လက်ရှိဥရောပမှာ ဒုတိယသစ္စာအရှိဆုံးကစားသမားက မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဆယ်စုနှစ်နှစ်ခုနီးပါး ကစားပေးခဲ့ပြီးနောက်မှာတော့ မက်ဆီဟာ သူ့ရဲ့ပရော်ဖက်ရှင်ကစားသမားဘဝစတင်ခဲ့တဲ့ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်နေပါတယ်။ ဒါပေမဲ့ လက်ရှိမှာ သူဟာ ဥရောပမှာ ဒုတိယသစ္စာအရှိဆုံးကစားသမားဖြစ်နေပါတယ်။

photo-credit

မက်ဆီဟာ ၂၀၀၁ ခုနှစ်မှာ ဘာစီလိုနာရဲ့နာမည်ကျော်လာမာစီယာအကယ်ဒမီကို မပြောင်းခင် လူငယ်ကစားသမားဘဝအစောပိုင်းကို ဇာတိကလပ်ဖြစ်တဲ့ နယူးဝဲလ်အိုးဘွိုင်းမှာ ဖြတ်သန်းခဲ့တာပါ။ အဲဒီနောက် ၂၀၀၄ အောက်တိုဘာမှာတော့ ပထမအသင်းကြီးအတွက် ပထမဆုံးအကြိမ်ပွဲဦးထွက်ခွင့်ရခဲ့ပြီး အဲဒီကတည်းက ဘာစီလိုနာအတွက် ၁၆ နှစ်အတွင်း ပြိုင်ပွဲအရပ်ရပ်မှာ ပွဲ ၇၃၀ ကျော်ကစားပေးပြီး ၆၃၄ ဂိုးတောင် သွင်းပေးနိုင်ခဲ့တာပါ။

photo-credit

မကြာသေးခင်က ဘောလုံးအချက်အလက်ဝက်ဘ်ဆိုဒ်တစ်ခုဟာ ဥရောပထိပ်တန်းလိဂ် ၁၀ ရပ်ထဲမှာ လက်ရှိကစားနေသူတွေထဲက အသင်းတစ်သင်းအပေါ်မှာ သစ္စာအရှိဆုံးကစားသမား ၁၅ ယောက်ကို ရွေးထုတ်ဖော်ပြခဲ့ရာ အဲဒီထဲမှာ မက်ဆီက ဒုတိယနေရာကရှိနေတာပါ။ အသင်းတစ်သင်းမှာ နှစ်အလိုက်အရှည်ကြာဆုံးကစားနေမှုကို အခြေခံတဲ့အဲဒီစာရင်းမှာ CSKA က ရုရှားဂိုးသမားအကင်ဖိဗ်က ထိပ်ဆုံးကရှိနေပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်နိုဘယ်ကလည်း မက်ဆီနဲ့တန်းတူဖြစ်နေကာ ထိပ်ဆုံး ၁၀ ဦးထဲမှာ ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ်လည်း ပါဝင်ပါတယ်။

photo-credit

လက်ရှိဥရောပရဲ့သစ္စာအရှိဆုံးကစားသမားများ

၁။ အကင်ဖိဗ်(CSKA မော်စကို) ၁၇ နှစ်၊ ၇ လနဲ့ ၂၅ ရက်

၂။ မက်ဆီ(ဘာစီလိုနာ) ၁၆ နှစ်၊ ၇ လနဲ့ ၂၅ ရက်

၃။ မာ့ခ်နိုဘယ်(ဝက်စ်ဟမ်း) ၁၆ နှစ်၊ ၇ လနဲ့ ၂၅ ရက်

၄။ အယ်ဗာရက်ဇ်(ဆယ်တာဗီဂို) ၁၆ နှစ်၊ ၁ လနဲ့ ၂၆ ရက်

၅။ ဝိုင်ယာ(အိုဆာဆူနာ) ၁၅ နှစ်၊ ၁ လနဲ့ ၂၆ ရက်

၆။ မိုလင်(စိန့်အက်တီယန်) ၁၅ နှစ်၊ ၁ လနဲ့ ၂၆ ရက်

၇။ မက်နာနယ်လီ(ဆက်ဆူအိုလို) ၁၅ နှစ်၊ ၁ လနဲ့ ၂၆ ရက်

၈။ ချီရယ်လီနီ(ဂျူဗင်တပ်) ၁၅ နှစ်၊ ၁ လနဲ့ ၂၆ ရက်

၉။ ရာမို့စ်(ရီးရဲလ်မက်ဒရစ်) ၁၄ နှစ်၊ ၁၁ လနဲ့ ၂၆ ရက်

၁၀။ ဘော့ဆတ်(ဇူလ်တီဝါရီဂမ်) ၁၄ နှစ်၊ ၁ လနဲ့ ၂၆ ရက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

လက္ရွိဥေရာပမွာ ဒုတိယသစၥာအရွိဆုံးကစားသမားက မက္ဆီ

ဆယ္စုႏွစ္ႏွစ္ခုနီးပါး ကစားေပးခဲ့ၿပီးေနာက္မွာေတာ့ မက္ဆီဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္ကစားသမားဘ၀စတင္ခဲ့တဲ့ဘာစီလိုနာအသင္းကေန ထြက္ခြာခ်င္ေနပါတယ္။ ဒါေပမဲ့ လက္ရွိမွာ သူဟာ ဥေရာပမွာ ဒုတိယသစၥာအရွိဆုံးကစားသမားျဖစ္ေနပါတယ္။

မက္ဆီဟာ ၂၀၀၁ ခုႏွစ္မွာ ဘာစီလုိနာရဲ႕နာမည္ေက်ာ္လာမာစီယာအကယ္ဒမီကို မေျပာင္းခင္ လူငယ္ကစားသမားဘ၀အေစာပိုင္းကို ဇာတိကလပ္ျဖစ္တဲ့ နယူး၀ဲလ္အိုးဘြိဳင္းမွာ ျဖတ္သန္းခဲ့တာပါ။ အဲဒီေနာက္ ၂၀၀၄ ေအာက္တိုဘာမွာေတာ့ ပထမအသင္းႀကီးအတြက္ ပထမဆုံးအႀကိမ္ပြဲဦးထြက္ခြင့္ရခဲ့ၿပီး အဲဒီကတည္းက ဘာစီလုိနာအတြက္ ၁၆ ႏွစ္အတြင္း ၿပိဳင္ပြဲအရပ္ရပ္မွာ ပြဲ ၇၃၀ ေက်ာ္ကစားေပးၿပီး ၆၃၄ ဂိုးေတာင္ သြင္းေပးႏိုင္ခဲ့တာပါ။

မၾကာေသးခင္က ေဘာလုံးအခ်က္အလက္၀က္ဘ္ဆိုဒ္တစ္ခုဟာ ဥေရာပထိပ္တန္းလိဂ္ ၁၀ ရပ္ထဲမွာ လက္ရွိကစားေနသူေတြထဲက အသင္းတစ္သင္းအေပၚမွာ သစၥာအရွိဆုံးကစားသမား ၁၅ ေယာက္ကို ေရြးထုတ္ေဖာ္ျပခဲ့ရာ အဲဒီထဲမွာ မက္ဆီက ဒုတိယေနရာကရွိေနတာပါ။ အသင္းတစ္သင္းမွာ ႏွစ္အလိုက္အရွည္ၾကာဆုံးကစားေနမႈကို အေျခခံတဲ့အဲဒီစာရင္းမွာ CSKA က ရုရွားဂိုးသမားအကင္ဖိဗ္က ထိပ္ဆုံးကရွိေနၿပီး ၀က္စ္ဟမ္းအသင္းေခါင္းေဆာင္ႏိုဘယ္ကလည္း မက္ဆီနဲ႔တန္းတူျဖစ္ေနကာ ထိပ္ဆုံး ၁၀ ဦးထဲမွာ ရီးရဲလ္အသင္းေခါင္းေဆာင္ရာမို႔စ္လည္း ပါ၀င္ပါတယ္။

လက္ရွိဥေရာပရဲ႕သစၥာအရွိဆုံးကစားသမားမ်ား

၁။ အကင္ဖိဗ္(CSKA ေမာ္စကို) ၁၇ ႏွစ္၊ ၇ လနဲ႔ ၂၅ ရက္

၂။ မက္ဆီ(ဘာစီလိုနာ) ၁၆ ႏွစ္၊ ၇ လနဲ႔ ၂၅ ရက္

၃။ မာ့ခ္ႏိုဘယ္(၀က္စ္ဟမ္း) ၁၆ ႏွစ္၊ ၇ လနဲ႔ ၂၅ ရက္

၄။ အယ္ဗာရက္ဇ္(ဆယ္တာဗီဂို) ၁၆ ႏွစ္၊ ၁ လနဲ႔ ၂၆ ရက္

၅။ ၀ုိင္ယာ(အိုဆာဆူနာ) ၁၅ ႏွစ္၊ ၁ လနဲ႔ ၂၆ ရက္

၆။ မိုလင္(စိန္႔အက္တီယန္) ၁၅ ႏွစ္၊ ၁ လနဲ႔ ၂၆ ရက္

၇။ မက္နာနယ္လီ(ဆက္ဆူအိုလို) ၁၅ ႏွစ္၊ ၁ လနဲ႔ ၂၆ ရက္

၈။ ခ်ီရယ္လီနီ(ဂ်ဴဗင္တပ္) ၁၅ ႏွစ္၊ ၁ လနဲ႔ ၂၆ ရက္

၉။ ရာမို႔စ္(ရီးရဲလ္မက္ဒရစ္) ၁၄ ႏွစ္၊ ၁၁ လနဲ႔ ၂၆ ရက္

၁၀။ ေဘာ့ဆတ္(ဇူလ္တီ၀ါရီဂမ္) ၁၄ ႏွစ္၊ ၁ လနဲ႔ ၂၆ ရက္