လက်ရှိ မန်ယူနိုက်တက် ရဲ့ ကစားသမားအစုအဖွဲ့က ဖလား ၃ လုံးရခဲ့တဲ့အသင်းထက် ပိုကောင်းတယ်လို့ ထင်နေတဲ့ ဆိုးလ်ရှား

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

၉၉ မျိုးဆက်လို့ ခေါ်ကြတဲ့ ဘက်ခမ်း ၊ ပေါလ်စခိုး ၊ ဂစ် ၊ နစ်ကီဘတ် ၊ နဗီးလ် ညီနောင် စတဲ့ အကယ်ဒမီထွက် ကစားသမားတွေရယ် အန်ဒီကိုးလ် ၊ ဒွိုက်ယော့ခ် ၊ ရွိုင်ကင်း ၊ ဆိုးလ်ရှား ၊ ရှရင်ဂမ် ၊ ရှမိုက်ကယ် ၊ စတမ်း ၊ အာဝင် တို့လို ကစားသမားကောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့

ပြိုင်ဖက်ကင်း အသင်းတသင်းကို အတိတ်ကာလမှာ မန်ယူပရိသတ်တွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။

ကလပ်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ရခဲ့ဖူးတဲ့ သမိုင်းဝင် ဖလား ၃ လုံးအောင်ပွဲကို အဆိုပါအသင်းက ၁၉၉၉ ခုနှစ်မှာ ရယူပေးခဲ့ပါတယ်။ အဲ့ဒီအသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေဟာလည်း အခုချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေပါတယ်။

ဖလား ၃ လုံးအောင်ပွဲရယူပေးခဲ့တဲ့ အသင်းမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ဆိုးလ်ရှား ကတော့ သူကိုင်တွယ်နေတဲ့ လက်ရှိအသင်းရဲ့ ကစားသမား အစုအဖွဲ့ဟာ သမိုင်းဝင်အောင်ပွဲရယူပေးထားတဲ့ ၁၉၉၉ အသင်းထက် ပိုကောင်းတယ်လို့ ထင်နေပုံပါပဲ။

အတွင်းသတင်းတွေအရ ဆိုးလ်ရှား ဟာ လက်ရှိ သူ့ရဲ့ကစားသမားတွေကို အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်ဒို ၊ ဆန်ချို ၊ ဗာရန်း တို့ရောက်လာပြီးနောက် အသင်းရဲ့ လူစာရင်းအစုအဖွဲ့က အတော်လေး တောင့်တင်းနေပါပြီ။

ဂိုးသမား နေရာမှာ ဒီဂီယာ နဲ့ ဟန်ဒါဆန် ၊ ဗဟို နောက်ခံလူနေရာမှာ ဗာရန်း မက်ဂွိုင်းယား လင်ဒီလော့ဖ် ဘိုင်လီ ၊ နောက်တန်းအစွန်လူနေရာမှာ လုခ်ရှော တဲလက်စ် ဝမ်ဘစ်ဆာကာ ဒါးလော့တ် ၊ ကွင်းလယ်ခံစစ်နေရာမှာ မက်တော်မီနေး မာတစ် ဖရက်ဒ် ၊

ကွင်းလယ်တိုက်စစ်နေရာမှာ ပေါ့ဘာ ဖာနန်ဒက်စ် လင်ဂတ် ဗန်ဒီဘိခ် ၊ တောင်ပံနေရာမှာ ဆန်ချို ရပ်ရှ်ဖို့ဒ် ဂရင်းဝုဒ် မာရှယ် တိုက်စစ်ပိုင်းမှာ ကာဗာနီ နဲ့ ရော်နယ်ဒို ဆိုတဲ့ အစုအဖွဲ့ကို ရုတ်တရက်ကြည့်လိုက်ရင် ဆုဖလားတွေစိန်ခေါ်နိုင်လိမ့်မယ်လို့ ထင်စရာပါပဲ။

ဒါကြောင့်လည်း ဆိုးလ်ရှား က သူ့ရဲ့အသင်းဟာ သမိုင်းဝင် ၉၉ အသင်းထက် ပိုသာတယ်လို့ ယုံကြည်ချက်ရှိရှိပြောဆိုခဲ့တာ ဖြစ်မှာပါ။

ဒါပေမဲ့ ပရိသတ်အများစုက ဆိုးလ်ရှား ထင်မြင်နေသလို လက်ရှိအသင်းကို ရာနှုန်းပြည့် မယုံကြည်ရဲသေးပါဘူး။

တချို့တွေကတော့ ရော်နယ်ဒို ပြန်ရောက်လာခြင်းကြောင့် အရင်လို ရွှေရောင်နေ့ရက်တွေ ပြန်ရောက်လာတော့မယ်လို့ တိတ်တိတ်လေး မျှော်လင့်နေကြပါပြီ။

သမိုင်းဝင်အောင်ပွဲရ ၁၉၉၉ အသင်းမှာ ပါဝင်ခဲ့တဲ့ ဂယ်ရီနဗီးလ် က တော့ မန်ယူအသင်းရဲ့ အနေအထားကို အခုလို သုံးသပ်ခဲ့ပါတယ်။

“အသစ်ရောက်လာတဲ့ ကစားသမားတွေက မန်ယူနိုက်တက် ကို ချန်ပီယံဆုစိန်ခေါ်သူဖြစ်စေဖို့ လုံလောက်မှုရှိပြီလား .? ၊

အဲ့ဒီမေးခွန်းရဲ့အဖြေကို မန်ယူနိုက်တက် ပရိသတ်တွေအပြင် တခြားပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပရိသတ်တွေပါ သိချင်နေကြမှာပါ။

ကျွန်တော်ကတော့ လုံလောက်မှုမရှိသေးဘူးလို့ ခံစားနေရတုန်းပါ။

သူတို့ထက် ပိုကောင်းတဲ့ အသင်း ၂ သင်းလောက်ရှိပါသေးတယ် “ လို့ ဂယ်ရီ နဗီးလ် က ပွင့်ပွင့်လင်းလင်း သုံးသပ်ခဲ့တယ်။

နောက်ဆုံးကစားခဲ့တဲ့ ဝုလ်ဗ် နဲ့ ပွဲစဉ်ကို ပြန်ကြည့်ပြီး သုံးသပ်ရရင် ကွင်းလယ်ခံစစ်နေရာက မန်ယူနိုက်တက် ရဲ့ ဆုဖလားမျှော်လင့်ချက်တွေကို ရိုက်ချိုးလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

ဒီလို လိုအပ်ချက်တွေရှိသေးတဲ့ အသင်းကို ၁၉၉၉ အသင်းထက် ပိုသာတယ်လို့ ထင်နေတဲ့ ဆိုးလ်ရှား ကို ယောင်ဝါးဝါး မျှော်လင့်ချက်တွေပေးနေတာထက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေတာက အသင်းအတွက် ပိုကောင်းတယ်လို့ အကြံဥာဏ်ပေးရမလိုပါပဲ။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi

လက္ရွိ မန္ယူႏိုက္တက္ ရဲ႕ ကစားသမားအစုအဖြဲ႕က ဖလား ၃ လုံးရခဲ့တဲ့အသင္းထက္ ပိုေကာင္းတယ္လို႔ ထင္ေနတဲ့ ဆိုးလ္ရွား

၉၉ မ်ိဳးဆက္လို႔ ေခၚၾကတဲ့ ဘက္ခမ္း ၊ ေပါလ္စခိုး ၊ ဂစ္ ၊ နစ္ကီဘတ္ ၊ နဗီးလ္ ညီေနာင္ စတဲ့ အကယ္ဒမီထြက္ ကစားသမားေတြရယ္ အန္ဒီကိုးလ္ ၊ ဒြိဳက္ေယာ့ခ္ ၊ ႐ြိဳင္ကင္း ၊ ဆိုးလ္ရွား ၊ ရွရင္ဂမ္ ၊ ရွမိုက္ကယ္ ၊ စတမ္း ၊ အာဝင္ တို႔လို ကစားသမားေကာင္းေတြ နဲ႔ ဖြဲ႕စည္းထားတဲ့ ၿပိဳင္ဖက္ကင္း အသင္းတသင္းကို အတိတ္ကာလမွာ မန္ယူပရိသတ္ေတြ ပိုင္ဆိုင္ခဲ့ဖူးပါတယ္။

ကလပ္အသင္းသမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္နဲ႔ ေနာက္ဆုံးအႀကိမ္အျဖစ္ ရခဲ့ဖူးတဲ့ သမိုင္းဝင္ ဖလား ၃ လုံးေအာင္ပြဲကို အဆိုပါအသင္းက ၁၉၉၉ ခုႏွစ္မွာ ရယူေပးခဲ့ပါတယ္။ အဲ့ဒီအသင္းမွာ ပါဝင္ခဲ့တဲ့ ကစားသမားေတြဟာလည္း အခုခ်ိန္ထိ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အၿမဲရွိေနပါတယ္။

ဖလား ၃ လုံးေအာင္ပြဲရယူေပးခဲ့တဲ့ အသင္းမွာ အဓိကေနရာက ပါဝင္ခဲ့တဲ့ ဆိုးလ္ရွား ကေတာ့ သူကိုင္တြယ္ေနတဲ့ လက္ရွိအသင္းရဲ႕ ကစားသမား အစုအဖြဲ႕ဟာ သမိုင္းဝင္ေအာင္ပြဲရယူေပးထားတဲ့ ၁၉၉၉ အသင္းထက္ ပိုေကာင္းတယ္လို႔ ထင္ေနပုံပါပဲ။ အတြင္းသတင္းေတြအရ ဆိုးလ္ရွား ဟာ လက္ရွိ သူ႔ရဲ႕ကစားသမားေတြကို အဲ့ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

ေရာ္နယ္ဒို ၊ ဆန္ခ်ိဳ ၊ ဗာရန္း တို႔ေရာက္လာၿပီးေနာက္ အသင္းရဲ႕ လူစာရင္းအစုအဖြဲ႕က အေတာ္ေလး ေတာင့္တင္းေနပါၿပီ။ ဂိုးသမား ေနရာမွာ ဒီဂီယာ နဲ႔ ဟန္ဒါဆန္ ၊ ဗဟို ေနာက္ခံလူေနရာမွာ ဗာရန္း မက္ဂြိဳင္းယား လင္ဒီေလာ့ဖ္ ဘိုင္လီ ၊ ေနာက္တန္းအစြန္လူေနရာမွာ လုခ္ေရွာ တဲလက္စ္ ဝမ္ဘစ္ဆာကာ ဒါးေလာ့တ္ ၊ ကြင္းလယ္ခံစစ္ေနရာမွာ မက္ေတာ္မီေနး မာတစ္ ဖရက္ဒ္ ၊ ကြင္းလယ္တိုက္စစ္ေနရာမွာ ေပါ့ဘာ ဖာနန္ဒက္စ္ လင္ဂတ္ ဗန္ဒီဘိခ္ ၊ ေတာင္ပံေနရာမွာ ဆန္ခ်ိဳ ရပ္ရွ္ဖို႔ဒ္ ဂရင္းဝုဒ္ မာရွယ္ တိုက္စစ္ပိုင္းမွာ ကာဗာနီ နဲ႔ ေရာ္နယ္ဒို ဆိုတဲ့ အစုအဖြဲ႕ကို ႐ုတ္တရက္ၾကည့္လိုက္ရင္ ဆုဖလားေတြစိန္ေခၚႏိုင္လိမ့္မယ္လို႔ ထင္စရာပါပဲ။

ဒါေၾကာင့္လည္း ဆိုးလ္ရွား က သူ႔ရဲ႕အသင္းဟာ သမိုင္းဝင္ ၉၉ အသင္းထက္ ပိုသာတယ္လို႔ ယုံၾကည္ခ်က္ရွိရွိေျပာဆိုခဲ့တာ ျဖစ္မွာပါ။ ဒါေပမဲ့ ပရိသတ္အမ်ားစုက ဆိုးလ္ရွား ထင္ျမင္ေနသလို လက္ရွိအသင္းကို ရာႏႈန္းျပည့္ မယုံၾကည္ရဲေသးပါဘူး။ တခ်ိဳ႕ေတြကေတာ့ ေရာ္နယ္ဒို ျပန္ေရာက္လာျခင္းေၾကာင့္ အရင္လို ေ႐ႊေရာင္ေန႔ရက္ေတြ ျပန္ေရာက္လာေတာ့မယ္လို႔ တိတ္တိတ္ေလး ေမွ်ာ္လင့္ေနၾကပါၿပီ။

သမိုင္းဝင္ေအာင္ပြဲရ ၁၉၉၉ အသင္းမွာ ပါဝင္ခဲ့တဲ့ ဂယ္ရီနဗီးလ္ က ေတာ့ မန္ယူအသင္းရဲ႕ အေနအထားကို အခုလို သုံးသပ္ခဲ့ပါတယ္။ “အသစ္ေရာက္လာတဲ့ ကစားသမားေတြက မန္ယူႏိုက္တက္ ကို ခ်န္ပီယံဆုစိန္ေခၚသူျဖစ္ေစဖို႔ လုံေလာက္မႈရွိၿပီလား .? ၊ အဲ့ဒီေမးခြန္းရဲ႕အေျဖကို မန္ယူႏိုက္တက္ ပရိသတ္ေတြအျပင္ တျခားပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ ပရိသတ္ေတြပါ သိခ်င္ေနၾကမွာပါ။ ကြၽန္ေတာ္ကေတာ့ လုံေလာက္မႈမရွိေသးဘူးလို႔ ခံစားေနရတုန္းပါ။ သူတို႔ထက္ ပိုေကာင္းတဲ့ အသင္း ၂ သင္းေလာက္ရွိပါေသးတယ္ “ လို႔ ဂယ္ရီ နဗီးလ္ က ပြင့္ပြင့္လင္းလင္း သုံးသပ္ခဲ့တယ္။

ေနာက္ဆုံးကစားခဲ့တဲ့ ဝုလ္ဗ္ နဲ႔ ပြဲစဥ္ကို ျပန္ၾကည့္ၿပီး သုံးသပ္ရရင္ ကြင္းလယ္ခံစစ္ေနရာက မန္ယူႏိုက္တက္ ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ေတြကို ႐ိုက္ခ်ိဳးလိမ့္မယ္လို႔ ထင္ျမင္မိပါတယ္။ ဒီလို လိုအပ္ခ်က္ေတြရွိေသးတဲ့ အသင္းကို ၁၉၉၉ အသင္းထက္ ပိုသာတယ္လို႔ ထင္ေနတဲ့ ဆိုးလ္ရွား ကို ေယာင္ဝါးဝါး ေမွ်ာ္လင့္ခ်က္ေတြေပးေနတာထက္ လက္ေတြ႕က်တဲ့ ေျဖရွင္းနည္းေတြကို ရွာေဖြတာက အသင္းအတြက္ ပိုေကာင္းတယ္လို႔ အႀကံဥာဏ္ေပးရမလိုပါပဲ။