိုက္ပါတယ္။ လင္ဂတ္ဟာၿပီးခဲ့တဲ႔ရာသီကမန္ယူအတြက္ေကာင္းစြာေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။

သူဟာ ၂၀၁၈ ေဖေဖၚ၀ါရီလ ကေနစၿပီးအဂၤလန္အတြက္ေျခစြမ္းျပခဲ့တဲ႔အျပင္ ၿပီးခဲ့တဲ႔ကမၻာ႔ဖလားမွာလည္း အဂၤလန္အသင္းစတုတၳရခဲ့ရာမွာ အဓိကက်သူျဖစ္ခဲ့ပါတယ္။ ဒါေပမယ္႔ၿပီးခဲ့တဲ႔ရာသီမွာအဆင္မေျပျဖစ္ခဲ့တဲ႔အျပင္ မၾကာေသးခင္ကလည္း အေမရိကန္မွာအနားယူေနတုန္း မလိုလားအပ္တဲ႔ ဗီဒီယိုဖိုင္ကို အင္စတာဂရမ္ေပၚတင္ခဲ့လို႔ ေ၀ဖန္မႈေတြခံေနရသူျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္ရွိတဲ႔ မန္ယူအကယ္ဒမီကေနထြက္ေပၚလာတဲ႔ လင္ဂတ္ဟာရာသီႀကိဳ ေျခစမ္းပြဲေတြမွာ ပါ၀င္ခြင့္ရရွိေနေပမယ္႔ ဆိုးလ္ရွားကေတာ႔ ကစားသမားဆီကေနအခုထက္ပိုၿပီးေမွ်ာ္လင့္ထားတယ္လို႔ ေျပာသြားပါတယ္။ အင္တာမီလန္ကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲအၿပီးမွာ ဆိုးလ္ရွားက အခုလိုဘဲေျပာခဲ့ပါတယ္။

သူက”လင္ဂတ္ဟာပြဲႀကီးေတြမွာေျခစြမ္းျပ ဂိုးသြင္းယူႏိုင္ေလ႔ရွိသူျဖစ္လို႔ သူ႔ဂိုးေတြကသိပ္ကိုတန္ဖိုးရွိပါတယ္။ ဒါေပမယ္႔ သူ႔ဆီကေန ကၽြန္ေတာ္အခုထက္ပိုၿပီးေမွ်ာ္လင့္ေနပါတယ္။ ၿပီးခဲ့တဲ႔ရာသီတုန္းကသူ႔ေျခစြမ္းဟာ ပုံမွန္အဆင့္အတန္းမွာ မရွိခဲ့ပါဘူး။ဒါကိုသူလည္း သိခဲ့မွာပါ။

ဒီအတြက္လည္း သူနဲ႔ကၽြန္ေတာ္႔အၾကားမွာ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီးပါၿပီ။ ကြင္းလယ္မွာ သူ႔ေျခစြမ္းပိုၿပီးအဆင့္အတန္းျမင့္လာဖို႔ ေမွ်ာ္လင့္ထားပါတယ္။”လို႔ေျပာသြားပါတယ္။ ဒါေပမယ္႔ ဆိုးလ္ရွားက လင္ဂတ္ဟာ ဆိုးရြားတဲ႔ဆုံးျဖတ္ခ်က္ထက္ ေကာင္းမြန္တဲ႔ဆုံးျဖတ္ခ်က္ေတြကို ကြင္းထဲမွာပိုခ်မွတ္ႏိုင္စြမ္းရွိလို႔ ထိပ္တန္းကစားသမားျဖစ္ေနဆဲဘဲလို႔ ဆိုခဲ့ပါတယ္။

Unicode

လင်ဂတ်ရဲ့အဆင့်အတန်း ပိုပြီးတိုးတက်ဖို့လိုနေတယ်လို့ ဆိုးလ်ရှားပြော
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကကွင်းလယ်လူ လင်ဂတ်အနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာအင်္ဂလန်အတွက်စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးပြန်လည်ရရှိဖို့လိုနေတယ်လို့ သတိပေးလိုက်ပါတယ်။ လင်ဂတ်ဟာပြီးခဲ့တဲ့ရာသီကမန်ယူအတွက်ကောင်းစွာခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

သူဟာ ၂၀၁၈ ဖေဖေါ်ဝါရီလ ကနေစပြီးအင်္ဂလန်အတွက်ခြေစွမ်းပြခဲ့တဲ့အပြင် ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာလည်း အင်္ဂလန်အသင်းစတုတ္ထရခဲ့ရာမှာ အဓိကကျသူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့ရာသီမှာအဆင်မပြေဖြစ်ခဲ့တဲ့အပြင် မကြာသေးခင်ကလည်း အမေရိကန်မှာအနားယူနေတုန်း မလိုလားအပ်တဲ့ ဗီဒီယိုဖိုင်ကို အင်စတာဂရမ်ပေါ်တင်ခဲ့လို့ ဝေဖန်မှုတွေခံနေရသူဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိတဲ့ မန်ယူအကယ်ဒမီကနေထွက်ပေါ်လာတဲ့ လင်ဂတ်ဟာရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်ခွင့်ရရှိနေပေမယ့် ဆိုးလ်ရှားကတော့ ကစားသမားဆီကနေအခုထက်ပိုပြီးမျှော်လင့်ထားတယ်လို့ ပြောသွားပါတယ်။ အင်တာမီလန်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားက အခုလိုဘဲပြောခဲ့ပါတယ်။

သူက”လင်ဂတ်ဟာပွဲကြီးတွေမှာခြေစွမ်းပြ ဂိုးသွင်းယူနိုင်လေ့ရှိသူဖြစ်လို့ သူ့ဂိုးတွေကသိပ်ကိုတန်ဖိုးရှိပါတယ်။ ဒါပေမယ့် သူ့ဆီကနေ ကျွန်တော်အခုထက်ပိုပြီးမျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကသူ့ခြေစွမ်းဟာ ပုံမှန်အဆင့်အတန်းမှာ မရှိခဲ့ပါဘူး။ဒါကိုသူလည်း သိခဲ့မှာပါ။

ဒီအတွက်လည်း သူနဲ့ကျွန်တော့်အကြားမှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးပါပြီ။ ကွင်းလယ်မှာ သူ့ခြေစွမ်းပိုပြီးအဆင့်အတန်းမြင့်လာဖို့ မျှော်လင့်ထားပါတယ်။”လို့ပြောသွားပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက လင်ဂတ်ဟာ ဆိုးရွားတဲ့ဆုံးဖြတ်ချက်ထက် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကို ကွင်းထဲမှာပိုချမှတ်နိုင်စွမ်းရှိလို့ ထိပ်တန်းကစားသမားဖြစ်နေဆဲဘဲလို့ ဆိုခဲ့ပါတယ်။