လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်မှတ်တမ်းက အံ့မခန်းဖြစ်နေ

လက်ရှိကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်ချက်စတာ

ယူနိုက်တက်ကစားသမားတွေဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက်

ခြေစွမ်းပြကစားနေကြပြီး Man of The Match ဆုတွေလည်း

ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူနိုက်တက်

ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ ဒါလော့တ်၊ ဘရူနိုဖာနန်ဒက်စ်၊

လီဆန်ဒရိုမာတီနက်ဇ်၊ ရပ်ရှ်ဖို့ဒ်၊ မာလာစီယာ၊ ဖရက်ဒ်၊ ကတ်စ်မဲရိုး၊

အန်တိုနီတို့အပါအဝင် စုစုပေါင်းကစားသမား(၁၃)ဦးအထိ

ပါဝင်ကစားနေတာဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းက ဝေးလ်စ်နဲ့

ကစားခဲ့တဲ့ပွဲမှာ တောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ

လှပတဲ့ဖရီးကစ်နဲ့ အဖွင့်ဂိုး၊ ပွဲချိန်(၆၈)မိနစ်မှာ အသင်းအတွက်

တတိယမြောက်ဂိုးတွေသွင်းယူခဲ့ပြီး အဲဒီပွဲရဲ့ Man of the Match ဆုကို

ဆွတ်ခူးခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ အီရန်နဲ့ပွဲတုန်းကလည်း

ဂိုးသွင်းနိုင်ခဲ့တာကြောင့် အခုဆိုရင် သူ့ရဲ့ ကမ္ဘာ့ဖလား

ဂိုးအရေအတွက်က (၃)ဂိုးရှိလာပါပြီ။ ဥရုဂွေးအသင်းကို (၂-ဝ)ဂိုးနဲ့

အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ

(၂)ဂိုးစလုံး သွင်းယူခဲ့ပြီး Man of The Match ဆုကို ရရှိခဲ့ပါတယ်။

အုပ်စုပွဲစဉ်(၂)ပွဲအပြီး ပေါ်တူဂီအသင်းရရှိတဲ့ (၅)ဂိုးမှာ ဘရူနိုဖာနန်ဒက်စ်

ပါဝင်ပတ်သက်တာက (၄)ဂိုးအထိရှိပြီး (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု

(၂)ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့

ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ ဆွစ်ဇာလန်ကို

(၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀

ပထမဆုံး ကမ္ဘာ့ဖလားဂိုး သွင်းယူနိုင်ခဲ့သလို Man of The Match ဆုကိုလည်း

ဆွတ်ခူးခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှော၊

မက်ဂွိုင်းယား၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကလည်း Man of The Match ဆု

မရခဲ့ပေမယ့် သူတို့ရဲ့ လက်ရွေးစင်အသင်းတွေမှာ ခြေစွမ်းပြကစားနိုင်ကြပြီး

လုခ်ရှောနဲ့ မက်ဂွိုင်းယားတို့ဟာ ဂိုးဖန်တီးမှု(၁)ကြိမ်စီပြုလုပ်ခဲ့သလို

လီဆန်ဒရိုမာတီနက်ဇ်ကတော့ သူ ပွဲထွက်ကစားခွင့်ရတဲ့

မက္ကဆီကိုနဲ့ပွဲမှာ အသင်းအတွက် Clean Sheet နိုင်ပွဲရယူပေးခဲ့ပါတယ်။

zawgyi

လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ယူႏိုက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းက အံ့မခန္းျဖစ္ေန

လက္ရွိက်င္းပေနတဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာ

ယူႏိုက္တက္ကစားသမားေတြဟာ သက္ဆိုင္ရာ လက္ေ႐ြးစင္အသင္းေတြအတြက္

ေျခစြမ္းျပကစားေနၾကၿပီး Man of The Match ဆုေတြလည္း

ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ အခု ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ယူႏိုက္တက္

ကစားသမားေတြျဖစ္တဲ့ မက္ဂြိဳင္းယား၊ ဒါေလာ့တ္၊ ဘ႐ူႏိုဖာနန္ဒက္စ္၊

လီဆန္ဒ႐ိုမာတီနက္ဇ္၊ ရပ္ရွ္ဖို႔ဒ္၊ မာလာစီယာ၊ ဖရက္ဒ္၊ ကတ္စ္မဲ႐ိုး၊

အန္တိုနီတို႔အပါအဝင္ စုစုေပါင္းကစားသမား(၁၃)ဦးအထိ

ပါဝင္ကစားေနတာျဖစ္ပါတယ္။ ဒီေန႔မနက္ပိုင္းက ေဝးလ္စ္နဲ႔

ကစားခဲ့တဲ့ပြဲမွာ ေတာင္ပံတိုက္စစ္ကစားသမား ရပ္ရွ္ဖို႔ဒ္ဟာ

လွပတဲ့ဖရီးကစ္နဲ႔ အဖြင့္ဂိုး၊ ပြဲခ်ိန္(၆၈)မိနစ္မွာ အသင္းအတြက္

တတိယေျမာက္ဂိုးေတြသြင္းယူခဲ့ၿပီး အဲဒီပြဲရဲ႕ Man of the Match ဆုကို

ဆြတ္ခူးခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ အီရန္နဲ႔ပြဲတုန္းကလည္း

ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ အခုဆိုရင္ သူ႔ရဲ႕ ကမာၻ႔ဖလား

ဂိုးအေရအတြက္က (၃)ဂိုးရွိလာပါၿပီ။ ဥ႐ုေဂြးအသင္းကို (၂-ဝ)ဂိုးနဲ႔

အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ

(၂)ဂိုးစလုံး သြင္းယူခဲ့ၿပီး Man of The Match ဆုကို ရရွိခဲ့ပါတယ္။

အုပ္စုပြဲစဥ္(၂)ပြဲအၿပီး ေပၚတူဂီအသင္းရရွိတဲ့ (၅)ဂိုးမွာ ဘ႐ူႏိုဖာနန္ဒက္စ္

ပါဝင္ပတ္သက္တာက (၄)ဂိုးအထိရွိၿပီး (၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ

(၂)ႀကိမ္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အသင္းရဲ႕

ဘရာဇီးလ္လက္ေ႐ြးစင္ကြင္းလယ္လူ ကတ္စ္မဲ႐ိုးဟာ ဆြစ္ဇာလန္ကို

(၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ သူ႔ရဲ႕လက္ေ႐ြးစင္ကစားသမားဘ၀

ပထမဆုံး ကမာၻ႔ဖလားဂိုး သြင္းယူႏိုင္ခဲ့သလို Man of The Match ဆုကိုလည္း

ဆြတ္ခူးခဲ့ပါတယ္။ ယူႏိုက္တက္ေနာက္ခံလူေတြျဖစ္တဲ့ လုခ္ေရွာ၊

မက္ဂြိဳင္းယား၊ လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ကလည္း Man of The Match ဆု

မရခဲ့ေပမယ့္ သူတို႔ရဲ႕ လက္ေ႐ြးစင္အသင္းေတြမွာ ေျခစြမ္းျပကစားႏိုင္ၾကၿပီး

လုခ္ေရွာနဲ႔ မက္ဂြိဳင္းယားတို႔ဟာ ဂိုးဖန္တီးမႈ(၁)ႀကိမ္စီျပဳလုပ္ခဲ့သလို

လီဆန္ဒ႐ိုမာတီနက္ဇ္ကေတာ့ သူ ပြဲထြက္ကစားခြင့္ရတဲ့

မကၠဆီကိုနဲ႔ပြဲမွာ အသင္းအတြက္ Clean Sheet ႏိုင္ပြဲရယူေပးခဲ့ပါတယ္။