လက်ရှိလီဗာပူးတိုက်စစ်ရဲသုံးဖော်ထက် အရင်မန်ယူတိုက်စစ်ရဲသုံးဖော်က ပိုကောင်းကြောင်း ပရိသတ်တွေမဲပေး

photo-sportbible

photo-gettyimges

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ဦးဆောင်နေကာ ပြီးခဲ့တဲ့ရာသီကလည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲထားတာကြောင့် ဖာမီနို၊မာနီနဲ့ဆာလာတို့ရဲ့လီဗာပူးတိုက်စစ်ရဲသုံးဖော်ဟာ လက်ရှိဘောလုံးလောကမှာ အကောင်းဆုံးတိုက်စစ်အစုအဖွဲ့လို့ဆိုနိုင်ပြီး ဘယ်အသင်းနဲ့မဆို ယှဉ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်ရဲသုံးဖော်တွေထဲက တစ်ခုနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဘယ်လိုနေမလဲ။ ဒီတစ်ပတ်ပရီးမီယားလိဂ်မှာ မန်ယူနဲ့လီဗာပူးတို့ရဲ့တွေ့ဆုံမှုရှိနေတာကြောင့် နာမည်ကြီးအားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ Sky Sports ဟာ တစ်ချိန်က လျှမ်းလျှမ်းတောင်ဖြစ်ခဲ့တဲ့ ရူနီ၊တီဗက်ဇ်နဲ့စီရော်နယ်ဒိုတို့ရဲ့မန်ယူတိုက်စစ်နဲ့ လက်ရှိလီဗာပူးတိုက်စစ် ဘယ်သူပိုကောင်းသလဲဆိုတာကို အွန်လိုင်းပေါ်မှာ ပရိသတ်တွေဆီက ဆန္ဒမဲကောက်ယူလိုက်ပါတယ်။

photo-gettyimages

အဲဒီမှာ အွန်လိုင်းမဲပေးမှု ၇၅၆၂၇ ခုရှိခဲ့ပါတယ်။ အဲဒီထဲကနေပဲ ၇၀ ရာခိုင်နှုန်းက ရူနီ၊စီရော်နယ်ဒိုနဲ့တီဗက်ဇ်တို့ရဲ့ ဂန္ထဝင်မန်ယူတိုက်စစ်ရဲသုံးဖော်ကို မဲပေးခဲ့ကြကာ ဖာမီနို၊မာနီနဲ့ဆာလာတို့ရဲ့လီဗာပူးတိုက်စစ်ရဲသုံးဖော်ကတော့ မဲပေးမှုရဲ့ ၃၀ ရာခိုင်နှုန်းသာရခဲ့ပါတယ်။ တကယ်ဆိုရင် ဂိုးသွင်းအားမှာ ဆာလာ၊မာနီနဲ့ဖာမီနိုတို့ရဲ့လီဗာပူးတိုက်စစ်က တစ်ချိန်က ရူနီ၊စီရော်နယ်ဒိုနဲ့တီဗက်ဇ်တို့ရဲ့မန်ယူတိုက်စစ်ထက် ပိုကောင်းခဲ့တာပါ။

photo-gettyimages

ကလော့ပ်ရဲ့လီဗာပူးတိုက်စစ်အတွဲဟာ ၂၀၁၇-၁၈ ရာသီမှာ ၉၁ ဂိုးသွင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း ၆၁ ဂိုးသွင်းနိုင်ခဲ့တာပါ။ ဖာဂူဆန်ရဲ့ ၃ ယောက်တွဲတိုက်စစ်ကတော့ ဖလား ၂ လုံးရတဲ့ရာသီမှာ ၇၉ ဂိုးသွင်းနိုင်ခဲ့ကာ ဒုတိယမြောက်ရာသီမှာတော့ ၆၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ခေတ်သစ်လီဗာပူးတိုက်စစ်က တစ်ချိန်က ကျော်ကြားခဲ့တဲ့မန်ယူတိုက်စစ်ထက် ၂ ရာသီပေါင်းမှာ ဂိုး ၂၀ ကျော်ပိုသွင်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဖာဂူဆန်ရဲ့အသင်းက အဲဒီ ၂ ရာသီစလုံးမှာ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလား ၄ လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

[Zawgyi]

လက္ရွိလီဗာပူးတုိက္စစ္ရဲသုံးေဖာ္ထက္ အရင္မန္ယူတုိက္စစ္ရဲသုံးေဖာ္က ပိုေကာင္းေၾကာင္း ပရိသတ္ေတြမဲေပး

ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ဦးေဆာင္ေနကာ ၿပီးခဲ့တဲ့ရာသီကလည္း ခ်န္ပီယံလိဂ္မွာ ဗုိလ္စြဲထားတာေၾကာင့္ ဖာမီႏုိ၊မာနီနဲ႔ဆာလာတို႔ရဲ႕လီဗာပူးတိုက္စစ္ရဲသုံးေဖာ္ဟာ လက္ရွိေဘာလုံးေလာကမွာ အေကာင္းဆုံးတိုက္စစ္အစုအဖြဲ႕လုိ႔ဆိုႏိုင္ၿပီး ဘယ္အသင္းနဲ႔မဆုိ ယွဥ္ႏိုင္စြမ္းရွိပါတယ္။ ဒါေပမဲ့ သူတို႔ဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးတုိက္စစ္ရဲသုံးေဖာ္ေတြထဲက တစ္ခုနဲ႔ ယွဥ္လုိက္မယ္ဆုိရင္ ဘယ္လုိေနမလဲ။ ဒီတစ္ပတ္ပရီးမီယားလိဂ္မွာ မန္ယူနဲ႔လီဗာပူးတုိ႔ရဲ႕ေတြ႕ဆုံမႈရွိေနတာေၾကာင့္ နာမည္ႀကီးအားကစားသတင္းဌာနတစ္ခုျဖစ္တဲ့ Sky Sports ဟာ တစ္ခ်ိန္က လွ်မ္းလွ်မ္းေတာင္ျဖစ္ခဲ့တဲ့ ရူနီ၊တီဗက္ဇ္နဲ႔စီေရာ္နယ္ဒိုတို႔ရဲ႕မန္ယူတိုက္စစ္နဲ႔ လက္ရွိလီဗာပူးတိုက္စစ္ ဘယ္သူပိုေကာင္းသလဲဆုိတာကို အြန္လိုင္းေပၚမွာ ပရိသတ္ေတြဆီက ဆႏၵမဲေကာက္ယူလုိက္ပါတယ္။

အဲဒီမွာ အြန္လိုင္းမဲေပးမႈ ၇၅၆၂၇ ခုရွိခဲ့ပါတယ္။ အဲဒီထဲကေနပဲ ၇၀ ရာခုိင္ႏႈန္းက ရူနီ၊စီေရာ္နယ္ဒိုနဲ႔တီဗက္ဇ္တို႔ရဲ႕ ဂႏၳ၀င္မန္ယူတိုက္စစ္ရဲသုံးေဖာ္ကို မဲေပးခဲ့ၾကကာ ဖာမီႏို၊မာနီနဲ႔ဆာလာတုိ႔ရဲ႕လီဗာပူးတုိက္စစ္ရဲသုံးေဖာ္ကေတာ့ မဲေပးမႈရဲ႕ ၃၀ ရာခုိင္ႏႈန္းသာရခဲ့ပါတယ္။ တကယ္ဆိုရင္ ဂိုးသြင္းအားမွာ ဆာလာ၊မာနီန႔ဲဖာမီႏိုတို႔ရဲ႕လီဗာပူးတုိက္စစ္က တစ္ခ်ိန္က ရူနီ၊စီေရာ္နယ္ဒိုနဲ႔တီဗက္ဇ္တို႔ရဲ႕မန္ယူတိုက္စစ္ထက္ ပိုေကာင္းခဲ့တာပါ။

ကေလာ့ပ္ရဲ႕လီဗာပူးတုိက္စစ္အတြဲဟာ ၂၀၁၇-၁၈ ရာသီမွာ ၉၁ ဂိုးသြင္းခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီမွာလည္း ၆၁ ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဖာဂူဆန္ရဲ႕ ၃ ေယာက္တြဲတိုက္စစ္ကေတာ့ ဖလား ၂ လုံးရတဲ့ရာသီမွာ ၇၉ ဂိုးသြင္းႏိုင္ခဲ့ကာ ဒုတိယေျမာက္ရာသီမွာေတာ့ ၆၁ ဂိုးသြင္းႏိုင္ခ့ဲပါတယ္။ ဒါေၾကာင့္ ေခတ္သစ္လီဗာပူးတိုက္စစ္က တစ္ခ်ိန္က ေက်ာ္ၾကားခဲ့တဲ့မန္ယူတိုက္စစ္ထက္ ၂ ရာသီေပါင္းမွာ ဂိုး ၂၀ ေက်ာ္ပိုသြင္းႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ဖာဂူဆန္ရဲ႕အသင္းက အဲဒီ ၂ ရာသီစလုံးမွာ ခ်န္ပီယံလိဂ္အပါအ၀င္ အဓိကဆုဖလား ၄ လုံးဆြတ္ခူးႏိုင္ခဲ့ပါတယ္။