

သီတင်းကျွတ်လပြည့်နေ့ ပိတ်ရက်မှာ အားကစားပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲရှိပါတယ်။ အထူးသဖြင့် လက်ဝှေ့ပွဲကြိုက်တဲ့သူတွေ၊ ကိုယ့်နိုင်ငံအတွက်အားပေးချင်တဲ့သူတွေအတွက်ပါ။ မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့အကျော်အမော် အောင်လအန်ဆန်ဟာ လာမယ့် အောက်တိုဘာ 13 ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာနဲ့ထိုးသတ်သွားမှာဖြစ်ပါတယ်။

အဲဒီပွဲမှာ မြန်မာ့စပါးအုံးမြွေလို့တင်စားထားတဲ့ အောင်လအန်ဆန်ဟာ စိန်ခေါ်တဲ့သူကို ချုပ်ကွက်လုံးဝမသုံးဘဲ၊ လက်သီးကွက်တွေ၊ခြေကန်ချက်တွေနဲ့ပဲ အနိုင်ယူသွားမယ်လို့ပြောပါတယ်။ မြန်မာပရိသတ်တွေကတော့ အဲလိုယှဉ်ပြိုင်ထိုးသတ်အနိုင်ယူတာကို ကြိုက်ကြမှာပါ။ ရှေ့ပိုင်းပွဲစဉ်အချို့မှာ ချုပ်ကွက်သုံးအနိုင်ယူတဲ့အပေါ် အချို့ပရိသတ်တွေက အားမလိုအားမရဖြစ်ကြပါတယ်။ သူတင်၊ကိုယ်တင်အစွမ်းပြထိုးသတ်အနိုင်ယူတာကို အားပါးတရအော်ဟစ်အားပေးချင်ကြတဲ့ ပရိသတ်တွေရှိကြပါတယ်။

“အဲဒီပွဲမှာ ချုပ်ကွက်မသုံးပါဘူး။ကျွန်တော် တိုက်ခိုက်သူအနေနဲ့ လက်သီး၊ခြေကန်ချက်တွေနဲ့ နိုင်အောင် ကစားသွားမှာပါ ”လို့ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့လက်ဝှေ့ကျော် အောင်လအန်ဆန်ကပြောပါတယ်။ ပြီးခဲ့တဲ့မတ်လက တိုကျိုမှာပဲကျင်းပပြုလုပ်ခဲ့တဲ့ ONE: A NEW ERA ပြိုင်ပွဲရဲ့မစ်ဒယ် ဝိတ်တန်းကမ္ဘာ့ချန်ပီယံတွဲဆိုင်းမှာ စိန်ခေါ်သူဂျပန်ကစားသမားKen Hasegawa ကို မြန်မာ့စပါးအုံး အောင်လ အန်ဆန်က ဒုတိယအချီမှာပဲ ဒိုင်ပွဲရပ်အနိုင်ယူကာ ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာပဲဗီရာက အောင်လအန်ဆန်ကို တရားဝင်စိန်ခေါ်ခဲ့တာဖြစ်ပြီး၊အဲဒီစိန်ခေါ်ချက်ကို အောင်လအန်ဆန်က ချက်ချင်းလက်ခံခဲ့တာပါ။ အခုတော့ ONE Championship အတွက်အကောင်းဆုံးပွဲတစ်ပွဲပေါ်ထွက် လာပါတော့မယ်။ ပရိသတ်တွေအတွက် အောင်လအန်ဆန်က ငါးချီအတွင်း အပြီးသတ် ထိုးသတ်အနိုင်ယူသွားမှာဖြစ်ပါတယ်။ ဝိတ်တန်းတူဖို့အတွက် ဘရန်ဒန်ဗီရာက ကိုယ်အလေးချိန်လျှော့ချပြိုင်ပွဲဝင်ရတာဖြစ်ပြီး၊ အောင်လအန်ဆန်ကတော့ ဝိတ်တိုးအောင်လုပ်ပြီး ယှဉ်ပြိုင်ရတာပါ။

“သူကခွာပြီးကစားချင်ပါတယ်။ ကျွန်တော်က အနားကပ်ပြီးကစားပါမယ်။ နည်းဗျူဟာတော့ရှိပါတယ်။ သူသက်လုံကောင်း၊မကောင်းတော့မသိဘူး။ ကျွန်တော်ကတော့ 100 ရာခိုင်နှုန်းသက်လုံကောင်းပါတယ်”လို့ အောင်လအန်ဆန်က ပြောပါတယ်။ မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့အကျော်အမော်တစ်ယောက် ချန်ပီယံအဖြစ်ဆက်လက်နေနိုင်ပြီး၊ပြိုင်ဘက်ကို အနိုင်ယူထိုးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီပွဲဟာ မြန်မာပရိသတ်တွေအတွက် အင်တိုက်အားတိုက် အားပေးကြည့်ရှုသင့်တဲ့ပွဲကောင်းတစ်ပွဲဖြစ်တယ် ဆိုတာကတော့ သေချာနေပါတယ်။

(Zawgyi Version)
လက္သီး၊ေျခကန္ခ်က္ေတြနဲ႔ စိန္ေခၚသူဗီရာကို ေအာင္လအန္ဆန္ အႏိုင္ယူႏိုင္မလား?
သီတင္းကၽြတ္လျပည့္ေန႔ ပိတ္ရက္မွာ အားကစားပရိသတ္ေတြအတြက္ ပြဲေကာင္းတစ္ပြဲရိွပါတယ္။ အထူးသျဖင့္ လက္ေ၀ွ႕ပြဲႀကိဳက္တဲ့သူေတြ၊ ကိုယ့္ႏိုင္ငံအတြက္အားေပးခ်င္တဲ့သူေတြအတြက္ပါ။ ျမန္မာ့ဂုဏ္ေဆာင္ လက္ေ၀ွ႕အေက်ာ္အေမာ္ ေအာင္လအန္ဆန္ဟာ လာမယ့္ ေအာက္တိုဘာ 13 ရက္ေန႔မွာ ဂ်ပန္ႏိုင္ငံ တိုက်ဳိၿမိဳ႕မွာ စိန္ေခၚသူ ဖိလစ္ပုိင္ႏိုင္ငံသား ဘရန္ဒန္ဗီရာနဲ႔ထိုးသတ္သြားမွာျဖစ္ပါတယ္။
အဲဒီပြဲမွာ ျမန္မာ့စပါးအုံးေျမြလုိ႔တင္စားထားတဲ့ ေအာင္လအန္ဆန္ဟာ စိန္ေခၚတဲ့သူကို ခ်ဳပ္ကြက္လုံး၀မသုံးဘဲ၊ လက္သီးကြက္ေတြ၊ေျခကန္ခ်က္ေတြနဲ႔ပဲ အႏိုင္ယူသြားမယ္လို႔ေျပာပါတယ္။ ျမန္မာပရိသတ္ေတြကေတာ့ အဲလိုယွဥ္ၿပိဳင္ထုိးသတ္အႏိုင္ယူတာကို ႀကိဳက္ၾကမွာပါ။ ေရွ႕ပိုင္းပြဲစဥ္အခ်ဳိ႕မွာ ခ်ဳပ္ကြက္သုံးအႏိုင္ယူတဲ့အေပၚ အခ်ဳိ႕ပရိသတ္ေတြက အားမလုိအားမရျဖစ္ၾကပါတယ္။ သူတင္၊ကိုယ္တင္အစြမ္းျပထိုးသတ္အႏိုင္ယူတာကို အားပါးတရေအာ္ဟစ္အားေပးခ်င္ၾကတဲ့ ပရိသတ္ေတြရိွၾကပါတယ္။
“အဲဒီပြဲမွာ ခ်ဳပ္ကြက္မသုံးပါဘူး။ကြၽန္ေတာ္ တိုက္ခိုက္သူအေနနဲ႕ လက္သီး၊ေျခကန္ခ်က္ေတြနဲ႔ နိုင္ေအာင္ ကစားသြားမွာပါ ”လို႔ ျမန္မာ့ဂုဏ္ေဆာင္ ကမၻာ့လက္ေ၀ွ႕ေက်ာ္ ေအာင္လအန္ဆန္ကေျပာပါတယ္။ ၿပီးခဲ့တဲ့မတ္လက တိုက်ဳိမွာပဲက်င္းပျပဳလုပ္ခဲ့တဲ့ ONE: A NEW ERA ၿပိဳင္ပြဲရဲ႕မစ္ဒယ္ ဝိတ္တန္းကမာၻ႔ခ်န္ပီယံတြဲဆိုင္းမွာ စိန္ေခၚသူဂ်ပန္ကစားသမားKen Hasegawa ကို ျမန္မာ့စပါးအုံး ေအာင္လ အန္ဆန္က ဒုတိယအခ်ီမွာပဲ ဒိုင္ပြဲရပ္အႏိုင္ယူကာ ခ်န္ပီယံခါးပတ္ကိုကာကြယ္နိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာပဲဗီရာက ေအာင္လအန္ဆန္ကို တရား၀င္စိန္ေခၚခဲ့တာျဖစ္ၿပီး၊အဲဒီစိန္ေခၚခ်က္ကို ေအာင္လအန္ဆန္က ခ်က္ခ်င္းလက္ခံခဲ့တာပါ။ အခုေတာ့ ONE Championship အတြက္အေကာင္းဆုံးပြဲတစ္ပြဲေပၚထြက္ လာပါေတာ့မယ္။ ပရိသတ္ေတြအတြက္ ေအာင္လအန္ဆန္က ငါးခ်ီအတြင္း အၿပီးသတ္ ထိုးသတ္အႏိုင္ယူသြားမွာျဖစ္ပါတယ္။ ၀ိတ္တန္းတူဖို႔အတြက္ ဘရန္ဒန္ဗီရာက ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ၿပိဳင္ပြဲ၀င္ရတာျဖစ္ၿပီး၊ ေအာင္လအန္ဆန္ကေတာ့ ၀ိတ္တိုးေအာင္လုပ္ၿပီး ယွဥ္ၿပိဳင္ရတာပါ။
“သူကခြာၿပီးကစားခ်င္ပါတယ္။ ကၽြန္ေတာ္က အနားကပ္ၿပီးကစားပါမယ္။ နည္းဗ်ဴဟာေတာ့ရိွပါတယ္။ သူသက္လုံေကာင္း၊မေကာင္းေတာ့မသိဘူး။ ကၽြန္ေတာ္ကေတာ့ 100 ရာခိုင္ႏႈန္းသက္လုံေကာင္းပါတယ္”လို႔ ေအာင္လအန္ဆန္က ေျပာပါတယ္။ ျမန္မာ့ဂုဏ္ေဆာင္ လက္ေ၀ွ႕အေက်ာ္အေမာ္တစ္ေယာက္ ခ်န္ပီယံအျဖစ္ဆက္လက္ေနႏိုင္ၿပီး၊ၿပိဳင္ဘက္ကို အႏိုင္ယူထိုးသတ္ႏိုင္မလားဆုိတာ ေစာင့္ၾကည့္ရပါမယ္။ ဘယ္လုိပဲျဖစ္ျဖစ္ အဲဒီပြဲဟာ ျမန္မာပရိသတ္ေတြအတြက္ အင္တိုက္အားတုိက္ အားေပးၾကည့္ရႈသင့္တဲ့ပြဲေကာင္းတစ္ပြဲျဖစ္တယ္ဆိုတာကေတာ့ ေသခ်ာေနပါတယ္။