လက်လွှတ်မခံဘဲ လုံး၀ ကျိန်းသေ စောင့်ကြည့်ရမယ့် ဝိန်းရွန်းနီရဲ့ မှတ်တမ်းရုပ်ရှင် Amazon Prime

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Amazon Prime ကဝိန်းရွန်းနီရဲ့မှတ်တမ်းရုပ်ရှင်ကားကို Trailer ကိုတင်ဆက်လာပြီဖြစ်ပါတယ်။

အဲဗာတန်၊မန်ယူနှင့်အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာမန်ယူကစားသမားဘဝအား ဖီနာဘာချီနှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာဟက်ထရစ်သွင်းယူပြီးလှပစွာကန့်လန့်ကာ ဖွင့်လှစ်နိုင်ခဲ့သလို အိုးထရက်ဖို့ဒ်တွင်ကစားစဉ်အတွင်းပရီးမီးယားလိဂ်ဖလားငါးကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာမန်ယူအတွက်ဂိုးပေါင်း၂၅၀သွင်းယူကာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်သမိုင်းမှတ်တမ်းရေးထိုးခဲ့ပါတယ်။

ဒါ့အပြင်သူဟာပရီးမီးယားလိဂ်ဂိုး၁၈၃ဂိုးသွင်းခဲ့ကာကလပ်တစ်ခုတည်းအတွက်ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာပရီးမီးယားလိဂ်သမိုင်းမှာဂိုး၂၀၀အထက်နှင့်ဖန်တီးမှု၁၀၀အထက်ပြုလုပ်နိုင်ခဲ့တဲ့တစ်ဦးတည်းသောကစားသမားလည်းဖြစ်သလိုပရီးမီးယားလိဂ်သမိုင်းမှာအလန်ရှီးယားပြီးရင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူပါ။

သူဟာကစားသမားဘဝတစ်လျှောက် အနိုင်လိုစိတ်ပြင်းထန်တဲ့ကစားဟန်ကြောင့်ဖြင့်နာမည်ကြီးခဲ့သလိုအောင်မြင်မှုများစွာရရှိခဲ့ပေမယ့်ကွင်းတွင်း/ကွင်းပြင်မှတ်မိချင်စရာမကောင်းတဲ့ဖြစ်ရပ်တွေလည်းကြုံခဲ့ရသူပါ။

အထက်ပါအဖြစ်အပျက်များကို ဝိန်းရွန်းနီအကြောင်းကို Amazon Prime မှတ်တမ်းရုပ်ရှင်မှာမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။

ရွန်းနီရဲ့Amazon Prime မှတ်တမ်းရုပ်ရှင်မှာ မည်သူမှမမြင်ဖူးသေးတဲ့ဝိန်းရွန်းနီရဲ့ငယ်စဉ်တုန်းကဗီဒီယိုမှတ်တမ်းအချို့လည်းပါဝင်ပါတယ်။

သူ့ငယ်စဉ်ဘဝနဲ့ပတ်သက်ပြီးရွန်းနီက “ကျုပ်ကခရောက်စ်တက်မှာကြီးလာတာ။

ခင်ဗျားသာအဲဒီကလူတစ်ယောက်ဆိုရင်အဲဒီနေရာကိုပြဿနာဖြစ်လေ့ဖြစ်ထရှိတဲ့နေရာလို့ထင်မှာမဟုတ်ပါဘူး။

ဒါပေမယ့်ကျုပ်ကတော့အဖေနဲ့ပြဿနာတွေအများကြီးတက်ခဲ့တယ်။သူဟာကျုပ်ကိုပါးရိုက်ခဲ့တယ်။

ကျုပ်ကလည်းယဉ်ကျေးလိမ္မာတဲ့ကလေးတစ်ယောက်မဟုတ်ခဲ့ပါဘူး။

ငယ်ငယ်တုန်းကရန်အများကြီးဖြစ်ခဲ့ဖူးတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရွန်းနီဟာ Amazon Prime မှတ်တမ်းရုပ်ရှင်တွင်ကစားသမားဘဝတုန်းကမန်ယူနှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်တာနဲ့အညီအောင်မြင်မှုရရှိရေးအတွက်ဖိအားများစွာမြင့်မားမှုကြောင့်စိတ်ကျန်းမာရေးပြဿနာနှင့်ကြုံခဲ့ရပြီးကုသမှုခံယူခဲ့ရကြောင်းလည်းဖွင့်ဟသွားပါတယ်။

ရွန်းနီရဲ့ Amazon Prime မှတ်တမ်းရုပ်ရှင်ကိုလာမယ့်၂၀၂၂ခုနှစ်မှာထုတ်လွှင့်ပြသသွားပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္လႊတ္မခံဘဲ လုံး၀ က်ိန္းေသ ေစာင့္ၾကည့္ရမယ့္ ဝိန္း႐ြန္းနီရဲ႕ မွတ္တမ္း႐ုပ္ရွင္ Amazon Prime

Amazon Prime ကဝိန္း႐ြန္းနီရဲ႕မွတ္တမ္း႐ုပ္ရွင္ကားကို Trailer ကိုတင္ဆက္လာၿပီျဖစ္ပါတယ္။အဲဗာတန္၊မန္ယူႏွင့္အဂၤလန္တိုက္စစ္မႉးေဟာင္းဟာမန္ယူကစားသမားဘဝအား ဖီနာဘာခ်ီႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာဟက္ထရစ္သြင္းယူၿပီးလွပစြာကန႔္လန႔္ကာဖြင့္လွစ္ႏိုင္ခဲ့သလိုအိုးထရက္ဖို႔ဒ္တြင္ကစားစဥ္အတြင္းပရီးမီးယားလိဂ္ဖလားငါးႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာမန္ယူအတြက္ဂိုးေပါင္း၂၅၀သြင္းယူကာကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္သမိုင္းမွတ္တမ္းေရးထိုးခဲ့ပါတယ္။ဒါ့အျပင္သူဟာပရီးမီးယားလိဂ္ဂိုး၁၈၃ဂိုးသြင္းခဲ့ကာကလပ္တစ္ခုတည္းအတြက္ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္လည္းမွတ္တမ္းေရးထိုးႏိုင္ခဲ့သူျဖစ္ပါတယ္။

သူဟာပရီးမီးယားလိဂ္သမိုင္းမွာဂိုး၂၀၀အထက္ႏွင့္ဖန္တီးမႈ၁၀၀အထက္ျပဳလုပ္ႏိုင္ခဲ့တဲ့တစ္ဦးတည္းေသာကစားသမားလည္းျဖစ္သလိုပရီးမီးယားလိဂ္သမိုင္းမွာအလန္ရွီးယားၿပီးရင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူပါ။

သူဟာကစားသမားဘဝတစ္ေလွ်ာက္ အႏိုင္လိုစိတ္ျပင္းထန္တဲ့ကစားဟန္ေၾကာင့္ျဖင့္နာမည္ႀကီးခဲ့သလိုေအာင္ျမင္မႈမ်ားစြာရရွိခဲ့ေပမယ့္ကြင္းတြင္း/ကြင္းျပင္မွတ္မိခ်င္စရာမေကာင္းတဲ့ျဖစ္ရပ္ေတြလည္းႀကဳံခဲ့ရသူပါ။

အထက္ပါအျဖစ္အပ်က္မ်ားကို ဝိန္း႐ြန္းနီအေၾကာင္းကို Amazon Prime မွတ္တမ္း႐ုပ္ရွင္မွာျမင္ေတြ႕ရမွာလည္းျဖစ္ပါတယ္။႐ြန္းနီရဲ႕Amazon Prime မွတ္တမ္း႐ုပ္ရွင္မွာ မည္သူမွမျမင္ဖူးေသးတဲ့ဝိန္း႐ြန္းနီရဲ႕ငယ္စဥ္တုန္းကဗီဒီယိုမွတ္တမ္းအခ်ိဳ႕လည္းပါဝင္ပါတယ္။

သူ႔ငယ္စဥ္ဘဝနဲ႔ပတ္သက္ၿပီး႐ြန္းနီက “က်ဳပ္ကခေရာက္စ္တက္မွာႀကီးလာတာ။ခင္ဗ်ားသာအဲဒီကလူတစ္ေယာက္ဆိုရင္အဲဒီေနရာကိုျပႆနာျဖစ္ေလ့ျဖစ္ထရွိတဲ့ေနရာလို႔ထင္မွာမဟုတ္ပါဘူး။ဒါေပမယ့္က်ဳပ္ကေတာ့အေဖနဲ႔ျပႆနာေတြအမ်ားႀကီးတက္ခဲ့တယ္။သူဟာက်ဳပ္ကိုပါး႐ိုက္ခဲ့တယ္။က်ဳပ္ကလည္းယဥ္ေက်းလိမၼာတဲ့ကေလးတစ္ေယာက္မဟုတ္ခဲ့ပါဘူး။ငယ္ငယ္တုန္းကရန္အမ်ားႀကီးျဖစ္ခဲ့ဖူးတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ႐ြန္းနီဟာ Amazon Prime မွတ္တမ္း႐ုပ္ရွင္တြင္ကစားသမားဘဝတုန္းကမန္ယူႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ျဖစ္တာနဲ႔အညီေအာင္ျမင္မႈရရွိေရးအတြက္ဖိအားမ်ားစြာျမင့္မားမႈေၾကာင့္စိတ္က်န္းမာေရးျပႆနာႏွင့္ႀကဳံခဲ့ရၿပီးကုသမႈခံယူခဲ့ရေၾကာင္းလည္းဖြင့္ဟသြားပါတယ္။

႐ြန္းနီရဲ႕ Amazon Prime မွတ္တမ္း႐ုပ္ရွင္ကိုလာမယ့္၂၀၂၂ခုႏွစ္မွာထုတ္လႊင့္ျပသသြားပါမယ္။