
photo-tribuna
photo-REX
လက်ရှိလီဗာပူးအသင်းဟာ ရမှတ် ၁၀၀ နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးလောက် မကောင်းကြောင်း မန်ယူဂန္ထဝင်ပေါစခိုးလ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂွါဒီယိုလာလက်ထက် မန်စီးတီးဟာ ၂၀၁၇-၁၈ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ရမှတ် ၁၀၀ နဲ့ ဗိုလ်စွဲခဲ့တာပါ။ ဒါ့အပြင် မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ပြန်ပါတယ်။
photo-gettyimages
ဒါပေမဲ့ အခုရာသီမှာတော့ လီဗာပူးကသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရလုနီးပါးဖြစ်နေတာပါ။ နည်းပြကလော့ပ်ရဲ့အသင်းဟာ လက်ရှိချန်ပီယံမန်စီးတီးကို ၂၂ မှတ်ဖြတ်ဦးဆောင်နိုင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အချိန် လီဗာပူးချန်ပီယံဖြစ်မယ်ဆိုတာကို စောင့်ရဖို့ပဲ ရှိပါတော့တယ်။ ဒီလိုအချိန်မှာ ပေါစခိုးလ်က လက်ရှိလီဗာပူးဟာ အမှတ်ရာပြည့်နဲ့ ဗိုလ်စွဲခဲ့တဲ့မန်စီးတီးလောက် ဘာကြောင့်မကောင်းသလဲဆိုတာကို အကြောင်းပြချက်ကောင်းကောင်းနဲ့ ပြောလိုက်ပါတယ်။
photo-gettyimages
BBC ရဲ့အားကစားဆိုင်ရာအစီအစဉ်တစ်ခုမှာ လက်ရှိလီဗာပူးဟာ ၂၀၁၇-၁၈ ရာသီက မန်စီးတီးထက် ပိုကောင်းသလားလို့ မေးမြန်းလာတော့ ပေါစခိုးလ်က”နိုး၊ ထူးထူးခြားခြားကြီး ပိုမကောင်းပါဘူး။ လက်ရှိလီဗာပူးထက် ဂွါဒီယိုလာရဲ့အသင်းက ပိုကောင်းတဲ့ဘောလုံးကိုအမြဲကစားနိုင်တယ်လို့ ကျွန်တော်ထင်နေတုန်းပါပဲ။ အခုလီဗာပူးက အမှတ်ရအောင်ယူတာပဲရှိပါတယ်။ အဲဒါကို သွားရောထွေးလို့မရပါဘူး”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။
[Zawgyi]
လက္ရွိလီဗာပူးဟာ အမွတ္ ၁၀၀ ရခဲ့တဲ့ ၂၀၁၇-၁၈ က မန္စီးတီးေလာက္မေကာင္းေၾကာင္း စခုိးလ္ေျပာ
လက္ရွိလီဗာပူးအသင္းဟာ ရမွတ္ ၁၀၀ နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ မန္စီးတီးေလာက္ မေကာင္းေၾကာင္း မန္ယူဂႏၳ၀င္ေပါစခိုးလ္က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဂြါဒီယုိလာလက္ထက္ မန္စီးတီးဟာ ၂၀၁၇-၁၈ ရာသီတုန္းက ပရီးမီးယားလိဂ္မွာ ရမွတ္ ၁၀၀ နဲ႔ ဗုိလ္စြဲခဲ့တာပါ။ ဒါ့အျပင္ မန္စီးတီးဟာ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဆုကာကြယ္ႏိုင္ခဲ့ျပန္ပါတယ္။
ဒါေပမဲ့ အခုရာသီမွာေတာ့ လီဗာပူးကသာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရလုနီးပါးျဖစ္ေနတာပါ။ နည္းျပကေလာ့ပ္ရဲ႕အသင္းဟာ လက္ရွိခ်န္ပီယံမန္စီးတီးကို ၂၂ မွတ္ျဖတ္ဦးေဆာင္ႏိုင္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္အခ်ိန္ လီဗာပူးခ်န္ပီယံျဖစ္မယ္ဆုိတာကို ေစာင့္ရဖို႔ပဲ ရွိပါေတာ့တယ္။ ဒီလိုအခ်ိန္မွာ ေပါစခိုးလ္က လက္ရွိလီဗာပူးဟာ အမွတ္ရာျပည့္နဲ႔ ဗုိလ္စြဲခဲ့တဲ့မန္စီးတီးေလာက္ ဘာေၾကာင့္မေကာင္းသလဲဆုိတာကို အေၾကာင္းျပခ်က္ေကာင္းေကာင္းနဲ႔ ေျပာလိုက္ပါတယ္။
BBC ရဲ႕အားကစားဆုိင္ရာအစီအစဥ္တစ္ခုမွာ လက္ရွိလီဗာပူးဟာ ၂၀၁၇-၁၈ ရာသီက မန္စီးတီးထက္ ပိုေကာင္းသလားလုိ႔ ေမးျမန္းလာေတာ့ ေပါစခုိးလ္က”ႏိုး၊ ထူးထူးျခားျခားႀကီး ပိုမေကာငး္ပါဘူး။ လက္ရွိလီဗာပူးထက္ ဂြါဒီယိုလာရဲ႕အသင္းက ပိုေကာင္းတဲ့ေဘာလုံးကိုအၿမဲကစားႏိုင္တယ္လို႔ ကၽြန္ေတာ္ထင္ေနတုန္းပါပဲ။ အခုလီဗာပူးက အမွတ္ရေအာင္ယူတာပဲရွိပါတယ္။ အဲဒါကို သြားေရာေထြးလို႔မရပါဘူး”လို႔ ျပန္လည္ေျဖၾကားခဲ့တာပါ။